Day: October 24, 2019

God’s Eye (Nat Myet Si)

ရှေးဟောင်းအီဂျစ် ဂမ္ဘီရလက်ထောက်ဗေဒင် App ြဖစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ကြီးပွားအောင်မြင်ရေး၊ ကိုယ်ရေးကိုယ်တာ၊ အနာဂတ်ဆိုင်ရာ မေးခွန်းပေါင်း ၈၀ ကျော်ရဲ့ တွက်ချက်မှု ဟောချက်တွေကို ထည့်သွင်းပေးထားပြီး App ကို Eng-MM ဘာသာနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်ရင် တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်၀င်း

Read More

Galaxy S10 နဲ့ Note 10 က fingerprint ပြဿနာကို Samsung ဖြေရှင်းပေးခဲ့

Samsung Electronics ဟာ Galaxy S10 နဲ့ Note 10 စမတ်ဖုန်းတွေမှာ ဖြစ်ပေါ်နေတဲ့ fingerprint မှတ်သားတဲ့ feature ပြဿနာကို ဖြေရှင်းဖို့ software ကို update ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ Samsung ဟာ Samsung Members ဆိုတဲ့ သုံးစွဲသူ ထောက်ပံ့ရေး app ကတစ်ဆင့် တောင်းပန်ခဲ့ပြီး Galaxy ဖုန်းသုံးစွဲသူတွေ အနေနဲ့ biometric စနစ်ကို နောက်ဆုံး software ဗားရှင်းအဆင့်မြှင့်တင်ဖို့ ကုမ္ပဏီက တိုက်တွန်းထားပါတယ်။ ဖုန်းအတွင်းမှာ စာရင်းသွင်းထားတဲ့ biometric အချက်အလက် မလိုဘဲ unlock ဖြစ်နေတယ်လို့ ဗြိတိန်က Galaxy S10 သုံးစွဲသူတစ်ဦး ကြုံတွေ့နေရတယ်လို့ The Sun သတင်းစာက […]

Read More

Magnet Wireless Headset

REMAX အမှတ်တံဆိပ် RB-T27 မော်ဒယ် Magnet Wireless Headset ဖြစ်ပါတယ်။ ဖုန်းပြောဆိုခြင်း အတွက် အလွယ်တကူ ပြုလုပ်နိုင်တာကြောင့် ကားမောင်းရင်းလည်း အသုံးပြုနိုင်ပါတယ်။ Charging Dock လေးနဲ့ သီးသန့် အားသွင်းရတဲ့ အမျိုးအစားဖြစ်ပြီး တကူးတက ဖုန်းချနေစရာ မလိုဘဲ သံလိုက်လေးမှာ ကပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းချပြီးသားဖြစ်မှာ ဖြစ်ပါတယ်။ Bluetooth Version 4.1 ဖြစ်တဲ့အတွက် ချိတ်ဆက်တဲ့နှုန်း မြန်ဆန်မှာ ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၄ နာရီ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ တန်ဖိုးမှာ ၁၉,၅၀၀ ကျပ်ဖြစ်ပြီး REMAX Myanmar ဖုန်း ၀၉- ၂၅၉၉၁၁၉၀၀ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။ -‌ဝေဝေ

Read More

Vainglory အွန်လိုင်းဂိမ်းပြိုင်ပွဲနှင့် Halcyon Gathering ပြုလုပ်မည်

အွန်လိုင်းနဲ့ချိတ်ဆက်ကာ တစ်ဖက်ငါးယောက်ဆီ ကစားနိုင်တဲ့ Vainglory အွန်လိုင်းဂိမ်း ပြိုင်ပွဲနဲ့ Halcyon Gathering ကို နိုဝင်ဘာ ၃ ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်ငါးယောက်ဆီ ကစားရမယ့် 5v5 Mode နဲ့ Blitz Mode နှစ်မျိုး ပြုလုပ်သွားမှာဖြစ်ပါတယ်။ 5v5 အတွက် ပြိုင်ဆိုင်လိုတဲ့အသင်းတွေ အနေနဲ့ အောက်တိုဘာ ၂၄ ရက်အထိ Registration ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Blith Mode အတွက် Registration ကိုတော့ အောက်တိုဘာ ၂၇ ရက်မှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 5v5 Mode မှာ အနိုင်ရရှိတဲ့ အသင်းအနေနဲ့ ဆုကြေးငွေနဲ့အတူ ဂိမ်းအတွင်း အသုံးပြုနိုင်မယ့် ICE 6000 ရရှိသွားမှာဖြစ်ပါ တယ်။ “ […]

Read More

Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

အမေရိကန်နိုင်ငံသို့ သွားရောက်သင်ကြားရမယ့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။ ၂၀၂၀ မှာဖွင့်လှစ်မယ့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားလိုတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးတွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်မှာ နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများအား အမေရိကန်ပြည်ထောင်စုမှာ သုတေသနပြုလုပ်နိုင်စေမယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ် လို့ သိရပါတယ်။ အမေရိကန်-အာဆီယံဆက်ဆံရေး အပေါ်ကို သက်ရောက်မှုရှိစေသော အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ […]

Read More

ဂျပန်နိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Sony Xperia 1 Professional Edition

Sony ဟာ Sony Xperia 1 ကို ဇွန်လက ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် Sony Xperia 1 Professional Edition အမည်နဲ့ ဗားရှင်းသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Sony Xperia 1 Professional Edition ရဲ့ display နဲ့ ကင်မရာကို အပြောင်းအလဲ ပြုလုပ်ထားပြီး Type-C port ကတစ်ဆင့် LAN ချိတ်ဆက်မှုကို ထောက်ပံ့ထားပါသေးတယ်။ Xperia 1 Professinal Edition မှာ 4K OLED panle နဲ့အတူ 21:9 aspect ratio တို့ပါဝင်လာပြီး 10-bit signal နဲ့ Illuminant D65 color profile […]

Read More

မန္တလေးတက္ကသိုလ်မှ စီးပွားရေး ဥပဒေဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

သင်တန်း တက်ရောက်လိုသူတွေ အနေနဲ့ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရမှာဖြစ်ပြီး ဝင်ခွင့် အရည်အချင်းစစ်ရေးဖြေ နဲ့ လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်မှာဖြစ်ပါတယ်။ သင်တန်းကာလ ၉ လဖြစ်ပြီး တနင်္လာ မှ သောကြာနေ့၊ နံနက် ၇ နာရီ မှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ရယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မှာ ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ အသေးစိတ်ကို မန္တလေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း-၀၂-၆၂၁၂၉၊ ၀၂-၂၁၀၇၇ ကို ဆက်သွယ် […]

Read More

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၏ နေ့သင်တန်းများ ဒီဇင်ဘာ ၂ ရက်တွင် ဖွင့်မည်

ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များနဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးရဲ့ အထူးပြုဘာသာရပ်တွေ အတွက် ပထမနှစ် နေ့သင်တန်းတွေကို ဒီဇင်ဘာ ၂ ရက်မှ စတင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရရှိတဲ့ သူတွေကို အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာ ကြေညာထားမှာ ဖြစ်သလို www.moe.gov.mm နဲ့ www.dhe.gov.mm မှာ လည်း ကြေညာထားမှာဖြစ်ပါတယ်။ ဒုတိယနှစ်နဲ့အထက် သင်တန်းတွေအားလုံးကိုလည်း ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ -သန္တာ

Read More

Chinese University of Hong Kong မှ ပညာသင်ဆုလျှောက်ထားနိုင်

The Chinese University of Hong Kong (CUHK) မှ ၂၀၂၀ ခုနှစ် ပညာသင်နှစ် ဝင်ခွင့်အတွက် Full-tuition Entrance Schlorship ကိုလျှောက်ထားနိုင်တယ်လို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့ မှ သိရပါတယ်။ CUHK အနေနဲ့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ် ပညာသင်ဆုချီးမြှင့်ခြင်း ဖြစ်ပြီး ကျောင်းလခ အပါအဝင် နေထိုင်စရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေ အတွက် ၃ နှစ်တာ စာသင်နှစ် အတွက် ကျောင်းအတွင်း နေရာထိုင်ခင်းတွေကို စီစဉ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာတက္ကသိုလ်တွေကို လည်း ကာလအပိုင်းအခြားနဲ့ သွားရောက် ပညာသင်ကြားရန် အခွင့်အလမ်းတွေလည်း ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် (Advance […]

Read More

Snapdragon 855 နဲ့ဘက်ထရီ 4,500 mAh အပြင် ၆.၅လက်မ OLED ပါဝင်တဲ့ Meizu 16T

Meizu ဟာ နောက်ဆုံးပေါ် flagship ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းအမည်က Meizu 16T ဖြစ်ပြီး feature စုံလင်ပါတယ်။ Meizu 16T မှာ ၆.၅ လက်မ OLED မျက်နှာပြင် ပါဝင်ပြီး notch ဒါမှမဟုတ် cutout တွေမပါဝင်ပါဘူး။ ဖုန်းရဲ့ ထိပ်ဖက်ဘောင်က ထူထဲပြီး ရှေ့ကင်မရာ၊ earpiece နဲ့ sensor တချို့ပါဝင်လာပါတယ်။ မျက်နှာပြင်က TUV ခွင့်ပြုချက်ရထားတဲ့ အပြာရောင်အလင်းတန်းထုတ်လွှင့်မှု နည်းပါးပါတယ်။ ရုပ်ထွက်အရည်အသွေးက 1080x 2232px နဲ့အတူ 18.5:9 aspect ratio ပါဝင်လာပါတယ်။ ဖုန်းရဲ့ fingerprint reader ကို in-display မှာ ထည့်သွင်းထားပါတယ်။ ဖုန်းမှာ Snapdragon 855 […]

Read More