Day: October 22, 2019

ကက်ဆက်အသံဇာတ်လမ်းများ

ကက်ဆက်အသံဇာတ်လမ်းများကို နားဆင်နိုင်မယ့် App ဖြစ်ပါတယ်။ လူကြိုက်များတဲ့ ကက်ဆက်အသံဇာတ်လမ်းတွေကို App ကနေ တိုက်ရိုက်နားဆင်နိုင်မှာ ဖြစ်သလို ဖုန်းထဲကို download ပြုလုပ်ကာလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More

ရန်ကုန်တက္ကသိုလ်မှ အလှကုန်လုပ်ငန်း အတတ်ပညာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနမှာ အလှကုန်လုပ်ငန်း အတတ်ပညာ ( Certificate in Cosmetic Tehnology) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလ မှ ၃ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းချိန်က တော့ နံနက် ၇ နာရီမှ ၉ နာရီဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ကုန်ထုတ် ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်မှာ စုံစမ်းနိုင်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၁ ရက် မှ ၂၂ ရက်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှာ ရယူလျှောက်ထားနိုင်ပါတယ်။

Read More

MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၂၂ ရက်၊ ယနေ့နံနက် ၉ နာရီမှစတင်ပြီး MICT Park Conference Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယနေ့ ကျင်းပပြုလုပ်တဲ့ MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲမှာ ပထမဆုကို ရန်ကုန်တိုင်းကိုယ်စားပြု Metro IT & Japnanese Language Center မှ အဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို ပဲခူးတိုင်းကိုယ်စားပြု တောင်ငူကွန်ပျူတာတက္ကသိုလ်မှ လည်းကောင်း၊ တတိယဆုပူးတွဲကို မကွေးတိုင်းကိုယ်စားပြု ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်နဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြု မုံရွာကွန်ပျူတာတက္ကသိုလ်တို့မှ လည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပတဲ့ MCPA Quiz ပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာကောလိပ်များနဲ့ တက္ကသိုလ်များ၊ […]

Read More

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် မှ ပထမနှစ် ဒီပလိုမာတန်းနှင့် မဟာဝိဇ္ဇာသင်တန်းသားများ ခေါ်ယူ

မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ် ဒီပလိုမာ (အချိန်ပြည့်/အချိန်ပိုင်း) သင်တန်းနဲ့ မဟာဝိဇ္ဇာသင်တန်းသားတ ွေခေါ်ယူနေပါတယ်။ ခေါ်ယူမယ့်သင်တန်းတွေကတော့ ဒီပလိုမာအချိန်ပိုင်း လေးနှစ်သင်တန်း (တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား) ၊ Diploma in English (one year full – time course), Diploma in Thai (Two year full time course), မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာ) သင်တန်းတွေပဲဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရှိပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ ဝင်ခွင့်လျှောက်လွှာတွေကို နိုဝင်ဘာလ ၆ ရက်နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းအားလုံးအတွက် အင်္ဂလိပ်စာ […]

Read More

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များနဲ့ ပြောင်းလဲ တပ်ဆင်ပေးသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ နိုဝင်ဘာလ ၂၅ ရက်မှ စတင် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနဲ့ ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အား ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်တဲ့ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သို့ ပြောင်းလဲတပ်ဆင်မှာ ဖြစ်သလို နိုဝင်ဘာလ ၂၅ ရက်မှ စတင်ကာ အော်တိုတယ်လီဖုန်း နံပါတ်တွေကို ပြောင်းလဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ တယ်လီဖုန်း နံပါတ်အဟောင်းမှ […]

Read More

The Hackathon 2019 နည်းပညာဆိုင်ရာပြိုင်ပွဲ အနိုင်ရရှိသူများ ထွက်ပေါ်လာ

အူရီဒူးမြန်မာနဲ့ UNDP တို့ ပူးပေါင်းကျင်းပတဲ့ The Hackathon 2019 မှာ အနိုင်ရရှိတဲ့အဖွဲ့ ၆ ဖွဲ့ ထွက်ပေါ်လာပါတယ်။ အနိုင်ရရှိသူတွေဟာ စုစုပေါင်း ပြိုင်ပွဲဝင် အရေအတွက် ၂၀၀ ကျော်အနက်မှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်တွေအားလုံးဟာ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့တဲ့ ၂ ရက်ခွဲကြာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အငယ်တန်းအဆင့်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အဖွဲ့တွေကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အတွက် မန္တလေးမြို့မှ Team Glorious, ပညာရေးကဏ္ဍအတွက် ရန်ကုန်မြို့မှ Team MYLP 2K18 နဲ့ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာကဏ္ဍအတွက် ရန်ကုန်မြို့မှ Team F တို့ဖြစ်ကြပြီး မိုဘိုင်းအက်ပလီကေးရှင်းတွေဖြစ်ကြတဲ့ Sein Lan, […]

Read More

MPT မှ Mobile Seminar များကို နိုင်ငံအနှံ့ကျင်းပသွားမည်

MPT အနေနဲ့ ၂၀၁၉-၂၀၂ဝ ခုနှစ်အတွက် Mobile Seminar ပွဲတွေ နိုင်ငံအနှံ့ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါအစီအစဉ်ရဲ့ ရည်ရွယ်ချက်မှာ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်တဲ့ အသိပညာတွေ ပိုမို သိရှိလာစေရန်နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေအပေါ်မှာ စိတ်ကျေနပ်မှုတွေ ပိုမို ရရှိစေရန် ဖြစ်တယ်လို့ သိရပါတယ်။ Mobile Seminar တွေကို နိုင်ငံတစ်ဝန်းလုံးရှိ နေရာဒေသ ၇၀ မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊ မတ်လ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mobile Seminar တွေကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး အဆိုပါ အခမ်းအနားများမှ တစ်ဆင့် သုံးစွဲသူတွေကို သတင်းအချက်အလက်မျှဝေခြင်း၊ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ အင်တာနက်လုပ်ဆောင်မှုများ၊ ဆိုက်ဘာပြစ်မှုနှင့် […]

Read More

သတင်းတုပျံ့နှံ့မှုကို တားဆီးဖို့ Instagram လုပ်ကိုင်နေ

Facebook ဟာ Instagram ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက် အတုတွေကို တားဆီးဖို့ အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ Facebook ရဲ့အချက်အလက်စစ်ဆေးသူတွေက ဖွင့်ချထားတဲ့ သတင်းတု post တွေကို Instagram က “false information” လေဘယ်တွေ ထည့်သွင်းသွားပါမယ်။ အဲဒီလေဘယ်တွေကို လာမယ့်လအတွင်း ဖြန့်ချိသွားမှာ ဖြစ်ပြီး Instagram ရဲ့အဓိက feed နဲ့ Story တွေက post တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက မူလ post တွေကို မြင့်နိုင်ဖို့ See Post ကိုနှိပ်ရပါမယ်။ Instagram အနေနဲ့ ဖွင့်ချခံထားရတဲ့ post ကိုဝေမျှဖို့ ကြိုးစားတဲ့ သုံးစွဲသူတွေကို သတိပေးသွားမှာဖြစ်ပါတယ်။ အဲဒီ post တွေကို […]

Read More

အွန်လိုင်းကစားသူတွေ အချင်းချင်း တိုက်ပွဲဆင်နွှဲနိုင်မယ့် Pokemon Go League Battle

Pokemon Go ကိုထုတ်လုပ်တဲ့ Ninantic ဟာ ပရိသတ်တွေ စောင့်မျှော်နေတဲ့ အွန်လိုင်း battle mode ကို ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းကစားသူ အချင်းချင်း တိုက်ပွဲဆင်နွှဲနိုင်မယ့် Go Battle League ကို ၂၀၂၀ခုနှစ်ကျရင် ထည့်သွင်းသွားမယ်လို့ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့က Niantic ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ Pokemon Go ဂိမ်းမှာ ကစားသူတွေက Pokemon တွေနဲ့ ဒေသတွင်းကစားသူတွေနဲ့ပဲ တိုက်ခိုက်နို်ငပါသေးတယ်။ ဒါမှမဟုတ်လည်း အနီးအနားက Pokemon Go ဂိမ်းကစားသူနဲ့ တိုက်ခိုက်နိုင်တာပါ။ “ကျွန်တော်တို့အနေနဲ့ Trainer Battles တည်ဆောက်နိုင်သွားမယ့် feature ဖန်တီးမှုကို ကြေညာရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အဲဒီ feature ကို GO […]

Read More

iPad မှာ Adobe IIIustrator အသုံးပြုနိုင်တော့မယ်

Adobe အနေနဲ့ ဒီနှစ်အတွင်း iPad အတွက် Photoshop ကိုယူဆောင်လာပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် Adobe Photoshop ကို beta စမ်းသပ်မှုပြုလုပ်နေပါတယ်။ ဒါပေမဲ့ Adobe အနေနဲ့ iPad အတွက် Creative Cloud software ထောက်ပံ့ပေးဖို့ အစီအစဉ်ကို အပြောင်းအလဲပြုလုပ်နေပါတယ်။ iPad အတွက် နောက်ထပ်ထောက်ပံ့ပေးမယ့် Adobe CC app က IIIustrator ဖြစ်တယ်လို့ Bloomberg ကဖော်ပြသခဲ့ပါတယ်။ Adobe ဟာ နိုဝင်ဘာလ အစောပိုင်းပြုလုပ်မယ့် Adobe Max ကွန်ဖရင့်မှာ iPad အတွက် IIIustrator ကို ထုတ်ဖော်ပြသဖွယ်ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှပဲ iPad အတွက်ဖြန့်ချိမယ်လို့ Bloomberg ဖော်ပြသွားခဲ့ပါတယ်။ […]

Read More