Day: October 3, 2019

Google Assistant အတွက် အသံအသစ်ကို ဘယ်လိုပြောင်းသုံးမလဲ

Google ရဲ့ AI-powered Assistant ဖြစ်တဲ့ Google Assistant ကို စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ပိုမိုလူသားဆန်တဲ့ အသံအသစ် ခြောက်မျိုးကို စမ်းသပ်အသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ အဆိုတော် John Legend ရဲ့ အသံနဲ့ အသုံးပြုနိုင်မယ်လို့ ကြေညာထားပါသေးတယ်။ မိမိရဲ့ Android ဖုန်းမှာ Google Assistant စနစ် ထောက်ပံ့ ပါဝင်တယ်ဆိုရင်တော့ အသံထွက် အသစ်တွေကို အောက်ပါနည်းလမ်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး Google Assistant ကို ဖွင့်ဖို့အတွက် ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Hey Google ဆိုပြီး ပြောလိုက်ပါ။ ဒါဆိုရင်တော့ Google Assistant ပွင့်လာမှာဖြစ်ပြီး မြင်ကွင်းရဲ့ ညာဘက်ဘောင်နားက အပြာရောင် ဈေးဝယ်အိတ်ပုံစံ […]

Read More

Facebook နှင့် Vivo Myanmar တို့ ပူးပေါင်း၍ ဒီဂျစ်တယ်သိနားလည်မှုဆိုင်ရာ အသိပညာပေးအစီအစဉ် ပြုလုပ်မည်

Vivo Myanmar နဲ့ Facebook တို့ ပူးပေါင်းပြီး ဒေသခံပြည်သူများ အင်တာနက်ကို တာဝန်သိစွာ အသုံးပြုနိုင်ရေး အသိပညာပေးရန် ပံ့ပိုးကူညီမယ့် ဒီဂျစ်တယ်သိနားလည်မှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်တဲ့ “Internet 1O1” (Internet One on One) ကို စတင်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်မှတစ်ဆင့် ပြည်သူများမှာ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ ကျွမ်းကျင်သူများထံ အင်တာနက်အကြောင်းနဲ့ အင်တာနက်ကို တာဝန်သိစွာ အသုံးပြုပုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ “အခုလို Facebook နဲ့အတူ ဒီဂျစ်တယ်သိနားလည်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာ မိပါတယ်။ ဒီ ပူးပေါင်းဆောင်ရွက်မှုကနေ လူမှုအသိုင်းအဝိုင်းအတွက် အများကြီး အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” […]

Read More

Microsoft က Surface Laptop 3, Pro 7 နဲ့ Pro X ကို ထုတ်ဖော်မိတ်ဆက်

Microsoft ဟာ နှစ်စဉ်ကျင်းပနေကျ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Windows 10 ထောက်ပံ့ထားတဲ့ Surface ထုတ်ကုန်တွေအပြင် Surface Slim Pen ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်တွေကတော့ Surface Laptop 3, Surface Pro 7 နဲ့ Surface Pro X တို့ပဲဖြစ်ပါတယ်။ Surface Laptop 3 Surface Laptop 3 ဟာ အရင်မျိုးဆက်နဲ့ အနည်းငယ်ကွာခြားပါတယ်။ မျိုးဆက်သစ် Surface Laptop 3 မှာ ထူးခြားတဲ့ Alcantara finish ကိုအသုံးပြုထားတဲ့အတွက် လက်ကောက်ဝတ်ကို သက်သာစေပါတယ်။ ပုံမှန် အခြားမော်ဒယ်တွေမှာတော့ အလူမီနီယမ်ကိုပဲ အသုံးပြုထားတဲ့အတွက် သုံးစွဲသူက နှစ်သက်ရာမော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ Surface Laptop […]

Read More

NewDay-English Speaking

အင်္ဂလိပ်စကားပြောဆိုင်ရာ လေ့ကျင့်ခန်းများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ စကားပြောပုံစံများ၊ အပြန်အလှန်စကားပြောများ၊ နေရာဒေသအလိုက် စကားပြောပုံများ၊ နားထောင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများနဲ့ ဆိုရိုးစကားများ စတဲ့ ကဏ္ဍအလိုက် လေ့ကျင့်ခန်းများ အပါအဝင် YouTube ဗီဒီယိုသင်ခန်းစာနဲ့ Facebook စာမျက်နှာမှ အင်္ဂလိပ်စာသင်ခန်းစာတွေကိုလည်း App ကနေ လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Vivo Y90

Price : 159,800 Ks (2GB/32GB) အားသာချက် HD + display ၊ ကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ အချိန်ကြာကြာ သုံးနိုင်မယ့် ကြီးမားတဲ့ဘက်ထရီ ပါဝင်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ USB OTG စနစ်လည်း ထောက်ပံ့ပါဝင်တဲ့အတွက် နှစ်ခြိုက်စရာပါ။ အားနည်းချက် လက်ဗွေလုံခြုံရေးစနစ် မပါဝင်တာနဲ့ ကင်မရာစနစ်မှာ Auto HDR စနစ် မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။ စွမ်းဆောင်ရည် ဒီဖုန်းမှာ အမြန်နှုန်း 2.0 ရှိတဲ့ 12nm အမျိုးအစား Mediatek MT6761 Helio A22 Quad-core CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 2GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GB ပါဝင်တဲ့အပြင် […]

Read More

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်း (D.C.Sc) သင်တန်းကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းမှာ စနေနေ့တွင် အချိန်ပြည့်သင်ကြားပြီး ကျန်ရက်တွေမှာ E-Learning နဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းကာလမှာ တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းအောင်မြင်ပြီးပါက မဟာသုတသိပ္ပံ (M.I.Sc) သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပြီး ကွန်ပျူတာတက္ကသိုလ်မှ B.C.Sc နဲ့ ဘွဲ့ရရှိသူတွေ အနေနဲ့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ တက်ရောက်နိုင်ပါတယ်။ ဝင်ခွင့်စာမေးပွဲတွေအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှာ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ IQ Test ကို နေ့လယ် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လည်းကောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ […]

Read More

လာမယ့်နှစ် အားလပ်ရက်ရာသီမှာ ရောင်းချမယ့် မျက်နှာပြင်နှစ်ခုပါဝင်တဲ့ Surface Neo

Microsoft ဟာ မျက်နှာပြင် နှစ်ခုပါဝင်တဲ့ ထုတ်ကုန်ကို လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ရှိပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အခုအခါမှာ အဲဒီထုတ်ကုန်ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Microsoft ဟာ Surface ပွဲမှာ Surface Neo laptop ကို တရားဝင်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်မှာ Windows ဗားရှင်းသစ် Windows 10X အသုံးပြုထားပါတယ်။ Surface Neo ထုတ်ကုန်ဟာ ရှေ့ပြေးပုံစံပဲ ရှိသေးပါတယ်။ Surface Neo ထုတ်ကုန်မှာ မျက်နှာပြင်နှစ်ခု ပါဝင်ပြီး မျက်နှာပြင်တစ်ခုစီမှာ မတူညီတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။ မျက်နှာပြင်တစ်ခုစီရဲ့ အရွယ်အစားက ၉ လက်မရှိကာ အထူကတော့ ၅.၆ မီလီမီတာနဲ့ အလေးချိန် ၆၅၅ ဂရမ် ရှိပါတယ်။ […]

Read More

Asus ZenBook 13 (UX333FA)

တန်ဖိုး – ကန်ဒေါ်လာ ၈၄၉.၉၉ အားသာချက် ပရီမီယံဒီဇိုင်းဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိသလို စွမ်းဆောင်ရည်ပိုင်းလည်း ပြည့်ဝကောင်းမွန်မှုရှိပါတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက Touchpad ကို ဒီဂျစ်တယ် Number pad အနေနဲ့ သုံးစွဲနိုင်တာတွေပါ။ အားနည်းချက် ကာလာပိုင်းစိုပြည်မှုရှိတဲ့ Display ရဲ့ တောက်ပမှုပိုင်းကတော့ ကြည့်ရတာ အနည်းငယ်မှိန်ပြီး ကီးဘုတ်ခလုတ်လေးတွေရဲ့ ကြားနေရာလွတ်က ကျဉ်းတယ်လို့ခံစားရပါတယ်။ သုံးသပ်ချက် Asus Zenbook 13 က စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တာနဲ့ ဘက်ထရီနဲ့အချိန်ကြာကြာ သုံးနိုင်တာတွေက ပေးရတဲ့ဈေးနှုန်းအရ ဆိုရင်တော့ တန်တယ်လို့ပြောရမှာပါ။ ပရီမီယံဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိသလို 8th Gen Corei5 processor ကလည်း ပြည့်ဝကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို […]

Read More

လူအများအံ့အားသင့်စေတဲ့ Surface Duo ခေါက်စမတ်ဖုန်းကို Microsoft မိတ်ဆက်

Microsoft ဟာ အောက်တိုဘာ ၂ ရက်၊ မနေ့က ပြုလုပ်ခဲ့တဲ့ Surface ပွဲမှာ Android အသုံးပြုထားတဲ့ Surface Duo စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ Microsoft ဟာ Surface ပွဲမှာ မျက်နှာပြင်၂ ခုပါဝင်တဲ့ Surface Neo laptop ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ Surface Duo ဟာ Surface Neo နဲ့ဒီဇိုင်းပိုင်းဆင်ပြီး မျက်နှာပြင် ၂ ခုပါဝင်လာပါတယ်။ Surface Duo မှာ ၅.၆ လက်မ display နှစ်ခုပါဝင်ပြီး ၃၆၀ ဒီဂရီအထိ လှည့်နိုင်သလို ခေါက်ထားတဲ့မျက်နှာပြင် ဖြန့်လိုက်ရင် ၈.၃ လက်မ အရွယ်ရှိတဲ့ tablet တစ်ခု ဖြစ်သွားပါလိ်မ့မယ်။ Surface Duo ရဲ့ […]

Read More

Multimedia Messaging Service (MMS) နည်းပညာ

MMS နည်းပညာဆိုတာကတော့ ဆက်သွယ်ရေးကွန်ရက်ပေါ်ကနေ မာတီမီဒီယာဖိုင်တွေကို ဖုန်းကနေ မက်ဆေ့ချ်အနေနဲ့ ပို့ဆောင်ခြင်း၊ လက်ခံခြင်းတွေကို လုပ်ဆောင်ပေးတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ MMS ရဲ့ အရှည်က Multimedia Messaging Service ဖြစ်ပြီး ဒီစနစ်က စာသား၊ ရုပ်ပုံ၊ အသံ၊ ဗီဒီယို စတဲ့ ကွဲပြားတဲ့ မီဒီယာအမျိုးအစားတွေကို ပို့ဆောင်လက်ခံဖို့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ရုပ်ပုံ၊ စာသားတစ်ခုစီကို သာမက ဘဲ ရုပ်ပုံ၊ စာသား၊ အသံ၊ ဗီဒီယို လေးမျိုးစလုံး ပါဝင်တဲ့ မီဒီယာဖိုင်တွေကိုလည်း ပို့ဆောင်ပေးနိုင်ပါတယ်။ MMS ပေးပို့တဲ့သူအနေနဲ့ Multimedia Message တွေကို ဖုန်းကင်မရာနဲ့ အလွယ်တကူ ဖန်တီးနိုင်သလို အွန်လိုင်းကနေ ရယူနိုင်ပြီး ကိုယ်ပို့လိုက်တဲ့သူမှာ MMS စနစ်ကို အသုံးမပြုသေးဘူးဆိုရင်တောင် […]

Read More