YeaLink အမှတ်တံဆိပ် video Conferencing နည်းပညာနဲ့ပစ္စည်းများကို မြန်မာပြည်ဈေးကွက်သို့ တရားဝင် စတင်မိတ်ဆက်လိုက်ပြီး VORTECH Myanmar မှ တရားဝင် တင်သွင်းဖြန့်ချိ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “YeaLink မှာ တခြား product sector တွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ video Conferencing အပိုင်းကိုပဲ မြန်မာပြည်ဈေးကွက်ကို တာဝန်ယူ ရောင်းချပေးတာဖြစ်ပါတယ်။ Video Conferencing အသုံးပြုရာ မှာ သုံးစွဲသူ အမျိုးအစားသုံးမျိုးလောက်ရှိပါတယ်။ Government ဆိုရင် ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့အတွက် videoConferencing တွေသုံးတယ်။ စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်း business တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ သုံးတယ်။ နောက်ပြီး NGO တွေမှာဆိုရင်လည်း NGOတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ အတွက် သုံးပါတယ်။ […]
Read Moreလူကြိုက်များတဲ့ မြန်မာတေးသီချင်းတွေကို လွယ်ကူစွာ ရယူ ခံစားနားဆင်နိုင်မှာ ဖြစ်သလို အမျိုးအစား စုံလင်စွာနဲ့ ရွေးချယ်နိုင်မယ့် တေးသံသာ Music App ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုမှာ FreeUser နဲ့ Premium User ဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ Free User တွေအနေနဲ့ သတ်မှတ်ထားတဲ့ တေးသီချင်းတွေကိုသာ နားဆင်နိုင်မှာဖြစ်ပြီး Premium User တွေ အနေနဲ့ Premium account နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးသီချင်းတွေကို တစ်ရက် ၉၉ ကျပ်နှုန်းနဲ့ နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အရည်အသွေးမြင့် တေးသီချင်း တွေကို download ပြုလုပ်ကာ နားဆင်နိုင်မှာဖြစ်တဲ့အပြင် Mega Stars မှ ထွက်ရှိတဲ့ အနုပညာရှင်တွေရဲ့ […]
Read Moreပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ဗဟုသုတတွေအပြင် မြန်မာနိုင်ငံရှိ အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ အထက်တန်းပညာရေးကို ပြန်လည်လေ့လာလိုသူများအတွက် သင်ခန်းစာ ပို့ချချက်တွေကို Video အနေနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ၉ တန်း၊ ၁၀ တန်း သင်ရိုးများဖြစ်တဲ့ English, Chemistry, Mathematics ဘာသာရပ် ပို့ချချက်သင်ခန်းစာတွေအပြင် ဗဟုသုတရဖွယ် သိကောင်းစရာ အကြောင်းများကိုလည်း စုံစုံလင်လင် လေ့လာနိုင်မှာဖြစ်ပါတယ်။ Application မှ သင်ခန်းစာပို့ချချက်များကိုလည်း youtube မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreအသစ်ထွက်ရှိမယ့် Xiaomi Mi Watch ကို နိုဝင်ဘာ ၅ ရက်မှာ Mi CC9 Pro/ Mi Note 10 တို့နဲ့မိတ်ဆက်မယ်လို့ Xiaomi ကအတည်ပြုခဲ့ပါတယ်။ အဲဒီသတင်း ထွက်ပေါ်လာအပြီးမှာ Mi Watch ဗီဒီယို ထွက်ပေါ်လာပါတယ်။ ဗီဒီယိုထဲမှာ ထုတ်ကုန်ကို unlock လုပ်လိုက်ရင် စတုရန်းပုံ icon နဲ့ 3×3 app grid တစ်ခုနဲ့ အနက်ရောင်နောက်ခံကို တွေ့ရပါမယ်။ Watch အတွက် MIUI မှာ dark mode ပါဝင်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် နာရီက ခလုတ်ကိုအသုံးပြုပြီး ထိန်းကျောင်းအသုံးပြုနိုင်သလို ပါဝါခလုတ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Mi Watch အတွက် ဖြန့်ချိလိုက်တဲ့ MIUI အတွက် […]
Read MoreASUS က touchscreen မြင်ကွင်းနှစ်ခု ပါဝင်တဲ့ Dual Screen လက်ပ်တော့အပါအဝင် မော်ဒယ်သစ် ZenBook, VivoBook နဲ့ ROG Phone II မော်ဒယ်တွေကို “The Laptop of Tomorrow” ခေါင်းစဉ်နဲ့ အောက်တိုဘာ ၃၀ ရက်က ပြည်တွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ပွဲ အခမ်းအနားမှာ ZenBook Pro Duo, New ZenBooks နဲ့ ဒုတိယမျိုးဆက် Touch display ပါဝင်တဲ့ VivoBook တွေအပြင် Intel ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ 10thGeneration CPU နဲ့ AMD Ryzen CPU တပ်ဆင်အသုံးပြုထားတဲ့ ZenBook နဲ့ VivoBook မော်ဒယ်တွေကို မိတ်ဆက်ခဲ့ပြီး […]
Read MoreRazer ဟာ စမတ်ဖုန်းတွေအတွက် Hammerhead True Wireless နားကြပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနားကြပ်ဟာ ဂိမ်းကစားစဉ်အတွင်း အသံပြတ်တောက်မှုကို ပြင်ဆင်ပေးနိုင်တဲ့ Bluetooth နားကြပ်တွေဖြစ်ပါတယ်။ Hammerhead True Wireless ဟာ AirPods ဒီဇိုင်းနဲ့ဆင်တူပါတယ်။ AirPods နဲ့ကွာခြားတာကတော့ Hammerhead True Wireless ဟာ IPX4 အဆင့်သတ်မှတ်ချက်ရှိပြီး ချွေးနဲ့ ရေဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ နားကြပ်မှာ touch panel တွေပါဝင်ပြီး သီချင်းနားထောင်မှုကို ထိန်းချုပ်တာအပြင် voice assistant ကိုလည်း အသုံးပြုနိုင်ပါတယ်။ Hammerhead True Wireless ကို gaming အတွက် အဓိက ထုတ်လုပ်ထားပြီး Bluetooth နားကြပ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အသံပြတ်တောက်မှုကို Bluetooth 5.0 […]
Read Moreနိုင်ငံရေးကြော်ငြာအားလုံးကို Twitter ကပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။ “အင်တာနက်ကြော်ငြာတွေက စီးပွားဖြစ်ကြော်ငြာရှင်တွေအတွက် အလွန် ခွန်အားကြီးသလို ထိရောက်မှုရှိပါတယ်။ အဲဒီအာဏာက နိုင်ငံရေးမှာ မမှန်းဆနိုင်လောက်တဲ့ ဘေးအန္တရာယ်ကို ယူဆောင်လာတယ်” လို့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက ပြောခဲ့ပါတယ်။ မကြာသေးခင်က Twitter ပြိုင်ဘက် Facebook ကလည်း နိုင်ငံရေးကြော်ငြာတွေ အပေါ် ပိတ်ပင်မှုကို လက်မခံခဲ့ပါဘူး။ နိုင်ငံရေးဆိုင်ရာ ကြော်ငြာတွေ ပိတ်ပင်မှုဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကရဲ့နိုင်ငံရေးအဖွဲ့တွေ သဘောထားကွဲလွဲနေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲလှုံ့ဆော်မှု မန်နေဂျာဖြစ်သူ ဘရတ်ပါစကယ်က “ထရမ့်နဲ့ ကွန်ဆာဗေးတစ်တွေကို နှုတ်ဆိတ်စေဖို့ လက်ဝဲယိမ်းတွေရဲ့ နောက်ထပ်အားထုတ်မှုတစ်ခု” လို့ ပိတ်ပင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ဦးဆောင်နေသူ ဂျိုးဘိုင်ဒင် ရွေးကောက်ခံရရေး လှုံ့ဆော်ရေး ပြောရေးဆိုခွင့်ရှိသူ ဘေးရပ်ဆိုက “ဒေါ်လာနဲ့ […]
Read Moreအမေရိကန်အစိုးရ တက္ကသိုလ်နှင့် ပုဂ္ဂလိက တက္ကသိုလ်များမှ ပေးအပ်မယ့်ပညာသင်ဆု ဆွေးနွေးပွဲ ကို နို၀င်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို Shorelight Education နှင့် MSI Overseas Education (Mandalay) တို့ ပူးပေါင်း ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့အဆင့် (၂၀၀) အတွင်းရှိ အမေရိကန်နိုင်ငံ ထိပ်တန်း တက္ကသိုလ်ကြီး ၅ ခုထဲမှ အစိုးရတက္ကသိုလ်ဖြစ်သော University of Illinois at Chicago (Illinois), Florida International University (Florida), […]
Read Moreဗြိတိသျှကောင်စီမှ “Study UK: Prepare to study and live in the UK” အွန်လိုင်းသင်တန်းကို နိုဝင်ဘာ ၄ ရက်မှ စတင်သင်ကြားပို့ချ ပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး သင်တန်းအပြီးတွင် Certificate of Achievement ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါ သင်တန်းဟာ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ယူကေနိုင်ငံရှိ တက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ်အမှတ်ပေးပုံများ၊ ယူကေရောက်တဲ့အခါ ပြင်ဆင်ထားသင့်တာတွေကို နားလည်စေရန် ရည်ရွယ်တာဖြစ်ပြီး သင်တန်းကနေ ယူကေအဆင့်မြင့်ပညာရေးရဲ့ ထူးခြားသောလက္ခဏာတွေ၊ ကွဲပြားတဲ့ သင်ကြားရေးပုံစံတွေ၊ ကျောင်းသားတွေရရှိမယ့် ၀န်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အကြံပေးမှုများ၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် […]
Read Moreရန်ကုန်ပညာရေးတက္ကသိုလ်မှ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့ လွန်ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD) အမှတ်စဥ် ၃ ကို ဒီဇင်ဘာ ၂ ရက် မှာစတင်ဖွင့်လှစ် သွားမယ်လို့သိရပါတယ်။ အဆိုပါသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနအစီအစဉ် နဲ့ ဖွင့်လှစ် တာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ မည်သူမဆို လျှောက်ထား တက်ရောက်နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ECCD Center တွေနဲ့ မူကြိုကျောင်းတွေကို သွားရောက်၍ လက်တွေ့ကွင်းဆင်းနိုင်သူလည်း ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကာလ မှာ ၁၀ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေး ကတော့ ၂၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှသောကြာအထိ […]
Read More