Day: November 4, 2019

အွန်လိုင်းဥပဒေဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ရဲ့ အွန်လိုင်းဥပဒေဘွဲ့သင်တန်း (Online LL.B) အတွက် ပထမနှစ် သင်တန်းသားခေါ်ယူနေပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်မှာ​ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဦးစီးကာ Web-based Teaching System (WBTS) ကိုအသုံးပြုကာသင်ကြားပို့ချပေးမှာဖြစ်တယ်လို့သိရပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရမှတ် စုစုပေါင်း ၃၅၀ နဲ့အထက်၊ အင်္ဂလိပ်စာမှာ ၅၀ နဲ့အထက်ရရှိသူ (သို့မဟုတ်) ဥပဒေပညာဘွဲ့မှ အပ အခြားဘွဲ့တစ်ခုခုရရှိပြီးသူတွေ (ပထမနှစ်မှစတင်တက်ရောက်ရပါမည်) တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို နို၀င်ဘာ ၁၃ ရက် နံနက် ၉ နာရီ မှစတင် လျှောက်ထားနိုင်ပြီး လျှောက်လွှာနဲ့အတူ တက္ကသိုလ်၀င်တန်းအောင်လက်မှတ်မူရင်း၊ အမှတ်စာရင်း မူရင်း တို့ကိုပူးတွဲ တင်ပြရမှာပါ။ […]

Read More

B Movies – အိန္ဒိယ ဇာတ်ကားများ

အိန္ဒိယဇာတ်ကားတွေကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ဗီဒီယိုအရည်အသွေးကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပြီး ဖုန်းထဲကို download ပြုလုပ်ကာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဇာတ်ကားမကြည်ရှုမီ ဇာတ်လမ်းအညွှန်းတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပြီး ယူနီကုတ်၊ ဇော်ဂျီဖောင့်စနစ်နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ဟောလိုဝင်းပစ်ခတ်မှုအတွင်း လူ၅ဦး သေဆုံးအပြီး ပါတီအိမ်တွေကို Airbnb ပိတ်ပင်

Airbnb ကတစ်ဆင့် ငှားရမ်းထားတဲ့ ကယ်လီဖိုးနီးယားနေအိမ်တစ်လုံးမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် လူသေမှုအပြီး ကုမ္ပဏီက ပါတီအိမ်ငှားရမ်းကို ပိတ်ပင်လိုက်ပါတယ်။ ဟော်လိုဝင်းညမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးခဲ့ပါတယ်။ Airbnb အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဘရိုင်ယန်ချက်စကီက ပါတီအိမ်ငှားရမ်းမှုကို ပိတ်ပင်ပြီး အခွင့်မရှိဘဲပြုလုပ်တဲ့ ပါတီတွေနဲ့ အမြင်မတော်တဲ့ အိမ်ရှင်နဲ့ ဧည့်သည်စီမံခန့်ခွဲမှုကို ဖယ်ရှားမယ်လို့ twitter မှာရေးသားခဲ့ပါတယ်။ Airbnb အနေနဲ့ ပါတီအိမ်အတွက် အထူးအဖွဲ့တစ်ခုကို ဖန်တီးသွားမှာ ဖြစ်ပြီး အန္တရာယ်များပြားတဲ့ အိမ်ငှားရမ်းမှုကိုလည်း တိုးချဲ့စောင့်ကြည့်သွားမယ်လို့ ချက်စကီက tweet မှာရေးသားထားပါတယ်။ ဒါ့အပြင် Airbnb ရဲ့ပေါ်လစီတွေကို ချိုးဖောက်တဲ့ သုံးစွဲသူတွေအပေါ် အရေးယူဖယ်ရှားသွားမယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ အိုရင်ဒါမြို့မှာ နေအိမ်တစ်လုံးကို Airbnb ကတစ်ဆင့် […]

Read More

Office tool တွေအားလုံးပေါင်းစပ်ထားတဲ့ Android app သစ်တစ်ခုကို Microsoft မိတ်ဆက်ခဲ့

Microsoft က အရေးပါတဲ့ Office tool တွေအားလုံး ပေါင်းစပ်ထားတဲ့ Office beta app သစ်ကို Android အတွက် ဖြန့်ချိလိုက်ပါတယ်။ အဲဒီ app မှာ Word, Excel, PowerPoint တို့ပါဝင်လာပါတယ်။ App အမည်က Microsoft Office: Word, Excel, PowerPoint & more ပဲဖြစ်ပါတယ်။ အဲဒီ app မှာစာရွက်စာတမ်းတွေ ဖန်တီး၊ တည်းဖြတ်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။ သုံးစွဲသူက app ကတစ်ဆင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး စာရွက်စာတမ်းကို စီမံခန့်ခွဲနိုင်ပါတယ်။ Google ရဲ့ Sheets, Docs တို့နဲ့ လုပ်ဆောင်ချက်တူညီပါတယ်။ App ရဲ့ထူးခြားချက်ကတော့ ဓာတ်ပုံဒါမှမဟုတ် Word, […]

Read More

Motorola razr 2019 မော်ဒယ် ဓာတ်ပုံတွေများစွာ ထပ်မံထွက်ပေါ်

လွန်ခဲ့တဲ့ရက်အနည်းငယ်က Evan Blass ဟာ ဒီနှစ်အတွင်း ထွက်ရှိမယ့် Motorola razr ဓာတ်ပုံသစ် ၅ ပုံကို ထပ်မံပြသလိုက်ပါတယ်။ ပထမဆုံး ဓာတ်ပုံ ၃ပုံမှာ ထုတ်ကုန်ကို အနီးကပ်ရိုက်ကူးထားပြီး display ရဲ့လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Razr V3 မော်ဒယ်ဒီဇိုင်းကို မှီးပြီး razr ခေါက်စမတ်ဖုန်းကို ဖန်တီးထားတာ တွေ့ရပါတယ်။ ရှေ့ဘက်မှာ မျက်နှာပြင်အသေးစားက သတိပေးချက်တွေနဲ့ အချိန်၊ ရက်စွဲကို ပြသပေးမှာ ဖြစ်ကာ အဓိကကင်မရာအတွက် viewfinder အဖြစ်အသုံးပြုနိုင်ပါတယ်။ အခြားဓာတ်ပုံတွေမှာ ဖုန်းကို ဖြန့်ပြထားပါတယ်။ razr ခေါက်စမတ်ဖုန်းကို အလယ်တည့်တည့်က ခေါက်နိုင်ဖွယ်ရှိပြီး ဖြန့်လိုက်တဲ့အခါ အရွယ်အစားက ၆.၂လက်မရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် ထိပ်ဘက်မှာ notch တစ်ခုပါဝင်လာပါတယ်။ […]

Read More

နေပြည်တော် မိုဘိုင်း လုပ်ငန်းရှင်များ အသင်းမှ နည်းပညာမျှဝေခြင်း သင်တန်းပြုလုပ်မည်

နေပြည်တော် မိုဘိုင်း လုပ်ငန်းရှင်များ အသင်းမှ နည်းပညာအဖွဲ့ဝင်များဦးစီး၍ နည်းပညာ မျှဝေခြင်းသင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိပြုလုပ်မယ်လို့ သိရပါတယ်။ နေပြည်တော်မိုဘိုင်းလုပ်ငန်းရှင်အသင်းဝင်နဲ့ အခြားမြို့နယ်ဒေသမှ မိုဘိုင်းလုပ်ငန်းရှင်အသင်းဝင်များအတွက် သင်တန်းကြေး အခမဲ့ဖြစ်ပြီး ပြင်ပမှတတ်ရောက်လိုသူများအတွက် သင်တန်းကြေး ငါးသောင်းကျပ် ကောက်ခံမှာ ဖြစ်တယ်လို့ နေပြည်တော်မိုဘိုင်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ကိုချမ်းမြေ့ဇော်က ပြောပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ နေပြည်တော်မိုဘိုင်း လုပ်ငန်းရှင်များ အသင်း ဖုန်း ၀၉ ၉ ၇၇၉ ၀၆၂၅၅၊ ၀၉ ၂၅၉ ၄၈၄၀၄၆၊ ၀၉၄၄၂၀၇၄၇၀၄၊ ၀၉ ၄၄၈၅၄၅၀၂၁ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -ကျော်ဇေယျ

Read More