Day: October 21, 2019

TTA Mi Myanmar Unicode Font

Xiaomi MIUI ဖုန်းတွေအတွက် ယူနီကုဒ်မြန်မာဖောင့်အလှတွေ အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ဖောင့်အလှကို ခလုတ်တစ်ချက်နှိပ် ရွေးချယ်ကာ ပြောင်းလဲနည်း ၃ မျိုးနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ရောင်စုံဥယျာဉ်လေးထဲက ကိုယ်ပိုင်နေရာ သို့မဟုတ် AltStore

ပါးစပ်က ပြောလိုက်ရုံနဲ့ မြန်မာစာ အလိုအလျောက် ရိုက်ပေးတဲ့ Gboard အကြောင်းကို သူငယ်ချင်းတစ်ယောက်က အားရပါးရ လာဖောက်သည်ချပါတယ်။ ကိုယ့်ရဲ့ iPhone ကြီးမှာ ဒါကိုသုံးမရသေးလို့ တစ်ခါတည်း ရိုက်ခွဲပစ်လိုက်တဲ့သူ ရှိပါသလား။ ဒါမှမဟုတ် ဇာတ်ကားတွေကို အလွယ်တကူ ဒေါင်းလုတ်ဆွဲမရလို့ iPhone ကို အမှိုက်ပုံးထဲ ထည့်လိုက်တဲ့သူရော ရှိပါသလား။ ဒီလို လုပ်မယ့်သူ မရှိပေမယ့် ဒီလိုအဖြစ် ကြုံနေရသူတွေတော့ ရှိကြမှာပါ။ သူတို့အားလုံးက ပန်းဥယျာဉ်လေးထဲမှာ ပျော်ပိုက်နေပေမယ့် အပြင်ဘက်ကို ခဏတဖြုတ် ထွက်သွားကြည့်ချင်တဲ့ သူတွေ ဒါမှမဟုတ် နည်းပညာသမိုင်းရဲ့ တိုက်ပွဲကြီးတစ်ခုကြားက မြေစာပင်တွေသဖွယ် ဖြစ်နေရသူပါ။ ဒီတိုက်ပွဲကြီးက အခုလို သန္ဓေတည်လာခဲ့ပါတယ်။ App တွေရဲ့ အစ ၂၀၀၇ ခုနှစ်အစောပိုင်း iPhone ထွက်လာချိန်မှာ App […]

Read More

Android အတွက် အကောင်းဆုံး အီးမေးလ်ဝန်ဆောင်မှု (၅) ခု

Android ဖုန်းသုံးစွဲသူတွေအနေနဲ့ လုပ်ငန်းနဲ့ တစ်ကိုယ်ရေဆက်သွယ်ရေးအတွက် SMS နဲ့ message ပေးပို့တာ အပြင် အီးမေးလ်သုံးစွဲရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ သုံးစွဲသူက အီးမေးလ်ကို အသုံးပြုမယ်ဆိုရင် အကောင်းဆုံး ဝန်ဆောင်မှုကိုပဲ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် သုံးစွဲသူအတွက် သင့်တော်မယ့် အကောင်းဆုံး အီးမေးလ်ဝန်ဆောင်မှု ၅ ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) Gmail Gmail ဟာ Android ဖုန်းအများစုအတွက် default အီးမေးလ် app ဖြစ်ပါတယ်။ Gmail ဟာအကောင်းဆုံး app တွေထဲကတစ်ခုလို့ ဆိုနိုင်ပါတယ်။ Gmail က Google Mail account အပြင် Exchange, Office 365, Outlook, Hotmail, Live, Yahoo, IMAP […]

Read More

ဈေးနှုန်းသက်သာတဲ့ nova 5z ကို Huawei မိတ်ဆက်

Huawei ဟာ ဇွန်လမှာ nova 5 စီးရီးဖုန်းကို မိတ်ဆက်ခဲ့ပြီးနောက် တစ်လအကြာမှာတော့ nova 5i Pro ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ တရုတ်နိုင်ငံအတွင်း Huawei nova 5z စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Huawei nova 5z ဟာ nova 5i Pro နဲ့ဆင်ပါတယ်။ Huawei nova 5z ကို Kirin 810 chipset ထောက်ပံ့ထားပြီး RAM 6GB ပါဝင်လာပါတယ်။ Storage ကတော့ 64GB ဒါမှမဟုတ် 128GB ကြိုက်ရာရွေးချယ်နိုင်ပါတယ်။ Huawei nova 5z မှာ ၆.၂၆ လက်မ LCD နဲ့အတူ ရှေ့ကင်မရာ 32MP […]

Read More

စဉ့်အိုးဖိုကျောင်းတိုက်မှ ပညာဒါနသင်တန်းများနှင့် ပတ်သက်၍ အတွင်းရေးမှူး ဦးတနိုင်ခနှင့် တွေ့ဆုံခြင်း

နေပြည်တော်ကောင်စီနယ် မြေ၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စဉ့်အိုးဖို ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ကြီးမှူးပြုလုပ်တဲ့ စဉ့်အိုးဖို ကျောင်းတိုက် ပညာဒါန သင်တန်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့အတွင်းရေးမှူး ဦးတနိုင်ခနဲ့ မေးမြန်းခဲ့ပါတယ်။ မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ပညာရေးအတွက် ငွေကြေးနွမ်းပါးတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေကို ထောက်ပံ့တဲ့လုပ်ငန်းအပြင် အခြားလုပ်ငန်းစဉ်တွေအများကြီး ရှိတယ်ဆိုတာကိုတော့ သိထားပါတယ်။ စဉ့်အိုးဖိုကျောင်းတိုက် ပညာဒါနသင်တန်းများကရော ဘယ်လိုပေါ်ပေါက်လာပါသလဲ ခင်ဗျ။ အခြေခံပညာအထက်တန်း ကျောင်းပညာရပ်ဖြစ်တဲ့ နဝမတန်းနဲ့ ဒဿမတန်းကို ဒီကျောင်းမှာ အတွေ့အကြုံရင့် ကျောင်း ဆရာ/ဆရာမများကနေ သင်ကြားပေးခဲ့တာပါ။ ပညာဒါနသင်တန်းက ဘယ်ကစဖြစ်လာလဲဆိုရင် အရင်းခံက စာကြည့်တိုက်ပဲ။ ဆရာတော်ဦးသူရိယက ၂၀၁၅ လောက်မှာ စတင်လှူဒါန်းတည်ထောင်ပြီး ဆွေတော်မျိုးတော်တွေရဲ့ ကောင်းမှုနဲ့ လူငယ်စာကြည့်တိုက် ဖြစ်ပေါ်လာတယ်။ စာကြည့်တိုက် […]

Read More

၀တ်ဆင်အသုံးပြုနိုင်သော ပစ္စည်းများဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း နည်းပညာများအပေါ် လေ့လာကြည့်ရာဝယ်

စွမ်းအင်သည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ မောင်းနှင်အားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရာလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအင်သုံးစွဲမှုသည် လျင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှု အဆင့်အတန်းသည်လည်း မြင့်မားလာသလို စွမ်းအင်လိုအပ်ချက်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။ ထိုသို့စွမ်းအင် လိုအပ်ချက် မြင့်မားတိုးတက်လာခြင်းနှင့်အတူ စွမ်းအင်လို အပ်ချက်ကို ဖြေရှင်းနိုင်ရန် ဘက်စုံဆောင်ရွက် လာခဲ့ကြသည်ကိုလည်း လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာ (Wearable Technology) ဟူသည့် ရေပန်းစားမှုအရှိဆုံး စကားလုံး တစ်ခုလည်းဖြစ်ပေသည်။ ပေါ့ပါးမှုရှိပြီး ရိုးရှင်းလွယ်ကူစွာဖြင့် ဝတ်ဆင်အသုံးပြုနိုင်သော အီလက်ထရောနစ် ပစ္စည်းများကို ခေါ်ဆိုခြင်းလည်း ဖြစ်သည်။ အဆိုပါနည်းပညာသည် ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးသည့် လက်တွင် ဝတ်ဆင်နိုင်သည့် […]

Read More

ဒစ်ဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး

“ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်လာမည်” ယူနီကုဒ်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ဘာသာစကား အာလုံးကို ကွန်ပျူတာစနစ် အမျိုးမျိုးတွင် ရေးဖတ်နိုင်ရန်၊ အပြန်အလှန် တွဲဖက်အသုံးပြုနိုင်ရန်နှင့်အဆင့်မြင့်သော ဘာသာစကားအသုံးပြုခြင်း ဆောင်ရွက်မှုများ စွမ်းဆောင်နိုင်ရန် ရည်ရွယ်၍ အက္ခရာများအား နံပါတ်သတ် မှတ်သိမ်းဆည်းခြင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်ပါသည်။ ယူနီကုဒ်စံစနစ်ကို Unicode Consortium အဖွဲ့အစည်းက နိုင်ငံတကာ စံချိန်စံညွှန်းအဖွဲ့အစည်း (International Standard Organization, ISO) နှင့် နိုင်ငံတကာအီလက်ထရောနစ်ဆိုင်ရာ နည်းပညာကော်မရှင် (International Electrotechnical Commission, IEC) တို့နှင့် ပူးပေါင်းကာ နည်းပညာအချက်အလက်များ (Character Database, Technical Standards, Technical Notes, Common Locale Data Repository) ကိုသတ်မှတ်ပြီး ပြဋ္ဌာန်းထုတ် […]

Read More

OnePlus 8 အပြင် OnePlus 8 Pro ကိုထပ်မံမိတ်ဆက်နိုင်

OnePlus ဟာ 7T နဲ့ 7T Pro ကိုထုတ်ဖော်ပြသပြီး တစ်လအကြာမှာ OnePlus 8 မိတ်ဆက်မယ့်သတင်းနဲ့ သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ အခုအခါမှာလည်း OnePlus 8 Pro အမည်ရ ထုတ်ကုန်သစ် သတင်းနဲ့ ပုံတွေထွက်လာပါတယ်။ ပုံတွေအရ OnePlus 8 Pro မှာ 7 Pro နဲ့ 7T Pro လိုမျိုး punch hole display ပါဝင်တာ တွေ့ရပါတယ်။ OnePlus 8 Pro ဟာ OnePlus 8 နဲ့သိပ်မကွာခြားပါဘူး။ ဒါပေမဲ့ OnePlus 8 Pro ကျောဘက်မှာ 3D ToF sensor နဲ့ကင်မရာ sensor တွေပါဝင်လာပါတယ်။ […]

Read More