Day: October 30, 2019

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဒီပလိုမာသင်တန်း ဖွင့်မည်

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဒီပလိုမာသင်တန်း (Diploma in Political Science) အတွက် လျှောက်လွှာ ခေါ်ယူနေပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၅ ရက်မှ စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို နို၀င်ဘာ ၂၇ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး ဝင်ခွင့်လူတွေ့စာမေးပွဲ ကို ဒီဇင်ဘာ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းကာလ ၉ လဖြစ်ပြီး တနင်္လာနေ့မှ သောကြာ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ -သန္တာ

Read More

အကြမ်းခံနိုင်ရည်မြင့်မားတဲ့ CAT S52 ဖုန်း

CAT ကထုတ်လုပ်တဲ့ နောက်ဆုံးပေါ်စမတ်ဖုန်း S52 ဟာ အရင်မော်ဒယ်တွေလိုပဲ အကြမ်း ခံနိုင်ရည်မြင့်မားပါတယ်။ S52 မှာ IP68 အဆင့် ရေနဲ့ဖုန်ဒဏ်ခံနိုင်ပြီး MIL-STD 810G အဆင့်သတ်မှတ်ချက် ရှိပါတယ်။ အထူကတော့ ၉.၆၉ မီလီမီတာပဲရှိပြီး သပ်ရပ်တဲ့ TPU အပြင် အလူမီနီယမ်ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ CAT S52 ရှေ့ဘက်မှာ Gorilla Glass 6 ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ အသုံးပြုထားတဲ့ ပလိတ်ပြားကို ကိုင်တွယ်တဲ့အခါ မချော်ထွက်နိုင်တဲ့ TPU အသုံးပြုထားပြီး ကင်မရာက ၁ လုံးပဲ ပါဝင်လာပါတယ်။ အဲဒီကင်မရာက 12MP f/1.8 Sony ကထုတ်လုပ်တဲ့ 1.4 µm pixels ကိုအသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ […]

Read More

Samsung ရဲ့မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဗီဒီယိုထွက်ပေါ်လာ

Samsung ဟာ developer ကွန်ဖရင့်မှာ မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဒီဇိုင်းကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ Samsung အနေနဲ့ မျိုးဆက်သစ် ခေါက်စမတ်ဖုန်းမှာ clamshell ဒီဇိုင်းကို အသုံးပြုဖွယ်ရှိပြီး အရင်တုန်းက ခေါက်ဖုန်းဒီဇိုင်းတွေကို အမှတ်ရစရာ ဖြစ်ပါတယ်။ Samsung ဟာ မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဒီဇိုင်းကို အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုနဲ့ အမြည်းပြသခဲ့ပါတယ်။ အခုဗီဒီယိုက တရားဝင်ဖြစ်ပြီး developer ကွန်ဖရင့်မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ အရင်ကာလတုန်းက ခေါက်ဖုန်းတွေဟာ အလွန်အောင်မြင်ခဲ့ပြီး Motorola ရဲ့နာမည်ကျော် RAZR နဲ့ အခြားမော်ဒယ်တွေကလည်း ကျော်ကြားခဲ့ပါတယ်။ Samsung ဟာ ခေါက်ထားနိုင်တဲ့ မျက်နှာပြင်အတွက် punch –hole ကင်မရာကို အသုံးပြုခဲ့တဲ့အတွက် Galaxy Fold ထုတ်ကုန်ဟာ နေရာလွတ်တွေ […]

Read More

MyanmarMusic-သီချင်း

မြန်မာသီချင်းတွေကို တိုက်ရိုက် နားဆင်နိုင်မှာဖြစ်သလို ဖုန်းထဲကို Download ပြုလုပ်ကာ နားဆင်နိုင်မယ့် App ဖြစ်ပါတယ်။ အဆိုတော်အမည်အလိုက်၊ သီချင်းအယ်လ်ဘမ်အလိုက် သီချင်းတွေကို ရှာဖွေနားဆင်နိုင်မှာဖြစ်သလို ရှားပါးအဆိုတော်တွေရဲ့ ခေတ်ဟောင်းသီချင်းနဲ့ အွန်လိုင်းရေဒီယိုသီချင်းတွေကိုလည်း App ကနေ နားဆင်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

PlayStation Vue ဝန်ဆောင်မှုကို Sony ပိတ်သိမ်းတော့မည်

Sony အနေနဲ့ PlayStation Vue ကို ဝယ်ယူမယ့်သူ ရှာဖွေမှု မအောင်မြင်တဲ့အတွက် ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ PlayStation Vue ဟာ တိုက်ရိုက်ထုတ်လွှင့်မှု ပထမဆုံး ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ PlayStation Vue ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ Sony ရဲ့ PlayStation Vue ဟာ Hulu Live TV, YouTube TV နဲ့ AT&T TV NOW လိုမျိုး ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ရာမှာ အခက်တွေ့ခဲ့ပါတယ်။ Sony အနေနဲ့ PlayStation Vue ငွေကြေးဆုံးရှုံးမှုကြောင့် စရိတ်ကာမိစေဖို့ ဈေးနှုန်းတိုးမြှင့်ခဲ့ပြီး plan တွေအားလုံးကို ၅ ဒေါ်လာ အဖြစ် […]

Read More

တစ်လ ၁၅ ဒေါ်လာ ကျသင့်မယ့် HBO Max ဗီဒီယိုဝန်ဆောင်မှု

AT&T ရဲ့ WarnerMedia က HBO ရုပ်သံလိုင်းအတွက် ဗီဒီယိုဝန်ဆောင်မှု HBO Max ကို အမေရိကန်မှာ မေလအတွင်း စတင်ထုတ်လွှင့်မှာဖြစ်ပြီး တစ်လ ၁၅ ဒေါ်လာ ကျသင့်ပါမယ်။ HBO Now ဝန်ဆောင်မှုက အဖွဲ့ဝင်တွေကို HBO Max ဆီ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ HBO Now ဝန်ဆောင်မှု လစဉ်ကြေးကလည်း တစ်လ ၁၅ ဒေါ်လာပဲ ကျသင့်ပါတယ်။ HBO Max မှာတော့ ကဏ္ဍတွေ ပိုမို စုံလင်လာပါတယ်။ HBO Max ဟာ Netflix လိုမျိုး လစဉ်ကြေးပေးသွင်းရတဲ့ ဗီဒီယိုဝန်ဆောင်မှုဖြစ်ပြီး ကြော်ငြာပါဝင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဈေးနှုန်းလျှော့ချပြီး ကြော်ငြာတွေမိတ်ဆက်မယ်လို့ သိရပါတယ်။ HBO Max […]

Read More

Samsung ရဲ့ SmartThings platform ကို လစဉ်အသုံးပြုသူ ၄၅ သန်းကျော်ရှိလာ

Samsung ရဲ့ internet of things (IoT) platform ဖြစ်တဲ့ SmartThings ကို လစဉ်အသုံးပြုသူ ၄၅ သန်းကျော် ရှိပါတယ်။ အဲဒီ platform ကို မတူညီတဲ့ ထုတ်ကုန်ဖန်တီးသူ ၁၀၀ ကျော်က ထုတ်ကုန်ပေါင်း ၅,၀၀၀ ကျော် အသုံးပြုကြပါတယ်။ ဒါပေမဲ့ developer နဲ့ ပူးပေါင်းမှု အစီအစဉ်သစ်တွေကြောင့် အခု အရေအတွက်ထက် များပြားလာမှာ ဖြစ်ပါတယ်။ SmartThings Hub (WASH) လိုမျိုး Works အစီအစဉ်ကတော့ ထုတ်ကုန်တွေအတွင်း SmartThings Hub software ထည့်သွင်းဖို့ ကွန်ရက်အော်ပရေတာလိုမျိုး ထုတ်ကုန် ထုတ်လုပ်သူတွေကို ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ Samsung ရဲ့ SmartThings အစီအစဉ်နဲ့ ရှိပြီးသား […]

Read More

Windows laptop အသစ်နှစ်မျိုးကို Samsung ထုတ်ဖော်မိတ်ဆက်

Samsung ရဲ့ နှစ်စဉ်ကျင်းပနေကျ Developers ကွန်ဖရင့်ပွဲမှာ Samsung Galaxy Book Flex နဲ့ Galaxy Book Ion အမည်ရ Windows laptop အသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Flex ကတော့ tablet လိုမျိုး အသုံးပြုနိုင် အောင် ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ပတ္တာထည့်သွင်းပေးထားပြီး Ion ကတော့ သမားရိုးကျ clamshell ဒီဇိုင်း ဖြစ်ပါတယ်။ Samsung ရဲ့ laptop အသစ် နှစ်မျိုးစလုံးက စွမ်းဆောင်ရည်မြင့်မားပြီး ဒဿမမြောက်မျိုးဆက် Intel ပရိုဆက်ဆာကို အသုံးပြုထားကာ Wi-Fi 6 ထောက်ပံ့မှုအပြင် QLED display, RAM 16GB နဲ့ internal solid-state storage 1TB […]

Read More

ဆိုက်ဘာဘေးကင်း လုံခြုံရေးအတွက် စကားအလှကုထုံး အနုပညာပြပွဲ ပြုလုပ်မည်

ဆိုက်ဘာဘေးကင်းလုံခြုံရေးအတွက် ပြုလုပ်တဲ့ စကားအလှကုထုံး အနုပညာပြပွဲကို နိုဝင်ဘာ ၃ ရက်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အွန်လိုင်းမှ ကြိုတင် စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ အခမ်းအနားကို စကားအလှကုထုံးရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်၊ Youth Day မှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ CyberBaykin အနေနဲ့ CyberSafety နဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ကာ ဆွေးနွေးချိန်မှာ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ပန်းချီဆရာတွေက တစ်ပြိုင်နက် သရုပ်ဖော်ရေးဆွဲမယ့် အစီအစဉ်လည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ လူဦးရေ ၄၀ သာ ကန့်သတ်ထားတဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/y6pbnasrsC5SeazE8 ကနေ တစ်ဆင့် […]

Read More