Day: November 8, 2019

ရသအိမ်စာစုများ – Ya Tha Eain

မိုဘိုင်းဖုန်းမှတစ်ဆင့် အခမဲ့နဲ့ အခပေး ပရီမီယံ၀တ္ထုတိုများကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဆရာမင်းခိုက်စိုးစံ၊ ဆရာမြသန်းတင့်၊ ဆရာမောင်းထွန်းသူ အစရှိတဲ့ နာမည်ကြီးစာရေးဆရာပေါင်းများစွာရဲ့ ၀တ္ထုတိုပေါင်း ၃၀၀ ကျော်ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ တယ်လီနောဆင်းမ်ကတ် သုံးသူတွေအနေနဲ့ အခပေး၀တ္ထုတွေကို အပတ်စဥ် ၄၄၁ ကျပ်နဲ့ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Xiaomi Redmi 8A

Price : 159,000 Ks အားသာချက် ကောင်းမွန်တဲ့ ကင်မရာ၊ ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိတာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ပေးရတဲ့ဈေးနဲ့ဆိုရင် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်သလို USB Type-C အသုံးပြုထားက နှစ်သက်စရာပါ။ အားနည်းချက် လက်ဗွေစနစ်တော့ ထောက်ပံ့ပါဝင်မှု မရှိပါဘူး။ ကင်မရာစနစ်က နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ low-light ရိုက်ကူးမှုပိုင်းကတော့ အနည်းငယ် အားနည်းတယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက MIUI ads တွေ အများကြီးဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည် ဒီဖုန်းမှာ သူ့အရင်ဗားရှင်း Redmi 7A မှာပဲသုံးခဲ့တဲ့ မြန်ဆန်တဲ့ CPU စနစ်ကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။ အမြန်နှုန်း 2.1 GHz […]

Read More

ကမ္ဘာစက်ရုပ်စနစ် အမျိုးမျိုး တံခွန်စိုက်ပြိုင်ပွဲ

စတုတ္ထခေတ်ပြောင်း တော်လှန်ရေးလို့ သတ်မှတ်ပြောဆိုနေကြတဲ့ Industry 4.0 အတွက် နည်းပညာ (၉) မျိုးက ထောက်တိုင်များသဖွယ် အထောက်အပံ့ ပြုနေကြမှာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ၂၁ ရာစုနှစ်အတွင်း တိုးတက် ဖြစ်ထွန်းမှုများအတွက် နည်းပညာ (၉) မျိုးကို အသုံးချခွင့် ရကြစေပါလိမ့်မယ်။ ထုထည်ပမာဏ ကြီးမားလှတဲ့ သတင်းအချက်အလက်များ ထားရှိစေကာ ဆန်းစစ်မှုများ ပြုလုပ်ခွင့်ရစေမယ့် နည်းပညာ (Big data and analytic)၊ ချဲ့ထွင်တွေ့ရှိနိုင်စေရေး နည်းပညာ (Augmented reality) ၊ သိုမှီးစနစ်ကြီးကို အမှီပြုကာ အင်တာနက်ကတစ်ဆင့် သတင်းအချက်အလက်များနဲ့ အသုံးချပရိုဂရမ်များကို အသုံးချခွင့်ပေးတဲ့ နည်းပညာ (The Cloud)၊ ကွန်ရက်လုံခြုံရေးဆိုင်ရာ နည်းပညာ (Cybersecurity)၊ အဖြည့်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ (Additive […]

Read More

ဖုန်းထဲမှာဆောင်ထားသင့်တဲ့ အသုံးဝင်လှတဲ့ Android App များ

ပြည်တွင်းက App ရေးသားသူတွေရဲ့ အသုံးဝင်လှတဲ့ Android OS စနစ်သုံး App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဖုန်းထဲကနေ လျှပ်စစ်မီတာခ ကြည့်ရှုတာတွေ၊ အော်ပရေတာ အားလုံးရဲ့ ဆင်းမ်ကတ်တွေကို ငွေဖြည့်သွင်းတာတွေ၊ အလုပ်အကိုင်ရှာတာတွေ၊ ဂီတာကော့ဒ်နဲ့ သီချင်းတွေရှာဖွေတာတွေ၊ ကျန်းမာရေး၊ အောင်မြင်ရေး စိတ်ဓာတ်ခွန်အားဆိုင်ရာ၊ ပြည်တွင်း ငွေလဲလှယ်နှုန်းစတာတွေကို App ကနေ အလွယ်တကူပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ၊ အစားအသောက်ဆိုင်ရာ၊ ချက်နည်းပြုတ်နည်းနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာဆိုင်ရာတွေအပြင် စာအုပ်တွေကို ဖတ်စရာမလိုဘဲ အသံနဲ့နားဆင်နိုင်မယ့် App တွေပါဝင်ပါတယ်။ Electric Bill Calculator လျှပ်စစ်မီတာခ ကျသင့်ငွေပမာဏကို အလွယ်တကူ တွက်ချက်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ သုံးစွဲတဲ့ မီတာယူနစ်ပေါ် မူတည်ကာ အိမ်သုံးအတွက်နဲ့ လုပ်ငန်းသုံးနှစ်မျိုးလုံးအတွက် လျှပ်စစ်မီတာခ ကျသင့်ငွေကို […]

Read More

အာကာသမှတစ်ဆင့် နေရောင်ခြည်စွမ်းအင်ကို ရယူအသုံးချခြင်းနည်းလမ်း

အာကာသ အခြေပြုဆိုလာ စွမ်းအင် (Space-based solar power-SBSP) ဆိုသည်မှာ စုဆောင်းရရှိထားသော ဆိုလာစွမ်းအင်ကို အာကာသမှ ကမ္ဘာမြေဆီသို့ ပြန်လည် ပေးပို့ခြင်းအယူအဆတစ်ခုပင်ဖြစ်သည်။ ၎င်းအယူအဆ၏ အားသာချက်သည် ဆိုလာစွမ်းအင်ရရှိမှုနှုန်း မြင့်မားပြီး အချိန်ကြာမြင့်စွာ စုဆောင်းရရှိနိုင်ခြင်းပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နေမှတစ်ဆင့် ဝင်ရောက်လာသည့် ဆိုလာစွမ်းအင်ကို အပြည့်အဝစုဆောင်းနိုင်ခြင်းမရှိပေ။ ၅၅ မှ ၆၀ ရာခိုင်နှုန်းအထိသာ စုဆောင်းရရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရောင်ပြန်ခြင်းနှင့် စုပ်ယူလိုက်ခြင်းများကြောင့် ဖြစ်သည်။ အာကာသအခြေပြု ဆိုလာစွမ်းအင်စုဆောင်ခြင်းတွင် နေရောင်ခြည်ကို မိုက်ခရိုဝေ့ဖ်လှိုင်းအဖြစ် ပြောင်းလဲပြီးနောက် ကမ္ဘာမြေဆီသို့ ပြန်လည်ပေးပို့ ခြင်းနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဆိုလာစွမ်းအင်ကို ရရှိနိုင်ရန် ဆောင်ရွက်နေကြခြင်းလည်း ဖြစ်ပေသည်။ အဆိုပါ နည်းလမ်းသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။ အာကာသမှ ဆိုလာစွမ်းအင် ရယူခြင်း နည်းလမ်းများကို […]

Read More

Third-party app တွေ မသုံးဘဲ Instagram က ဓာတ်ပုံတွေကို ဖုန်းထဲဘယ်လို Download လုပ်မလဲ

Instagram မှာ ဓာတ်ပုံတွေကို Download လုပ်နိုင်ဖို့အတွက် သီးခြားလုပ်ဆောင်ချက်အနေနဲ့ ပါဝင်ခြင်း မရှိပါဘူး။ ဒါကြောင့် Third-party app တွေကို သုံးကာ ဓာတ်ပုံတွေကို Download ပြုလုပ်ရပါတယ်။ Third-party app တွေက ကိုယ့်အကောင့်လုံခြုံရးအတွက် အပြည့်အဝ အာမခံချက် မပေးနိုင်ပါဘူး။ အဲဒါကြောင့် Third-party app တွေမသုံးဘဲ Instagram က ဓာတ်ပုံတွေကို Download ရယူ နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းက Instagram က ဓာတ်ပုံတွေသာမကဘဲ ဗီဒီယိုတွေကိုပါ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အရင်ဆုံးဖုန်းထဲက Insta-gram app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ မိမိအနေနဲ့ Download လုပ်ချင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုကို ရှာပါ။ မိမိ Download […]

Read More

Push It!

ပျော်စရာ puzzle ဂိမ်းဖြစ်ပါတယ်။ ကစားသူက ၅x၅ ဘုတ်တစ်ခုမှာ ဘောလုံးထုတ်တဲ့ ခလုတ်တွေ အသုံးပြုပြီး အပေါက်ထဲဝင်အောင် ထည့်သွင်းရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ၊ -စိုးထက်

Read More

MR Dinosaur: Run and eat

ကစားသူက ဒိုင်နိုဆော တစ်ကောင်အဖြစ် ကိုင်တွယ်ပြီး မြို့ထဲပြေးလွှားကာ လူတွေကို လိုက်လံစားသောက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒိုင်နိုဆော အကောင်ကြီးမားလာပြီဆိုရင် အခြားဒိုင်နိုဆောကို စားသောက် နိုင်မှာဖြစ်ပါတယ်။Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ၊ -စိုးထက်

Read More

Icing On The Cake

အခုဂိမ်းက ကိတ်မုန့်တွေ ဖန်တီးအလှဆင်ရမယ့် ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ ကိတ်မုန့်အလှဆင်တဲ့ ကျွမ်းကျင်မှုကို စမ်းသပ်မယ့်ဂိမ်းလည်း ဖြစ်ပါတယ်။ ကစားသူက ကိတ်မုန့်ကို လှည့်ပတ်ကြည့် ရှုပြီး အစက်အပြောက်လေးနဲ့ အလှအပလုပ်ပေးရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ၊ -စိုးထက်

Read More

Crazy Shopping

Crazy Shopping ဂိမ်းက ရင်ခုန်စေမယ့် အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ ကသောင်းကနင်းဖြစ်ရပ်အတိုင်း ရူပဗေဒနည်းနဲ့ ထောက်ပံ့ထားပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ၊ -စိုးထက်

Read More