Day: October 9, 2019

ONE STEP FILM FORUM ကျင်းပမည်

ONE STEP FILM FORUM ကို Goethe-Institut Myanmar မှ အောက်တိုဘာ ၁၁ ရက် မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားမှာ ရုပ်ရှင် ၁၁ ကား ပြသမှာ ဖြစ်ပြီး မြန်မာ အလွတ်တန်း ရုပ်ရှင်ဖန်တီးသူတွေ ဖန်တီးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ ဇာတ်လမ်းရုပ်ရှင်တို့ ပါဝင်မှာဖြစ်ပါတယ်။ ရုပ်ရှင်များဖြင့် လူသားချင်း စာနာ ထောက်ထားမှုကို မြှင့်တင်ရန်နှင့် ယခုပြသသော ရုပ်ရှင်များဖြင့် လူနည်းစုတို့ရဲ့ တိတ်ဆိတ်နေသော အသံများကို မြှင့်တင်နိုင်ရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခု ONE STEP FILM FORUM အတွက် ဒေသခံ ကျွမ်းကျင်သူဒိုင်လူကြီးများမှ ရွေးချယ်မှု မပြုလုပ်ခင် မြန်မာရုပ်ရှင်ဖန်တီး သူများမှ […]

Read More

PlayStation 5 နဲ့ပတ်သက်ပြီး သိသင့်သမျှ

Sony က မျိုးဆက်သစ် PlayStaion ဂိမ်းစက်ကို ဧပြီလမှာ ထုတ်ပြန်မိတ်ဆက်ခဲ့ပြီး မေလမှာ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မျိုးဆက်သစ် PlayStation 5 ဟာ PlayStation 4 ကို များစွာ အဆင့်မြှင့်တင်မှု ပြုလုပ်ထားပါတယ်။ အောက်တိုဘာ ၈ ရက် (အင်္ဂါနေ့) က Sony ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂျင်မ်ရိုင်ယန်က PS5 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခဲ့သလို ထွက်ရှိမယ့်ရက်ကိုလည်း အသိပေးခဲ့ပါတယ်။ PlayStation 5 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ PS5 ဘယ်အချိန်ထွက်ရှိမလဲ PlayStation 5 ကို ၂၀၂၀ ခုနှစ် အားလပ်ရက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ PS5 မှာဘာတွေ ပါဝင်လာမလဲ ရုပ်ထွက်ပိုင်းဂိမ်းစက်သစ်မှာ […]

Read More

Zeyar Wiki

စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာရွှေမြေရဲ့ အချက်အချာဖြစ်တဲ့ မုံရွာမြို့ကနေစတင်ပြီး ဒေသတစ်လုံးရဲ့ အချက်အလက်တွေကို သုံးစွဲသူကိုယ်တိုင် ရှာဖွေအသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ မုံရွာမြို့ရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ခရီးသွား၊ အရေးပေါ်ဖုန်းနံပါတ် လိပ်စာအကြောင်းအရာတွေ၊ အချက်အလက်တွေ၊ ရာသီဥတုအခြေအနေ၊ ပရိုမိုးရှင်းပွဲ၊ ရုပ်ရှင်များ၊ အစားအသောက်ဆိုင် စတဲ့ လိပ်စာတွေကိုလည်း အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ပြည်တွင်း အစားအသောက်နှင့် ခရီးသွားလာမှုအခန်းကဏ္ဍအတွက် Chatbot ဝန်ဆောင်မှု Balobot ကို မိတ်ဆက်

ပြည်တွင်း အစားအသောက်နဲ့ ခရီးသွားလာမှုအခန်းကဏ္ဍကို ပိုမိုလျင်မြန်လွယ်ကူစေမယ့် Chatbot ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Balobot ကို Go With Me နဲ့ပူးပေါင်းကာ စတင် မိတ်ဆက်လိုက်ပါတယ်။ “ကျွန်မတို့ Balobot က Cloud based chatbot ပလက်ဖောင်းတစ်ခုဖြစ်ပြီး Messenger/Viber စတဲ့ Chat app တွေရဲ့ အချက်အလက်တွေ အလွယ်တကူ့ ရယူနိုင်ဖို့အတွက် အဓိက ဝန်ဆောင်မှု ပေးတာဖြစ်ပါတယ်။ လက်ရှိ အစားအသောက်နဲ့ ခရီးသွား Review တွေရေးတဲ့ Go With Me Blog နဲ့ ပူးပေါင်းပြီး Review တွေရဲ့ အမျိုးအစားအလိုက် အကြောင်းအရာတွေကို လျင်လျင်မြန်မြန်နဲ့ အလွယ်တကူ ရှာနိုင်မယ့် Chatbot တစ်ခုကို တည်ဆောက်ပေးထားပါတယ်” လို့ […]

Read More

၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို) နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ် စုစုပေါင်း (၂၇) ကျောင်းက ခေါ်ယူနေတာပါ။ လျှောက်ထားလိုသူတွေက တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင်တဲ့ ဘာသာတွဲများနဲ့ အောင်မြင်ထားသူတွေဖြစ်ရမှာ ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာစုစုပေါင်း […]

Read More

၂၀၂၀ ခုနှစ်မှာ ထုတ်ကုန်အားလုံးအတွက် Android 10 ကိုဖြန့်ချိမယ်လို့ Google အတည်ပြု

Google ဟာ Android 10 ကို စက်တင်ဘာလ အစောပိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ Android 10 ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် အပြီးမှာ ဖုန်းအားလုံးအတွက် ဖြန့်ချိသွားမယ်လို့ Google ကအတည်ပြုခဲ့ပါတယ်။ Android 10 အခြေခံ build တစ်ခုကို OEM ကထောက်ပံ့ပေးထားပြီး GMS (Google Mobile Services) အသုံးပြုမှုကို Google ကထောက်ခံပေးသွားပါမယ်။ အဲဒီသတင်းကို XDA Developers ကပြောခဲ့ပါတယ်။ ဖုန်းထုတ်လုပ်သူတွေအားလုံးက သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ် software ကိုထောက်ပံ့လာအောင် အခုအဆင့်ကို ပြုလုပ်လိုက်တာ ဖြစ်ပြီး Google ကလည်း အချိန်နဲ့တစ်ပြေးညီ လုံခြုံရေး update တွ ေပေးလာနိုင်ပါမယ်။ ၂၀၂၀၊ […]

Read More

CV Form စနစ်တကျရေးသားခြင်း အပါအဝင် လုပ်ငန်းခွင်အကျိူးပြု အင်္ဂလိပ်စာသင်တန်းများ အခမဲ့ တက်ရောက်နိုင်

CV Form ကို စနစ်တကျရေးသားခြင်း အပါအဝင် လုပ်ငန်းခွင်အကျိူးပြု အင်္ဂလိပ်စာသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်မယ်လို့ Wall Street English Myanmar မှသိရပါတယ်။ How to write the prefect CV (CV Form စနစ်တကျရေးသားခြင်း) သင်တန်းကို အောက်တိုဘာ ၂၉ ရက်၊ ညနေ ၆ နာရီခွဲမှ ည ၈ နာရီခွဲ အထိ Wall Street English Center 3 ရှိရာ Myanmar Plaza မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “သင်တန်းသားမဟုတ်တဲ့သူတွေ အတွက် လစဉ် အခမဲ့တက်ရောက်နိုင်မယ့် အတန်းချိန်တွေကို စီစဉ်ထားပါ တယ်၊ အဲဒီအချိန်တွေမှာ သင်တန်းကျောင်းကို အခမဲ့ […]

Read More

မုံရွာတက္ကသိုလ်မှ စီးပွားရေးဥပဒေပညာဒီပလိုမာ အချိန်ပိုင်းသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

မုံရွာတက္ကသိုလ်ဥပဒေဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ အချိန်ပိုင်းသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ စတင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းကို နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ NGOs အမှုထမ်းတွေ ပုဂ္ဂလိကကဏ္ဍ ဆောင်ရွက်နေကြသူတွေ အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် ၇ နာရီမှ ၉ နာရီ ဖြစ်ပါတယ်။ သင်တန်းကြေးမှာ နှစ်သိန်းကျပ်ဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၄ ရက်မှ စတင် ရယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ […]

Read More

အောက်တိုဘာ ၁၅ ရက်မှာ မိတ်ဆက်မယ့် Realme X2 Pro

Realme ဟာ အောက်တိုဘာ ၁၅ ရက်မှာ X2 Pro ကို တရားဝင် မိတ်ဆက်မယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ပွဲကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ X2 Pro ကို အာရှနဲ့ ဥရောပမှာ တစ်ပြိုင်နက်တည်း မိတ်ဆက်မယ်လို့ Realme ကပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း Realme X2 Pro ကို အာရှမှာ မိတ်ဆက်မယ့် သတင်းကို မတွေ့ရသေးပါဘူး။ Realme X2 Pro ဟာ ကုမ္ပဏီရဲ့ပထမဆုံး စစ်မှန်တဲ့ flagship ဖုန်းဖြစ်ပါတယ်။ X2 Pro မှာ Snapdragon 855+ SoC, 90Hz display နဲ့ 64MP အပါအဝင် ကင်မရာ ၄ လုံးနဲ့ […]

Read More

ကြော်ငြာတွေရောင်းချဖို့ သုံးစွဲသူဖုန်းနံပါတ်တွေကို Twitter အသုံးချခဲ့

Twitter ဟာ ကြော်ငြာတွေရောင်းချဖို့ account လုံခြုံရေးအတွက် သုံးစွဲသူက ပေးထားတဲ့ ဖုန်းနံပါတ်တွေနဲ့ အီးမေးလ်လိပ်စာတွေကို အမှုမဲ့အမှတ်မဲ့ အသုံးပြုခဲ့ပါတယ်။ အဲဒီကိစ္စကို Twitter ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဇူလိုင်လမှာ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) က Facebook အနေနဲ့ အလားတူကိစ္စမျိုးကို ပြုလုပ်ချိန်မှာ ဥပဒေချိုးဖောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သုံးစွဲသူ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်မှုတွေအတွက် FTC က Facebook ကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်ခဲ့ပါတယ်။ Twitter သုံးစွဲသူတွေဟာ two-factor authentication လိုမျိုး ဝန်ဆောင်မှုတွေကတစ်ဆင့် account ကို လုံခြုံအောင် ပြုလုပ်ပေးနိုင်ဖို့ သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ လူဘယ်လောက်ထိခိုက်လဲဆိုတာ မပြောနိုင်သေးပေမယ့် ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးပမ်းနေပါတယ်။ လူတိုင်းကို သတိထားစေချင်ပါတယ်” […]

Read More