Day: October 1, 2019

ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်

မတူညီသော ဘဏ်နှစ်ခုအကြား ဘဏ်တစ်ဘဏ်၏ MPU ကတ်မှ အခြားဘဏ်တစ်ခု၏ MPU ကတ်(သို့) Bank Account သို့ ATM စက်ကို အသုံးပြုပြီး အချိန်မရွေး လွယ်ကူလျင်မြန်စွာ ငွေလွှဲပြောင်း ဆောင်ရွက်နိုင်မယ့် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှု( Inter Bank Fund Transfer- IBFT) ကို အောက်တိုဘာ ၁ ရက် (ယနေ့) မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုကို လက်ရှိကာလမှာ ရွှေ (ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးရေး) ဘဏ်နဲ့ ရိုးမဘဏ်တို့ရဲ့ ATM တွေမှာ ဘဏ်နှစ်ခုရဲ့ MPU ကတ်တွေနဲ့ ငွေလွှဲဆောင်ရွက်နိုင်မှာဖြစ်ပြီး အခြား ဘဏ်များမှလည်း ၀န်ဆောင်မှုကို ဆောင်ရွက်နိုင်ရန်အတွက် MPU အနေနဲ့ ချိတ်ဆက် လုပ်ဆောင်လျက် ရှိတယ်လို့သိရပါတယ်။ […]

Read More

Boston Dynamics ကရောင်းချတော့မယ့် စူပါစက်ရုပ် ‘Spot’ အကြောင်းသိသင့်သမျှ

Boston Dynamics ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထုတ်ဖော်မိတ်ဆက်ခဲ့ Spot အမည်ရ စက်ရုပ်ခွေးကို ရောင်းချတော့မယ်လို့ သိရပါတယ်။ ဒါပေမဲ့ Spot စက်ရုပ်ကို လူသုံးကုန်ပစ္စည်းအဖြစ် ရောင်းချမှာ မဟုတ်ဘဲ လုပ်ငန်းပိုင်းတွေဆီကိုပဲ ရောင်းချမှာ ဖြစ်ပါတယ်။ Boston Dynamics ဟာ စက်ရုပ်ပိုင်းဆိုင်ရာ သုတေသနတွေကိုပဲ အများဆုံးပြုလုပ်ပြီး အဆင့်မြင့် စက်ရုပ်တချို့ကို ဖန်တီးခဲ့ပါတယ်။ အဲဒီ စက်ရုပ်တွေထဲမှာ လူသားပုံစံ ATLAS ပါဝင်ခဲ့ပါတယ်။ ATLAS စက်ရုပ် ခုန်ပေါက်ပြေးလွှားနေတာကို Spot စက်ရုပ်နဲ့အတူ မိတ်ဆက်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Boston Dynamics ကို Google မိခင်ကုမ္ပဏီ Alphabet ကဝယ်ယူခဲ့ပြီး နောက်ပိုင်း ၂၀၁၇ နှစ်လယ်မှာ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ Softbank […]

Read More

METRO Wholesale Myanmar အရောင်းပြခန်းကို စတင်ဖွင့်လှစ်

ဒီဂျစ်တယ်နည်းပညာနဲ့ ကုန်ပစ္စည်းမှာယူ၊ ပို့ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နေတဲ့ METRO Wholesale Myanmar ရဲ့ အရောင်းပြခန်းကို စက်တင်ဘာ ၃၀ ရက်က အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ METRO ရဲ့ အရောင်းပြခန်းမှာ ပြည်ပမှတင်သွင်းထားတဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေနဲ့ ပြည်တွင်းထုတ်ကုန် ပစ္စည်းတွေကို ကိုယ်တိုင်လာရောက် ကြည့်ရှုလေ့လာပြီး အဆင်ပြေလွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ METRO မှ ဖြန်ချိတဲ့ကုန်ပစ္စည်းတွေက ဟင်းသီးဟင်းရွက်များ၊ အသားငါးများ၊ ပင်လယ်စာများ၊ ဖျော်ရည်များ၊ ခေတ်မီအအေးခန်းမှာ သိုလှောင်ထားတဲ့ အစားအသောက် များ၊ စည်သွပ်ဘူးနဲ့ ကုန်ခြောက်များ၊ ဝိုင်နှင့်ချိစ်များ၊ METRO ကိုယ်ပိုင်အမှတ်တံဆိပ် ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများ နဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းများ စသည်ဖြင့် ကုန်ပစ္စည်းပေါင်း (၃,၀၀၀) […]

Read More

ဘောလုံးကွင်းက လူမျက်နှာများစွာကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးမယ့် တရုတ်ရဲ့ 500-megapiel စူပါကင်မရာ

တရုတ်ဟာ facial recognition နည်းပညာကို တိုးချဲ့အသုံးပြုပြီး ရာဇဝတ်ကောင်တွေ ရှာဖွေတာ၊ ကျောင်းသားတွေကို စောင့်ကြည့်တာအပြင် နိုင်ငံသားတွေ ရထားလက်မှတ်ဝယ်တဲ့နေရာမှာပါ အသုံးပြုပါတယ်။ အခုဆို တရုတ်ဟာ လေ့လာစောင့်ကြည့်ရေးကို အဆင့်မြှင့်တင်ဖို့အတွက် 500 megapixel facial recognition ကင်မရာကို ဖန်တီးခဲ့ပါတယ်။ အဲဒီ ကင်မရာဟာ အားကစားကွင်းထဲက မျက်နှာထောင်ပေါင်းများစွာကို အသေးစိတ်ရိုက်ကူးပေးနိုင်ပြီး ပစ်မှတ်တစ်ခုရှာဖွေနေစဉ်မှာ cloud အတွက် facial အချက်အလက်ကို ထုတ်လုပ်ပေးပါတယ်။ အခုကင်မရာအတွက် အသုံးပြုမယ့် ကင်မရာဝန်ဆောင်မှုကို ရှန်ဟိုင်းအခြေခစိုက် ဖူဒန်တက္ကသိုလ်နဲ့ ချန်ချန်း Optics အဖွဲ့အစည်း၊ ချန်ချန်းက တရုတ်သိပ္ပံအကယ်ဒမီရဲ့ ရူပဗေဒနဲ့ Fine Mechanics တို့ပူးပါင်း ဖန်တီးခဲ့တယ်လို့ Global Times ကဖော်ပြခဲ့ပါတယ်။ စူပါကင်မရာဟာ လူမျက်နှာတိုင်းရဲ့ ရုပ်ပုံ ရှင်းလင်းစွာရရှိဖို့ […]

Read More

စျေးဝယ်ဝက်ဘ်ဆိုက် spree.com.mm ကို မိတ်ဆက်

လျှပ်စစ်၊အိမ်သုံးနဲ့ ခရီးဆောင်ပစ္စည်းများ၊ ဖက်ရှင် အလှအပနဲ့ ကလေးအသုံးအဆောင် ပစ္စည်းများ၊ အားကစားနဲ့ အစားအသောက်ပစ္စည်း စတဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်းများစွာကို နေ့စဉ် ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ရောင်းချပေးမယ့် spree.com.mm ကို မိတ်ဆက်လိုက်ပါတယ်။ “ကျွန်တော်တို့ Spree ရဲ့ နည်းလမ်းကတော့ ၀ယ်ယူသူတွေအတွက် ပစ္စည်းများနဲ့ တင်သွင်းရောင်းချသူကို ရှာဖွေပေးခြင်းသာမကဘဲ ပိုမိုကောင်းမွန်တဲ့ ရောင်းချသူများထံမှ အကောင်းဆုံး အတန်ဆုံး ပစ္စည်းတွေကို ၀ယ်ယူသူဆီ အရောက်ပို့ပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရောင်းတဲ့ ပစ္စည်းတွေအတွက် ၀ယ်ယူသူကို ရှာဖွေခြင်းမဟုတ်ဘဲ ကျွန်တော်တို့ဆီက ၀ယ်ယူသူများအတွက် ပစ္စည်းကောင်းများကို ရှာဖွေပေးခြင်းဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ မိတ်ဖက်ကုမ္ပဏီများရဲ့ အထောက်အပံ့ကောင်းများနဲ့ Spree ကို ပိုမို ကောင်းမွန်ကြီးမားတဲ့ eCommerce ပလက်ဖောင်းဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်” လို့ Spree.com.mm ရဲ့ […]

Read More

ဖန်တီးရာ၏ Innovation Bus မှ မြို့ကြီးသုံးမြို့တွင် စီးပွားရေးလုပ်ငန်းသစ်တည်ထောင်ခြင်းနှင့် နည်းပညာ သင်တန်းများပေးမည်

ဖန်တီးရာအနေနဲ့ အောက်တိုဘာလမှာ ရွေ့လျားနည်းပညာအစီအစဉ်တစ်ခုဖြစ်တဲ့ Innovation Bus ရဲ့ ဒုတိယအကြိမ်ခရီးစဉ်မှာ စစ်ကိုင်း၊ တောင်ကြီးနဲ့ မန္တလေး စတဲ့ နေရာတွေကို သွားရောက်မယ်လို့ သိရပါတယ်။ အဆိုပါအစီအစဉ်မှာ နည်းပညာဆိုင်ရာနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ သင်ကြားပို့ချမှုများစွာ ပါဝင်မယ်လို့ သိရပါတယ်။ Innovation Bus ရဲ့ ဒုတိယမြောက်ခရီးစဉ်ကို GIZ4Business မှ ပံ့ပိုးကူညီပေးထားပြီး မြို့တစ်မြို့စီမှာ ၄ ရက်စီ အနည်းဆုံးပြုလုပ်ပေးသွားမှာဖြစ်ပြီး လူငယ်ပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နည်းပညာ စိတ်ဝင်စားသူတွေကို နည်းပညာနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို မျှဝေသင်ကြားပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါပရိုဂရမ်ကို အသေးစားစီးပွားရေးလုပ်ငန်းတွေ စတင်နေတဲ့ စွန့်ဦးတီထွင်သူတွေ၊ မိမိလုပ်ငန်း တိုးတက်ပြီး ဝင်ငွေပိုမိုရရှိစေမယ့် နည်းလမ်းရှာဖွေနေသူတွေ၊ ဒီဂျစ်တယ်နည်းပညာကို စိတ်ဝင်စားတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ […]

Read More

NihongoGrammar – Study in Myanmar Language

ကိုယ်တိုင် ဂျပန်သဒ္ဒါကို မြန်မာဘာသာနဲ့ အလွယ်တကူ လေ့လာနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ဂျပန်စာ နီဟွန်ဂို N1 ကနေ N5 ထိ သင်ခန်းစာတွေကို Download ပြုလုပ်ကာ Offline အနေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

၁၅ လက်မအရွယ် Microsoft ရဲ့ Surface Pro 7 ဓာတ်ပုံနဲ့အချက်အလက် ပေါက်ကြားထွက်ပေါ်

Microsoft ရဲ့ Surface ထုတ်ကုန်သစ်ဓာတ်ပုံတွေကို ဂျာနယ်လစ်နဲ့ leaker တစ်ဦးဖြစ်တဲ့ Evan Blass က ထုတ်ဖော်ပြသလိုက်ပါတယ်။ Blass ဟာ Twitter မှာ အသစ်ထွက်ရှိမယ့် Surface Pro 7, Surface Laptop 3 (၁၃ လက်မနဲ့ ၁၅ လက်မ) နဲ့ ARM ထောက်ပံ့ထားတဲ့ Surface 2-in-1 ထုတ်ကုန် ဓာတ်ပုံများစွာကို မိတ်ဆက်ခဲ့ပါတယ်။ ထုတ်ကုန်တွေက Microsoft ရဲ့ဓာတ်ပုံအစစ်အမှန်တွေ ဖြစ်နိုင်ပါတယ်။ Blass အနေနဲ့ နှစ်ပေါင်းများစွာအတွင်း ထုတ်ကုန်များစွာ တရားဝင် မဖြန့်ချိခင်မှာ ဓာတ်ပုံတွေများစွာကို ဖော်ပြပေးလေ့ရှိပါတယ်။ Microsoft အနေနဲ့ အောက်တိုဘာ၂ ရက်၊ နယူးယောက်စီးတီးမှာ ပြုလုပ်မယ့် Surface hardware ပွဲမှာ […]

Read More

Targus Slimcase

Targus Groove X2 Slimcase ကတော့ Notebook, ဖိုင်၊ အရေးကြီးစာရွက်စာတမ်းတွေ အပြင် ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို တစ်ပါတည်း သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ။ အိတ်ရဲ့ အလေးချိန်ဟာလည်း 0.48kg လောက်သာရှိပါတယ်။ Targus Groove X2 ရဲ့အရာင်ကို (Navy) ရေတပ်မှ အပြာရောင်အသုံးပြုပေးထား တာကြာင့် အစွန်းအပေလည်းခံပါတယ်။ အိတ်ကို နှစ်မျိုး အသုံးပြုလို့ရအောင် လက်ဆွဲအိတ်ပုံစံ လက်ကိုင် အပြင် လွယ်အိတ်ပုံစံအတွက် အလျှော့အတင်း ပြုလုပ်လို့ရမယ့် ကြိုးအရှည်ကို တပ်ဆင်ပေးထားပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀ ဖြစ်ပြီး KMD Co.,Ltd ကနေ တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။ -သန္တာ

Read More

ချီးဗနင်းပညာသင်ဆုအကြောင်း ဟောပြောပွဲပြုလုပ်မည်

ယူကေအစိုးရမှ ပေးအပ်မယ့် ချီးဗနင်းပညာသင်ဆုအကြောင်း ဟောပြောပွဲကို အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီခွဲမှာ ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ချီးဗနင်းပညာသင်ဆုအကြောင်းနဲ့ အွန်လိုင်းလျှောက်လွှာတင်ပုံတင်နည်း အသေးစိတ်အကြောင်းတွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ ချီးဗနင်းပညာတော်သင်ဟောင်းတွေက ၄င်းတို့ရဲ့ အတွေ့အကြုံတွေ ကို ဝေမျှပေးသွားမှာ ဖြစ်တဲ့အတွက် ယူကေမှာ တစ်နှစ်တာ ပညာသင်ဆုအပြည့်နဲ့ မဟာဘွဲ့ကို သင်ယူလိုသူတွေ အနေနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဟောပြောပွဲကို မည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး စာကြည့်တိုက်ကို လာရောက်တဲ့အခါမှာတော့ မှတ်ပုံတင် (သို့) ကျောင်းသားကတ်တစ်ခု ယူဆောင်လာရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဗြိတိသျှသံရုံး ဖုန်း – ၀၁-၃၇၀၈၆၃/၄/၅ လိုင်းခွဲအမှတ် ၂၂၇၂၊ ၂၂၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ချီးဗနင်းအကြောင်းပိုမိုသိရှိလိုပါက https://www.chevening.org/scholarship/Myanmar မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ […]

Read More