Day: November 7, 2019

News
Tech

 Fossil ရဲ့ Hybrid HR စမတ်နာရီ

Fossil ဟာဒီဇိုင်းပိုင်း သပ်ရပ်မှုနဲ့ စမတ်နာရီလုပ်ဆောင်ချက်ကို ပေါင်းစပ်ဖို့ analog နဲ့ e-ink display ပါဝင်တဲ့ Hybrid HR စမတ်နာရီကို မိတ်ဆက်လိုက်ပါတယ်။ Hybrid HR ဟာသမားရိုးကျ လက်ပတ်နာရီဒီဇိုင်း၊ ၄၂မီလီမီတာ နာရီအုံနဲ့ analog dials အပြင် အလယ်မှာ e-ink display ကိုထည့်သွင်းထားပါတယ်။ အဲဒီ display မှာ သတိပေးချက်၊ alert နဲ့ နှလုံးခုန်နှုန်းအပြင် အားကစားလှုပ်ရှားမှု ခြေရာခံစက်အချက်အလက်တို့ပါဝင်ပြီး ညာဘက်က ခလုတ် ၃ ခုနဲ့ တွဲဖက်အသုံးပြုရပါတယ်။ ဒါ့အပြင် သုံးစွဲသူက သီချင်းကို ထိန်းချုပ်ကာ complication ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Fossil ရဲ့ Hybrid HR မှာပါဝင်တဲ့ e-ink display […]

Read More
Android
Download

Best Property Myanmar Buy, Rent & Sell

အိမ်ခြံမြေဆိုင်ရာ ရောင်း၊ ဝယ်၊ ငှား အချက်အလက်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အိမ်ခြံမြေ‌အချက်အလက်‌တွေကို မြေပုံ အသုံးပြုကာ ရှာဖွေနိုင်မှာဖြစ်တဲ့အပြင် အခန်းဖော်ရှာခြင်း၊ ပရိဘောဂပြောင်းရွှေ့ ဝန်ဆောင်မှုများ ရှာဖွေခြင်းတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App ကို Download လုပ်ချင်ရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Article

နေအိမ်လုံခြုံရေးအတွက် ဈေးနှုန်းအသက်သာဆုံး ထုတ်ကုန် ၆ ခု

နေအိမ်တစ်လုံး လုံခြုံစေဖို့ ကြိုတင်ကာကွယ်တားဆီးမှုက အကောင်းဆုံးပါပဲ။ ပိတ်ရက်အတွင်း ခရီးသွားလာသူတွေအနေနဲ့ နေအိမ်လုံခြုံဖို့ စီမံထားနိုင်ပါတယ်။ နေအိမ်လုံခြုံရေးအတွက် စမတ်အိမ်သုံး ပစ္စည်းတွေဟာ ဈေးနှုန်းသက်သာလာပါပြီ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဒေါ်လာ ၂၀ လောက် သုံးစွဲရုံနဲ့ နေအိမ်လုံခြုံရေးသုံး ထုတ်ကုန်များစွာကို ရရှိနိုင်ပါတယ်။ အဲဒီထုတ်ကုန်တွေထဲက အကောင်းဆုံး ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Wyze Bulb နေအိမ်တွင်းမှာ အိမ်စောင့်ရှိနေတဲ့အခါ ဖောက်ထွင်းဝင်ရောက်သူတွေအတွက် အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် နေအိမ်တွင်း လုံခြုံဖို့ မီးဖိုချောင်နဲ့ ဧည့်ခန်း၊ ဆင်ဝင်အောက်ထဲမှာ စမတ်မီးလုံးတွေ ထည့်သွင်းပြီး ညအခါအချိန်မှန်မီးလင်းစေအောင် စီမံထားနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ Wyze bulb ကိုဝယ်ယူသင့်ပါတယ်။ Wyze bulb မီးသီးက တစ်လုံး ၈ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ၄လုံးဆို […]

Read More
Education
News

ပညာသင်ဆုများနှင့်ကျောင်းဝင်ခွင့်ဆိုင်ရာအကြောင်းဆွေးနွေးပွဲပြုလုပ်မည်

စင်ကာပူနိုင်ငံ James Cook University ရဲ့ ဘွဲ့ဒီဂရီတွေကို စင်ကာပူကျောင်းခွဲမှာ တက်ရောက်ရယူလိုသူတွေအတွက် ၂၀၂၀ ပညာသင်နှစ် မှာ ပေးအပ်မယ့် ပညာသင်ဆုများနှင့်ကျောင်းဝင်ခွင့်ဆိုင်ရာများအကြောင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီထိ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT park၊ လှိုင်မြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ဘွဲ့ဒီဂရီရရှိပြီး MBA , Master of Information Technology , Master of International Tourism and Hospitality Management ဘာသာရပ်တွေကို တက်ရောက်လိုသူတွေ ကျောင်းဝင်ခွင့်၊ကုန်ကျစရိတ်နဲ့ […]

Read More
Education
News

ရန်ကုန်တက္ကသိုလ်မှ အသုံးချ ဒဿနပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်မည်

ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ အသုံးချ ဒဿနပညာ ဘွဲ့လွန်ဒီပလိုမာ(Postgraduate Diploma in Applied Philosophy) သင်တန်း ကို ဒီဇင်ဘာ ၉ ရက်မှာ ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေတက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ၈ လကြာမြင့်မှာဖြစ်ပါတယ်။ လျှောက်လွှာ တွေကို နို၀င်ဘာ ၈ ရက်မှ ၂၂ ရက်အထိ လက်ခံပေးမှာဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ လက်ခံမှာဖြစ်ပါတယ်။ ဝင်ခွင့်လူတွေ့ဖြေဆိုမှုကို နိုဝင်ဘာ ၂၆ ရက် နဲ့ ၂၇ ရက်တွေ မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှစနေ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို အမရဆောင် (AA-104) ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန […]

Read More
News
Tech

Group ထဲကို contact တွေထည့်သွင်း ရွေးချယ်ခွင့်ပြုလိုက်တဲ့ WhatsApp

WhatsApp က သုံးစွဲသူတွေအတွက် setting အသစ်တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ setting က WhatsApp ပေါ်မှာ group တွေထဲထည့်သွင်းနိုင်တဲ့ contact စာရင်းကို သုံးစွဲသူက ရွေးချယ်ပေးနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ WhatsApp ဗားရှင်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အရင်ဗားရှင်းမှာတော့ သုံးစွဲသူကို group တွေထဲ ထည့်ဖို့ လူတိုင်းကို ခွင့်ပြုတာ၊ contact ထဲကလူတွေအားလုံးကို ခွင့်ပြုတာ အပြင် ခွင့်ပြုချက်မပေးထားတာ စတာတွေပဲ ရွေးချယ်နိုင်ပါတယ်။ အခုဗားရှင်းသစ်မှာတော့ သုံးစွဲသူကို group တွေထဲ ထည့်သွင်းနိုင်မယ့် လူတစ်ဦးချင်းစီကို ရွေးချယ်နိုင်ပါတယ်။သုံးစွဲသူက WhatsApp ကိုဖွင့်ပြီး Settings > Accounts > Privacy > Groups ထဲက “My contacts […]

Read More
News
Xiaomi

Xiaomi က Mi CC9 Pro ကို Mi Note 10 အမည်နဲ့ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိမည်

Xiaomi ဟာ 108MP အဓိကကင်မရာနဲ့ ကင်မရာ ၅လုံးပါဝင်တဲ့ Mi CC9 Pro ကို Mi Note 10 အမည်နဲ့ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိရောင်းချတဲ့အခါမှာ Xiaomi Mi Note 10 အမည်ကို အသုံးပြုမှာ ဖြစ်ပြီး ကျန်တဲ့အပိုင်းတွေက အတူတူဖြစ်ပါတယ်။ Xiaomi Mi Note 10 Pro ကိုလည်း ထုတ်လုပ်မှာဖြစ်ပြီး Xiaomi Mi CC9 Pro Premium Edition နဲ့အတူတူပဲ ဖြစ်ပါတယ်။ Mi Not 10 Pro မှာတော့ 108MP sensor ရှေ့မှာ 8P lens ပါဝင်ပြီး RAM […]

Read More