Day: October 23, 2019

Android
Download

B&F Weekly Promotions

အဝတ်အထည်၊ စားသောက်ဆိုင်၊ အလှအပဆိုင်ရာ၊ ဖုန်းနှင့်လျှပ်စစ်ပစ္စည်း၊ လက်ဆောင်ပစ္စည်း၊ ခရီးသွား၊ ပရိဘောဂ စတဲ့ ပစ္စည်းမျိုးစုံနဲ့ အစားအသောက်တွေရဲ့ အပတ်စဉ် အထူးပရိုမိုးရှင်း အကြောင်းအရာတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို ဒီဂျစ်တယ်ပွိုင့်စနစ်နဲ့ ဖန်တီးထားပြီး မိမိ အသုံးပြုမှုအလိုက် ရရှိတဲ့ပွိုင့်နဲ့ လက်ဆောင်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပြီး App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်၀င်း

Read More
News
Tech

ယူကေမှာ Pixel 4 နဲ့ Pixel 4 XL ကိုအထူးပြုလုပ်ထားတဲ့ စီရီရယ်ဘူးတွေနဲ့ တင်ပို့ရောင်းချခဲ့

Google ဟာ Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို စတင်တင်ပို့နေပြီ ဖြစ်ပါတယ်။ ယူကေအတွင်းက Pixel 4 ဝယ်ယူသူတွေအတွက် Google က ထူးခြားတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ Google ဟာ Pixel 4 ကို ကြိုတင်မှာ ယူထားတဲ့ ကံထူးသူ အယောက် ၂,၀၀၀ အတွက် အံ့အားသင့်စရာတစ်ခု အနေနဲ့ စမတ်ဖုန်းသစ်တွေကို အထူးပြုလုပ်ထားတဲ့ စီရီရယ်လ်ဘူးတွေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ ကံထူးတဲ့ သုံးစွဲသူတွေက Reddit နဲ့ Twitter ပေါ်မှာ Pixel 4 ထည့်ထားတဲ့ ဆီရီရယ်ဘူးပုံတွေကို ဝေမျှခဲ့ပါတယ်။ စီရီရယ်ဘူးမှာ Pixel 4 ရဲ့အဓိက feature တွေဖြစ်တဲ့ astrophotography လုပ်ဆောင်ချက်၊ […]

Read More
News
Tech

Apple Music နဲ့ပေါင်းစပ်အသုံးပြုနိုင်တဲ့ Fender ရဲ့ကော့ဒ် app

ဂစ်တာထုတ်လုပ်တဲ့ Fender ကုမ္ပဏီဟာ ဂစ်တာ၊ စန္ဒရား ဒါမှမဟုတ် ယူကလီလီနဲ့ သီချင်းသန်းပေါင်းများစွာရဲ့ ကော့ဒ်တွေ သင်ကြားပေးမယ့် iOS app အသစ်ဖြစ်တဲ့ Fender Songs ကိုထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ app ကို အခမဲ့ download ပြုလုပ်နိုင်ပေမယ့် library တစ်ခုလုံး အသုံးပြုမယ်ဆိုရင် တစ်နှစ်ကို ၄.၉၉ ဒေါ်လာကနေ ၄၁.၉၉ အထိ ကျသင့်နိုင်ပါတယ်။ Fender Songs မှာသပ်ရပ်တဲ့ interface နဲ့အတူ အသံထွက်တိကျတဲ့ ကော့ဒ် databse ပါဝင်လာပါတယ်။ “Fender Songs app ဟာဂစ်တာနဲ့ သီချင်းတီးတတ်ချင်သူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ Fender နည်းပညာအကြီးအကဲဖြစ်တဲ့ အီသန်ကပ်လန်က ပြောခဲ့ပါတယ်။ ဂစ်တာတီးသင်မယ့်သူတွေ အနေနဲ့ သီချင်းတွေရှာဖွေဖို့ […]

Read More
News
Tech

Samsung Galaxy S10 နဲ့ Note 10 အတွက် app ထောက်ပံ့မှုကို ကမ္ဘာတစ်ဝန်းကဘဏ်များ ဖျက်သိမ်း

ယူကေဘဏ်ဖြစ်တဲ့ Nationwide Building Society ဟာ Samsung Galaxy S10 ဖုန်းပိုင်ရှင်တွေအတွက် app အတွင်း fingerprint login ထောက်ပံ့မှုကို ဖယ်ရှားလိုက်ပါတယ်။ NatWest ကလည်း S10 ဖုန်းအတွက် ထောက်ပံ့မှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ Galaxy S10 ဖုန်းအတွင်းက ultrasonic fingerprint reader တွေမှာ လုံခြုံရေးအားနည်းချက် ရှိနေပါတယ်။ Samsung အနေနဲ့ အားနည်းချက်နဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့ပေမယ့် အခုကိစ္စက အလေးအနက်ထား ကိုင်တွယ်ရမယ့် ကိစ္စဖြစ်လာပါတယ်။ ဖုန်းရဲ့ ultra-sonic fingerprint sensor နဲ့ အားနည်းချက်ကတစ်ဆင့် လူတိုင်းထုတ်ကုန်ကို အသုံးပြုနိုင်တာကို Galaxy S10 သုံးစွဲသူ လီဆာနေးဆင်ဆိုသူက တွေ့ရှိခဲ့ပါတယ်။ ဈေးနှုန်းသက်သာတဲ့ ဆီလီကွန် […]

Read More
News
Tech

ပလတ်စတစ်ဆာဂျရီ filter တွေကို Instagram ဖျက်သိမ်းမည်

Instagram ဟာ AR ပလတ်စတစ်ဆာဂျရီ filter တွေအားလုံးကို မကြာခင်မှာ ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။ ပလတ်စတစ်ဆာဂျရီ filter တွေက ပြီးပြည့်စုံတဲ့ ဘဝင်မြင့်စိတ်ကို ဖြစ်ပေါ်စေပြီး Instagram ကငယ်ရွယ်တဲ့ သုံးစွဲသူတွေအပေါ် ဖိအား ပိုမို များပြားစေတယ်လို့ သိရပါတယ်။ လူမှုရေးမီဒီယာဟာ ခန္ဓာကိုယ်အစိတ်အပိုင်း မူမမှန်မှုအပေါ် အားပေးနေတယ်လို့ လူ့ခန္ဓာကိုယ်အပေါ် အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုပြုလုပ်သူတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်က ယုံကြည်နေကြပါတယ်။ ပေါ်လစီသစ်ကို ဝေဖန်သူတွေက ကြိုဆိုကြပါတယ်။ Instagram မှာ beauty filter တွေနဲ့ ဖန်တီးလိုက်တဲ့ မျက်နှာအသွင်အပြင်အတိုင်း ကိုက်ညီဖို့ လူနာတွေက အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ရေး ဆရာဝန်တွေဆီ တောင်းဆိုမှုတွေ ရှိနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ဩဂုတ်လမှာ Facebook က မျက်နှာပိုင်းဆိုင်ရာ […]

Read More
Honor
News

Honor 20 Lite (Youth Edition) မှာ ကင်မရာ ၃ လုံးနဲ့ Kirin 710F SoC ပါဝင်

Huawei ရဲ့အမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Honor ဟာ Honor 20 Lite (Youth Edition) စမတ်ဖုန်းသစ်ကို ထုတ်ပြန်မိတ်ဆက်ခဲ့ပါတယ်။ စမတ်ဖုန်းမှာ ၆.၃ လက်မ 20:9 AMOLED display ပါဝင်ပြီး FullHD+ ရုပ်ထွက်အရည်အသွေးနဲ့ in-display fingerprint reader တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ display ရှေ့ဘက်မှာ 16MP selfie ကင်မရာပါဝင်ပြီး f/2.0 aperture နဲ့ဖြစ်ပါတယ်။ Honor 20 Lite ရဲ့ကျောဘက်ကင်မရာမှာ 48MP အဓိက ကင်မရာနဲ့အတူ 8MP ultrawide (120-degree FOV) နဲ့ 2MP depth sensor အစိတ်အပိုင်းတွေ ပါဝင်လာပါတယ်။Honor 20 Lite (Youth Edition) […]

Read More