Day: November 15, 2019

Unistores Mobile Application ကိုမိတ်ဆက်

Unilink အိမ်သုံးအင်တာနက် အသုံးပြုသူတွေအတွက် ငွေ ပေးချေမှု အဆင်ပြေစေဖို့ရည် ရွယ်ကာ Unistores Mobile Application ကို မိတ်ဆက် ခဲ့ပါတယ်။ Unistores မိုဘိုင်း App မှာဖိုက်ဘာအင်တာနက်လိုင်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှုပြုလုပ်နိုင်သလို နှစ် ကူးအထူးအစီတွေကိုလည်း ရ ရှိမှာဖြစ်ကြောင်း သိရပါတယ်။ “Unistores မိုဘိုင်း App ကိုအ ခုမှစမိတ်ဆက်တာပါ၊ ဒီ App ကိုအသုံးပြုပြီးတော့ ဝန်ဆောင် မှုတွေအတွက် အွန်လိုင်းကနေ ငွေ ပေးချေနိုင်ပါတယ်၊ ပြီးတော့ ဒီ မိုဘိုင်း App ကိုအသုံးပြုပြီးတော့ Smart Home Device တွေနဲ့ ချိတ်ဆက်ပြီး မိမိအိမ်အခြေအ နေတွေကို အချိန်မရွေးကြည့်လို့ရ ပါတယ်” လို့ Myanmar Unilink Communication […]

Read More

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို Computer Assisted Personal Interviewing စနစ်ဖြင့်ကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် Mobile Tablet အသုံးပြုကာ ကောက်ယူသွားမှာြဖစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှ တစ်ဆင့် သိရပါတယ်။ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမှာဖြစ်ပြီး နိုဝင်ဘာလမှစတင်၍ ၄ သုတ်ခွဲကာ ကောက်ယူသွားမယ်လို့ သိရပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို ယခင် ကောက်ယူခဲ့တဲ့မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမှာမဟုတ်ဘဲ Mobile Tablet ကိုအသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူသည့်စနစ် (Computer – assisted Personal Interviewing – CAPI ) စနစ်ဖြင့် ကောက်ယူသွားမှာြဖစ်တယ်လို့ သိရပါတယ်။ Mobile Tablet ကို […]

Read More

 စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဉ် (၅) ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှကြီးမှူးပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Creating Writing and Editing) အပတ်စဉ် (၅)ကို ဒီဇင်ဘာ ၉ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ သင်တန်းတွင် စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသပညာ၊ စာပေတည်းဖြတ်ခြင်း၊ ဘာသာပြန်၊ စာပေပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း အခြေခံတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ဖြစ်ပါတယ်။ သင်တန်းချိန်မှာ နံနက် ၇ နာရီခွဲ မှ ၉ နာရီခွဲ အထိ ဖြစ်ပြီး တနင်္လာမှ သောကြာ အထိ တက်ရောက်ရမှာပါ။ နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူတွေ တက်ရောက်နိုင်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၈ ရက် မှစတင်လက်ခံမှာ […]

Read More

ယူကေအဆင့်မြင့်ပညာရေး စိတ်ဝင်စားသူများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများ

ဗြိတိသျှကောင်စီမှ စတင်သင်ကြားပို့ချမယ့် “Study UK: Prepare to study and live in the UK” အွန်လိုင်းသင်တန်းကို မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာတော့ Certificate of Achievement ကိုပါ ရရှိနိုင်မှာပါ။ အဆိုပါ အွန်လိုင်းသင်တန်း တွေကတော့ လာမယ့် ၂၀၂၀ ခုနှစ်တွင် ယူကေနိုင်ငံရှိတက္ကသိုလ်တွေ မှာ သွားရောက်ပညာသင်ယူမယ့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ ယူကေအဆင့် မြင့်ပညာရေးအကြောင်း စိတ်ပါ ၀င်စားသော နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ လက်ရှိ ယူကေမှာ ပညာသင် ကြားနေပြီး စာပေဆိုင်ရာ စွမ်းရည်နဲ့ ဗဟုသုတ တိုးတက်လိုသူများအပြင် အခြားနိုင်ငံ တကာ ပညာရေးအား စိတ်ဝင် […]

Read More

METRO Wholesale Myanmar မှ ရှမ်းပြည်နယ်ရှိ စိုက်ပျိုးတောင်သူ ၄၈ ဦးအား GAP လက်မှတ်များပေးအပ်

အွန်လိုင်းပေါ်မှလက်ကားစျေးရောင်းပြီး အိမ်အရောက် လိုက်လံပို့ဆောင်ပေးသော ၀န်ဆောင်မှုပေးလျက်ရှိတဲ့ METRO Wholesale Myanmar မှ ရှမ်းပြည်နယ်ရှိစိုက်ပျိုးတောင်သူ ၄၈ ဦးကို မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှု GAP လက်မှတ် ပေးအပ်ချီးမြှင့်ပွဲကို နို၀င်ဘာလ ၁၄ ရက်က အောင်ပန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ယမန်နှစ်အတွင်းက ရှမ်းပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူ (၂၀၀) ကျော်အား သီးနှံစိုက်ပျိုးထုတ်လုပ်ရေး မွမ်းမံသင်တန်းများ ပို့ချပေးခဲ့ရာ (၆၂) ဦးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပေးအပ်တဲ့ GAP အသိအမှတ်ပြုလက်မှတ်များကို အောင်မြင်စွာ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သီးနှံရိတ်သိမ်းမှုပုံစံနဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း တွေအတွက် သင်တန်းတွေပံ့ပိုးပေးခြင်းဖြင့် ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေကို ကုမ္ပဏီရဲ့ နိုင်ငံတကာချိတ်ဆက်လမ်းကြောင်းတွေကနေတစ်ဆင့် နိုင်ငံရပ်ခြားအထိ […]

Read More

Soccer Manager 2020- Football Management Game

ဒီဂိမ်းမှာ ကမ္ဘာတစ်ဝန်းရှိ ၃၃ နိုင်ငံက ကလပ်ပေါင်း ၈၀၀ ပါဝင်လာပါတယ်။ ကစားသူက စိတ်ကြိုက် အသင်းတစ်သင်းကို ရွေးချယ်ပြီး ထိပ်တန်း ၁၁ ယောက်ကို တည်ဆောက်နိုင်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Sky Garden ZingPlay

သစ်ပင်နဲ့ ပန်းတွေပါဝင်တဲ့ ကမ္ဘာထဲမှာ ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူ ပန်းနဲ့သစ်ပင်တွေများစွာ စိုက်ပျိုးရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Z War-Zombie Modern Combat

ဇွန်ဘီတွေကို တိုက်ခိုက်ရမယ့် ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဇွန်ဘီတွေကို သုတ်သင်ရှင်းလင်းရမယ့် MMORPG ဂိမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Kiss of War

ဒုတိယကမ္ဘာစစ်မှာ အခြေထိုင်ထားတဲ့ Kiss of War ဟာ strategy စစ်ပွဲဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ ဂိမ်းက ထူးခြားတဲ့ အမျိုးသမီးအဖွဲ့နဲ့သက်ဆိုင် ပါတယ်။ လျို့ဝှက်အေးဂျင့်အဖွဲ့ အစည်းမှာပါဝင်တဲ့ အမျိုးသမီး အဖွဲ့က မဟာမိတ်တွေကို ကူညီပြီး ကျူးကျော်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Fishing Warrior Online

ကလပ်စစ် Arcade ငါးဖမ်းဂိမ်းဖြစ်ပြီး ရွှေတွေလည်း အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ 3D effect ကလည်း အလွန်မိုက်ပြီး ကာဆီနိုငါးဖမ်းဂိမ်းရဲ့ ခံစားမှုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More