နေ့စဉ်ဘဝဖြတ်သန်းမှုအတွက် အထောက်အကူပြု စာပေတွေကို ဖုန်းကနေ အလွယ်တကူ ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ ဗဟုသုတရစေတဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreSony ဟာ ဂျပန်နိုင်ငံမှာ အလယ်အလတ်တန်းစား Xperia 8 ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Xperia 8 မှာ 21:9 display နဲ့ မျက်နှာပြင် ၆ လက်မ ပါဝင်ပြီး Xperia 10 နဲ့ဆင်တူပါတယ်။ အဲဒီထုတ်ကုန်မှာ Gorilla Glass 6 ကို ရှေ့ဘက်နဲ့ နောက်မှာပါ အသုံးပြုထားပါတယ်။ Xperia 8 ရဲ့ကျောဘက်မှာ 12MP F/1.8 အဓိက ကင်မရာနဲ့ 8MP F/2.4 ultrawide angle ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ ရှေ့ဘက်မှာတော့ ၆ လက်မ FHD+ 21:9 display နဲ့ 8MP F/2.0 selfie ကင်မရာကို […]
Read Moreပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Google က သူတို့ကိုယ်သူတို့ ကွမ်တမ်အရာမှာ နှာတစ်ဖျားသာသွားပြီလို့ ကြွေးကြော်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ ပြေးပွဲမှာ တခြားသူတွေထက် ခြေတစ်လှမ်းမက သာနေပြီလို့ ဆိုချင်တာပါ။ ဒီသတင်းကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (နာဆာ) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ပန်းမဝင်ခင် တက်မထောင်ချင်တဲ့ စိတ်ကို ချိုးနှိမ်တဲ့သဘောနဲ့ အချိန်အနည်းငယ်အတွင်း သတင်းကို ပြန်ဖြုတ်ပစ်ခဲ့ပါတယ်။ ဒီသတင်းကို The Financial Times သတင်း စာကြီးက မိမိရရဖမ်းဆုပ်ပြီး ပြန်လည် ဖော်ပြလိုက်တဲ့အခါမှာတော့ “ပရိုဂရမ်သွင်းနိုင်တဲ့ စူပါပရိုဆက်ဆာတွေကို အသုံးပြုပြီး ကွမ်တမ် အသာစီးရယူခြင်း” ခေါင်းစဉ်နဲ့ Google ရဲ့ စာတမ်းက နည်းပညာချစ်သူတွေအတွက် စိတ်ဝင်စားစရာ […]
Read Moreအွန်လိုင်းပေါ်ကနေ ရောင်းဝယ်မှုတွေ ပြုလုပ်ဖို့ အဓိကဘယ်လို အခက်အခဲတွေရှိလဲ။ မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်တွေ ခေတ်စားလာပြီးတော့ ၂၆ သန်းသော ပြည်သူတွေဟာ အခုဆို Facebook တွေ သုံးလာကြ ပြီ။ သန်း ၂၀ ဟာဆိုရင် Viber ကို အသုံးပြုလာကြပြီ။ နောက်မိုဘိုင်းဖုန်း အသုံးပြုတဲ့သူဟာဆိုရင် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော် ရှိလာပြီ။ ဒီအခြေအနေတွေ အကုန်လုံးကို လိုက်ပြီးတော့ eCommerce ပလက်ဖောင်းပေါ်ကနေ ပြုလုပ်ရတာ အများကြီးအကျိုးရှိတယ်၊ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ယူဆောင်လာပါတယ်။ အခွင့်အလမ်းဆိုတာ ဘယ်လိုအခွင့် လမ်းမျိုးလည်းဆိုရင် လူထုကိုပညာပေးရမယ့် အခွင့်အလမ်းမျိုး ပါ။ ဒါက စားသောက်ကုန်လုပ် ငန်းဖြစ်တဲ့အတွက် စားသောက် ကုန်လုပ်ငန်းကနေ ဘေးအန္တရာယ် ကင်းရှင်းရေးက အလွန်အရေးကြီးပါတယ်။ လူထုကိုအစားသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအနေနဲ့ […]
Read MoreFaceboook ဟာ ဒီနှစ်အစောပိုင်းမှာ Group Stories feature ကိုဖြန့်ချိပြီးနောက် ပြီးခဲ့တဲ့လက အဲဒီ feature ကိုပိတ်သိမ်းလိုက်ပါတယ်။ အခုဆိုရင် ကုမ္ပဏီက Instagram မှာ အလားတူ feature ကိုစမ်းသပ်နေပါတယ်။ Instagram မှာ story တစ်ခု ဖန်တီးတဲ့အခါမှာ သုံးစွဲသူက “share to Group Story” ဆိုတဲ့ ရွေးချယ်မှုအသစ် ပါဝင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ story က group message thread ထဲမှာပဲ ပေါ်မှာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ဖွဲ့က ပွဲတစ်ခုတည်းကို တက်ရောက်တဲ့အခါမှာ Group Story ကအသုံးဝင်လာနိုင်ပါတယ်။ တစ်နေရာတည်းမှာ သုံးစွဲသူရဲ့ story တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကဏ္ဍတစ်ခုအတွက် ရည်ရွယ်တဲ့ […]
Read MoreGarmin ဟာ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် Disney ဒီဇိုင်း ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က Garmin ဟာ Frozen 2 နဲ့ Star Wars ဒီဇိုင်း Vivofit Jr. fitness tracker နှစ်မျိုးကို မိတ်ဆက်ခဲ့သလို ဆယ်ကျော်သက်တွေအတွက် Garmin Legacy Saga series ဖြစ်တဲ့ Star Wars ထုတ်ကုန် နှစ်မျိုးကိုလည်း ပြသခဲ့ပါတယ်။ VIVOFIT JR. 2 SERIES ထုတ်ကုန်သစ်များ လက်ရှိထုတ်လုပ်ထားတဲ့ Vivofit Jr.2 ထုတ်ကုန်မှာ Disney မင်းသမီးလေး၊ မီနီမောက်စ်၊ စပိုက်ဒါမန်း၊ Star Wars နဲ့ Marvel Avengers ဒီဇိုင်းတွေ ပါဝင်လာပါတယ်။ အသစ်ထွက်ရှိလာတဲ့ […]
Read Moreအာဆီယံ၏တီထွင်ဖန်တီးမှု အားအကောင်းဆုံးနှင့် ရာသက်ပန်သင်ကြားရေးစင်တာတစ်ခု အဖြစ် တည်ထောင် ထားတဲ့ SEAC အနေနဲ့ Scaling Your Business: Grow-Connect-Leverage Business Success)’ ခေါင်းစဉ်ဖြင့် Exclusive Conference ကို နိုဝင်ဘာ ၁၄ ရက်၊ Melia Yangon Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ Exclusive Conference မှာ မြန်မာနိုင်ငံမှ အရည်အချင်းရှိသူတွေနဲ့ ခေါင်းဆောင်များ အရည်အသွေးတိုးတက်ရေးနှင့် အရှိန်မြှင့်တင်ရေး၊ စိတ်ဓာတ်နှင့်ယဉ်ကျေးမှုကို ၁၀ ဆ သာလွန်အောင်ပြုလုပ် ရေး၊ အောင်မြင်ရေးအတွက် အဓိကအချက်ကို လုပ်ဆောင်ခြင်း၊ လုပ်ငန်းလျင်မြန်စွာ လည်ပတ်ရေး၊ သင်၏ လုပ်ငန်းပုံစံနှင့်လုပ်ဆောင်ချက်များအား ပြန်လည်တွေးခေါ်ခြင်း၊ စနစ်တကျတွေးခေါ်ခြင်းနှင့် အောင်မြင်ခြင်းလမ်းစဉ်၊ ထိုင်းနိုင်ငံမှစီးပွားရေးလုပ်ငန်းတစ်ခု မည်သို့တိုးတက်လာပုံ စတဲ့ ခေါင်းစဉ်များအလိုက် […]
Read MoreVivo မှ ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up ရှေ့ကင်မရာနှင့် စုစုပေါင်းကင်မရာ (၆) လုံးပါ၀င်သော V17 Pro ကို ငွေကျပ် (၆၂၉,၈၀၀) ကျပ်ဖြင့် အောက်တိုဘာ (၅) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ဖုန်းဆိုင်များ တွင် ၀ယ်ယူနိုင်ပြီဖြစ်သည်။ First sale ကာလတွင် ၀ယ်ယူအားပေးသည့် သုံးစွဲသူပရိသတ်များကို Vivo မှ Gift Box များပြန်လည်ပေးအပ်သွားပါမည်။ Vivo V17Pro မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး Vivo ၏ Brand Ambassadors များဖြစ်ကြသော ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦးတို့အပြင် အခြားအနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ Vivo […]
Read Moreမြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်သော ဒီပလိုမာသင်တန်းများ၊ မဟာဘွဲ့သင်တန်းများနှင့် Certificate သင်တန်းတွေအကြောင်း လက်လှမ်းမီသလောက် စုစည်းတင်ပြလိုက်ပါတယ်။ အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများ Global English Course ကတော့ အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ Level ၅ ခု တက်ရောက်ရမှာဖြစ်ပြီး ၅ ခုလုံး အောင်မြင်မှသာ ဒီပလိုမာလက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ တစ်နှစ်ကိုသုံးကြိမ် လျှောက်လွှာခေါ်ယူလေ့ရှိပြီး အွန်လိုင်းကနေပဲ လျှောက်ထားရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ မြန်မာနိုင်ငံပညာရေး ၀န်ကြီးဌာနက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရမှာဖြစ်ပါတယ်။ Seameo Chat သင်တန်း အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနကနေ CHAT Communication in English Language Course ကို […]
Read MoreGoogle သုတေသီတွေဟာ Android ထုတ်ကုန်များစွာက အရေးကြီးတဲ့ လုံခြုံရေးအားနည်းချက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပြဿနာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြုပြင်ထားဖူးတယ်လို့ သိရပါတယ်။ လုံခြုံရေးအားနည်းချက်ရှိတဲ့ ဖုန်းတွေထဲမှာ Pixel, Pixel 2, Huawei P20, Samsung Galaxy S7, S8 နဲ့ S9 တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Redmi 5A, Redmi Note 5, Xiaomi A1, Oppo A3 နဲ့ Moto Z3 တို့လည်း စာရင်းထဲပါဝင်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အားနည်းချက်ကို လွန်ခဲ့တဲ့တစ်ပတ်လောက်က တွေ့ရှိခဲ့ပေမယ့် အရေးမကြီးဘူးလို့ ယူဆခဲ့ပြီး သုံးစွဲသူခွင့်ပြုချက်နဲ့ အန္တရာယ်ရှိ software သွင်းဖို့လိုအပ်တဲ့ အားနည်းချက်လို့ Google […]
Read More