Day: October 16, 2019

Google
News

Google Pixel 4 နဲ့ Pixel 4 XL ကိုအိန္ဒိယမှာ ဖြန့်ချိမှာ မဟုတ်

Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို နိုင်ငံရပ်ခြားဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ ဖြန့်ချိမှာ မဟုတ်ဘူးလို့ Google ကပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Pixel 4 ဖုန်းမှာ Project Soli နည်းပညာပါဝင်ပြီး 60GHz mmWave လှိုင်းကို အသုံးပြုဖို့ ရေဒါအခြေခံ လှုပ်ရှားမှုခြေရာခံ ချစ်ပ်ကို ထည့်သွင်းထားပါတယ်။ Google ဟာ ကြိမ်နှုန်းကို အသုံးပြုဖို့ အိန္ဒိယ အတွင်းက အာဏာပိုင်ဆီက ခွင့်ပြုချက် မရခဲ့ပါဘူး။ အဲဒီကြိမ်နှုန်းကို စီးပွားဖြစ် အသုံးပြုဖို့ အိန္ဒိယမှာ ခွင့်မပြုထားပါဘူး။ အမေရိကန်မှာတော့ Soli စီးပွားဖြစ်အသုံးပြုနိုင်ဖို့ ဒီနှစ်အစောပိုင်းမှာ FCC က ထောက်ခံချက်ပေးခဲ့ပါတယ်။ Pixel စမတ်ဖုန်းပေါ်က ရေဒါ sensor က လူသားနဲ့ […]

Read More
Android
Download

TIpitaka Myanmar

ပိဋကတ်သုံးပုံကို မြန်မာပြန်အနက်အဓိပ္ပာယ်နဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မိမိ မှတ်သားထားချင်တဲ့ အကြောင်းအရာကိုလည်း App ထဲမှာ မှတ်စုအနေနဲ့ သိမ်းမှတ်ထားနိုင်မှာဖြစ်ပြီး စာလုံးဖောင့်အရွယ်အစားနဲ့ App ရဲ့ Theme ကို မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Google
News

တစ်ရက်လုံး အသုံးပြုနိုင်တဲ့ ဒုတိယမျိုးဆက် Pixel Buds 2 ကို Google ပြသ

Google ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ဒုတိယမျိုးဆက် Google Pixel Buds 2 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ပွဲအတွင်းမှာ Google က Pixel Buds 2 ဒီဇိုင်းနဲ့ feature တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ နားကြပ်နဲ့ပတ်သက်ပြီး မိတ်ဆက်တဲ့ အချက်အလက်တွေကတော့ နည်းပါးပါတယ်။ Pixel Buds မှာ အသံနဲ့ထိန်းချုပ်နို်ငတဲ့ Google Assistant လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ မိုဘိုင်းဖုန်းလိုမျိုး သီချင်းထိန်းချုပ်မှုတွေနဲ့ ဘာသာပြန်တာအပြင် အခြားလုပ်ဆောင်ချက်တွေ လုပ်နိုင်ဖွယ်ရှိပါတယ်။ Bluetooth နဲ့ချိတ်ဆက်နိုင်တဲ့ Pixel Buds ဟာ အမေရိကန်ဘောလုံးကွင်းအကွာအဝေးကနေ အထိ ဖုန်းနဲ့ချိတ်ဆက်ထားနိုင်တယ်လို့ Google ကပြောခဲ့ပါတယ်။ နားကြပ်ကို နားထဲလုံခြုံစွာ ထည့်ထားနိုင်ဖို့ fin ဒီဇိုင်းကို အသုံးပြုထားပါတယ်။ နားကြပ်ရဲ့ hybrid […]

Read More
Local
News

အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက အကူညီတောင်းခံနိုင်မည့် 191 Report App

အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ 191 Report App အသုံးပြုပြီး အကူညီတောင်း ခံနိုင်ပါတယ်။ မီးဘေးအန္တရာယ် အပါအဝင် အခြားဘေးအန္တရာယ် တစ်ခုခု အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပါက ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်ပြီး 191 Report ဖုန်း Application မှ တစ်ဆင့် အကူညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ် ကြုံလာပါက Application ကို ဖွင့်လိုက်ရုံဖြင့် ဖုန်းကင်မရာ Auto ပွင့်လာမှာဖြစ်ပြီး အန္တရာယ်ကြုံ တွေ့နေတဲ့နေရာမှဓာတ်ပုံကို ရိုက်ပြီးပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ ၂၄ နာရီစောင့်ကြပ်ကြည့်ရှုတဲ့ Command & Control Center ကိုရောက်ရှိမှာဖြစ်ပြီး အန္တရာယ်ကြုံတွေ့နေတဲ့နေရာကို အကူညီပေးအပ်မှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ 191 Report ဖုန်း Application […]

Read More
News
Tech

Daydream VR ကို Google ရပ်ဆိုင်း

Google ရဲ့ Daydream ဟာ Android ရဲ့ built-in virtual reality platform ဖြစ်ပြီး အခုအခါမှာ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Google ဟာ နှစ်စဉ်ကျင်းပနေကျ hardware ထုတ်ကုန်မိတ်ဆက်ပွဲမှာ Pixel 4 နဲ့ Pixel 4 XL အတွက် Daydream မထောက်ပံ့ထားဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Google ဟာ Daydream View headset တွ ေရောင်းချမှုကို ရပ်တန့်ခဲ့ပါတယ်။ အနာဂတ် Android ထုတ်ကုန်တွေအတွက် Daydream ကိုထောက်ပံ့ဖို့ အစီအစဉ်မရှိဘူးလို့ Google ကပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Daydream app နဲ့ store ကို ဆက်လက်ထားရှိသွားပါမယ်။ Pixel 4 […]

Read More
Google
News

Pixel 4 နဲ့ Pixel 4 XL ကို Google မိတ်ဆက်

Google ဟာ လူအများစိတ်ဝင်တစား စောင့်မျှော်နေတဲ့ Pixel 4 နဲ့ Pixel 4 XL ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို နယူးယောက်စီးတီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Pixel 4 ကို အဖြူ၊ အနက်နဲ့ လိမ္မော် (ကန့်သတ်) ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ အောက်တိုဘာ ၂၄ ရက်မှာ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pixel 4 နဲ့ Pixel 4 XL ထုတ်ကုန်တွေကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီတွေက ရောင်းချမှာ ဖြစ်ပါတယ်။ ပုံမှန် Pixel 4 က ဒေါ်လာ ၇၉၉ ကျသင့်မှာ ဖြစ်ပြီး Pixel 4 XL […]

Read More
Education
News

ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Executive Master of Banking and Finance – EMBF) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရမှာဖြစ်ပြီး ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် အဆင့်မြင့်စီမံခန့်ခွဲမှုအတွေ့အကြုံ သို့မဟုတ် လုပ်သက် (၅) နှစ် ရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မှာ အသက် (၃၀) ပြည့်ပြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ အောက်တိုဘာ ၁၇ ရက် မှ စတင် ရယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထား […]

Read More
Education
News

နေပြည်တော်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့နှင့် ဖွံဖြိုးမှုပညာမဟာဘွဲ့ သင်တန်းများ ဖွင့်လှစ်မည်

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန နေပြည်တော်မှာ တန်းခွဲအဖြစ် မဟာဘွဲ့သင်တန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့ (MBF) နဲ့ ဖွံဖြိုးမှုပညာ မဟာဘွဲ့ MDevS သင်တန်းတွေကို ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ MBF & MDevS သင်တန်းတွေကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တက်ရောက်ရမှာ ဖြစ်ပြီး သင်တန်းကာလ ၂ နှစ်ကြာမြင့်မှာဖြစ်တဲ့ မဟာဘွဲ့သင်တန်းတွေဖြစ်တယ်လို့ သိရပါတယ်။ မဟာဘွဲ့ တက်ရောက်လိုသူတွေ အနေနဲ့ အသိမှတ်ပြု တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမှာဖြစ်ပြီး အခြားတက္ကသိုလ် တစ်ခုခုမှာ အခြားသင်တန်းတက်ရောက်နေသူ မဖြစ်စေဖို့ လိုအပ်ကြောင်း၊ သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။ အစိုးရဌာနဖြစ်ပါက အနည်းဆုံး ပြန်တမ်းဝင်အရာရှိ […]

Read More
News
Tech
Xiaomi

Redmi Note ထုတ်ကုန် သန်း ၁၀၀ ကျော်ကို Xiaomi ရောင်းချခဲ့ရ

Xiaomi ရဲ့အမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Redmi ဟာ အလွန်အောင်မြင်တဲ့ Note စီးရီးဖုန်းတွေကို ထုတ်လုပ်နေပါတယ်။ အခုဆိုရင် ၂၀၁၄ ခုနှစ်က စတင်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးဆီကို ဖြန့်ချိနေတဲ့ Redmi Note ထုတ်ကုန်တွေဟာ သန်း ၁၀၀ ကျော်အထိ ရောင်းချခဲ့ရတယ်လို့ Xiaomi က ထုတ်ပြန်ထားပါတယ်။ ဒီနှစ် မတ်လအကုန်မှာ Redmi Note 7 စီးရီးဖုန်း ၄ သန်းကျော် တင်ပို့ရောင်းချရသလို အခြားသမိုင်းမှတ်တိုင်တွေလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့ ဇူလိုင်လမှာ Redmi Note 7 ကို ၁၅ သန်းအထိ ရောင်းချခဲ့ရပြီး အခုဆိုရင် အလုံးရေ သန်း၂၀ အထိရောင်းချခဲ့ပါတယ်။ နောက်ဆုံးပေါ်ထုတ်ကုန်တွေထဲမှာ Redmi Note 8 နဲ့ Redmi […]

Read More
Education
News

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှ AGTI ပထမနှစ် ဝင်ခွင့် လျှောက်လွှာခေါ်ယူ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နဲ့ ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်း တည်ထောင်ထားသော ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (Japan-Myanmar Aung San Vocational Training Institute) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသား ခေါ်ယူမယ်လို့ သိရပါတယ်။ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (Automotive Technology (Maintenance))၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (Eletrical Engineering (Industry)) သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၃ နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ လက်မှတ်ပေးအပ်မှာ ဖြစ်ပါတယ်။ A.G.T.I ၃ နှစ်သင်တန်းပြီးဆုံးပြီး သတ်မှတ် အရည်အချင်း ပြည့်မီပါက နည်းပညာတက္ကသိုလ်တွေရဲ့ သက်ဆိုင်ရာ တတိယနှစ်သင်တန်းတွေကို ပေါင်းကူးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ […]

Read More