Day: November 13, 2019

မန္တလေးတက္ကသိုလ် လူမှုသုတေသန ဒီပလိုမာသင်တန်း ၁/၂၀၁၉ သင်တန်းလျှောက်လွှာခေါ်ယူ

မန္တလေးတက္ကသိုလ် မနုဿဗေဒဌာန မှ လူမှုသုတေသနဒီပလိုမာသင်တန်း (Diploma in Social Research – DSR) ၁/၂၀၁၉ အတွက် သင်တန်းလျှောက်လွှာခေါ်ယူနေပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး လျှောက်ထားလိုသူတွေဟာ တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရပါမယ်။ သင်တန်းကာလမှာ ၁၈ လဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ၊ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ မှ ၂၀၂၀ မေ အထိ ပထမနှစ်ဝက်၊ ၂၀၂၀ ဇွန် မှ ၂၀၂၀ ဒီဇင်ဘာ အထိ ဒုတိယနှစ်ဝက်၊ ၂၀၂၀ ဒီဇင်ဘာ မှ ၂၀၂၁ မေ အထိ […]

Read More

Photography Myanmar

ဓာတ်ပုံရိုက်ကူးနည်းတွေကို လေ့လာနိုင်မှာဖြစ်သလို မိမိရိုက်ကူးထားတဲ့ Street photography ဓာတ်ပုံတွေကိုလည်း တင်နိုင်မယ့် App ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်ကဲ့သို့ ဓာတ်ပုံရိုက်ကူးနည်းပညာရပ်ဆိုင်ရာတွေကို ကဏ္ဍအလိုက် လေ့လာနိုင်မှာဖြစ်သလို အပျော်တမ်းဓာတ်ပုံရိုက် ဝါသနာပါသူတွေအနေနဲ့လည်း မိမိကိုယ်တိုင်ရိုက်ကူးထားတဲ့ Street Photography ဓာတ်ပုံတွေကို Facebook Profile နဲ့ တွဲပြီး တင်ထားနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Xperia 3 ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်

Sony Mobile ဟာ တတိယသုံးလပတ်မှာ ထုတ်ကုန်ရောင်းအား ၃၂ ရာခိုင်နှုန်းပဲ ရှိတော့ပေမယ့် စမတ်ဖုန်းထုတ်လုပ်မှုကတော့ မရပ်တန့်သေးပါဘူး။ Sony Mobile အနေနဲ့ ထုတ်ကုန်သစ်ကို ဖြန့်ချိဖို့ စီစဉ်နေပြီး Xperia 3 လို့ခေါ်ဆိုမယ်လို့ သိရပါတယ်။ ထုတ်ကုန်သစ်မှာ Snapdragon 865 ပါဝင်လာဖွယ်ရှိပါတယ်။ Xperia 3 ရဲ့သရုပ်ဖော်ပုံအသစ်မှာ ရှေ့ဘက်က ညီညာပြန့်ပြူးပြီး ကျောဘက်မှာ အကွေးဒီဇိုင်းကို အသုံးပြုထားပါတယ်။ Xperia 3 ရဲ့ဒီဇိုင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထုတ်လုပ်ခဲ့တဲ့ Xperia Arc နဲ့ဆင်တူပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင် CinemaWide panel နဲ့အတူ 21:9 ရုပ်ထွက်အရည်အသွေးအသုံးပြုကာ notch ဒါမှမဟုတ် pop-up mechanism တွေလည်း မပါဝင်ပါဘူး။ မျက်နှာပြင်ကတော့ OLED […]

Read More

Minecraft Earth ကို နိုင်ငံပေါင်းများစွာမှာ ဖြန့်ချိထား

Minecraft Earth ကို မေလမှာ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီးနောက် beta ဗားရှင်းကို ဖြန့်ချိခဲ့ပါတယ်။ Minecraft Earth ကို ကနေဒါ၊ မက္ကဆီကို၊ နယူးဇီလန်၊ ယူကေနဲ့ အခြားနိုင်ငံတွေမှာ ပထမဆုံးအဖြစ် ကမ္ဘာတစ်လွှားကို ဖြည်းဖြည်းချင်း ဖြန့်ချိခဲ့ပါတယ်။ အခုအခါမှာတော့ အမေရိကန်နိုင်ငံအတွက် iOS နဲ့ Android ဗားရှင်း၂ ခုစလုံးကို ဖြန့်ချိလိုက်ပါတယ်။ Minecraft Earth ဟာ Pokemon Go လိုမျိုး AR အခြေခံဂိမ်းဖြစ်ပါတယ်။ ကစားသူက ဘလော့တုံးတွေနဲ့ နှစ်သက်တဲ့အရာကို တည်ဆောက်နိုင်ပါတယ်။ ကစားသူအနေနဲ့ နေအိမ်အလယ်မှာ ဘလော့တုံးတွေ တည်ဆောက်ပြီး အရာဝတ္ထုများစွာ ထည့်သွင်းဖန်တီးနိုင်ပါတယ်။ Minecraft Earth မှာ အချိန်အကန့်အသတ် စွန့်စားခန်းတွေ ပါဝင်ပြီး Minecraft ကမ္ဘာကို တကယ့်ဘဝအတွင်းမှာ […]

Read More

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ မဟာဝိဇ္ဇာနှင့် ဒီပလိုမာသင်တန်းသားခေါ်ယူ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာအချိန်ပြည့် ၂ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း၊ ဒီပလိုမာ အချိန်ပြည့် ၁ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ) ၊ အချိန်ပြည့် ၂ နှစ်သင်တန်း (အီတာလျံ၊ စပိန်ဘာသာ)၊ အချိန်ပိုင်း ၂ နှစ်သင်တန်း (အထွေထွေဘာသာဗေဒ) နဲ့ အချိန်ပိုင်း ၄ နှစ်သင်တန်း (တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ ထိုင်းဘာသာ)တွေကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းတွေကတော့ တစ်ပတ် ငါးရက်၊ တနင်္လာမှ သောကြာအထိ တက်ရောက်ရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာ အချိန်ပြည့် သင်တန်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အထိ၊ အီတာလျံနဲ့ […]

Read More

MacBook Pro အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Apple

Apple ဟာ မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားပြီး အသစ်ပြင်ဆင်ထားတဲ့ keyboard ပါဝင်တဲ့ MacBook Pro ကို အခုတစ်ပတ်အတွင်း မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Apple ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ MacBook Pro အသစ်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိတ်ဆက်ခဲ့ပါတယ်။ Apple ဟာ ၁၅ လက်မ မျက်နှာပြင်ကနေ အရည်အသွေးမြင့်မားတဲ့ ၁၆ လက်မ မျက်နှာပြင်ကို ထည့်သွင်းမယ်လို့ အစီအစဉ်ကို သိရှိသူတွေက ပြောခဲ့ပါတယ်။ Apple MacBook Pro အသစ်ရဲ့ display ဟာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တည်းဖြတ်သူနဲ့ ဂိမ်မာနဲ့ software developer တွေကို နှစ်သက်သူတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ Apple MacBook […]

Read More

ဘွဲ့လွန်အသုံးချကွန်ပျူတာ ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနမှ ဘွဲ့လွန်အသုံးချကွန်ပျူတာ ဒီပလိုမာသင်တန်း (Post Graduate Diploma in Computer Application -PGDCA) ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၇ ရက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားတက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကတော့ စာသင်နှစ်ဝက် ၂ ခုနဲ့ Project ကာလ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ စနေ၊ တနင်္ဂနွေ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၂၅ ရက်မှ စတင် လက်ခံမှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာပါ။ သင်တန်းသား ဦးရေ ၁၀၀ သာလက်ခံပေးမှာဖြစ်ပါတယ်။ […]

Read More

TikTok လိုမျိုး ဗီဒီယို tool အသစ်တစ်ခုကို Instagram မိတ်ဆက်

Instagram ဟာ Reels အမည်ရ ဗီဒီယို tool သစ်တစ်ခုကို ဖြန့်ချိလိုက်ပြီး အဲဒီ feature က TikTok နဲ့ အလွန်ဆင်ပါတယ်။ လက်ရှိမှာ ဘရာဇီးမှာ စမ်းသပ်နေတဲ့ Reels ကို Instagram Stories အတွင်းအသုံးပြုနိုင်ပါမယ်။ အဲဒီ feature မှာ ၁၅ စက္ကန့် ဗီဒီယိုကို ဖန်တီးဖို့ ဗီဒီယို editing tool တွေနဲ့သီချင်းတွေကို အသုံးပြုနိုင်ပါတယ်။ Instagram အနေနဲ့ အလားတူ feature တစ်ခုကို စမ်းသပ်နေတယ်လို့ စက်တင်ဘာလက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ TechCrunch နဲ့ Variety က Reels ကိုပထမဆုံးဖော်ပြခဲ့ပြီး တရုတ်လူမှုရေးမီဒီယာ app TikTok နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ […]

Read More

စတင် ဖြန့်ချိတဲ့ရက်မှာ နည်းပညာအခက်အခဲတွေနဲ့ ကြုံတွေခဲ့တဲ့ Disney+

Disney ဟာ နိုဝင်ဘာ ၁၂ ရက်မှာ Disney+ ဗီဒီယိုလွှင့်တင်ရေးဝန်ဆောင်မှုကို စတင် ဖြန့်ချိလိုက်ပါတယ်။ Disney အနေနဲ့ Disney+ ကိုအမြည်းမိတ်ဆက်အပြီး ၁ နှစ်အကြာ ဖြန့်ချိခဲ့ပြီး သုံးစွဲသူတွေအတွက် များပြားတဲ့ content တွေပါဝင်မယ်လို့ ကတိပေးထားပါတယ်။ အခုဆိုရင် သုံးစွဲသူတွေက Disney+ ကို အခမဲ့ စမ်းသပ်သုံးစွဲနိုင်ပြီး လစဉ်ကြေးပေးသွင်းကာ ရုပ်ရှင်နဲ့ တီဗီအစီအစဉ် ရာပေါင်းများစွာ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း Disney+ ဟာ စတင်နေ့မှာပဲ နည်းပညာအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပထမဆုံး သုံးစွဲသူအများအပြားဟာ error message တွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ သုံးစွဲသူများစွာက login ဝင်လို့မရဘူးလို့ DownDetector ကဖော်ပြခဲ့ပါတယ်။ တချို့ထုတ်ကုန်တွေမှာ Disney+ ကိုအသုံးပြုလို့မရသလို အခြားထုတ်ကုန်မှာလည်း error တွေနဲ့ […]

Read More