Day: September 26, 2019

M-Sub Movie Channel Pro

မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းထဲကိုလည်း ဒေါင်းလုပ်ပြုလုပ်ကာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Oculus အတွက် social feature တွေကို Facebook ထောက်ပံ့ပေး

Facebook ရဲ့ Oculus Connect VR ကွန်ဖရင့်မှာ Horizon VR ကမ္ဘာကိုမိတ်ဆက်ခဲ့သလို Oculus အတွက် social feature သစ်တွေကို ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီနှစ် နှောင်းပိုင်းမှာ လူမှုရေးကွန်ရက်နဲ့အတူ VR ဌာနကို နီးကပ်စွာထားရှိပြီး ပေါင်းစပ် ဒီဇိုင်းထုတ်ထားတာကြောင့် Oculus ထုတ်ကုန်တွေဟာ အားသာချက်များစွာရှိမယ့် social feature တွေပါဝင်လာပါတယ်။ အဲဒီ အပြောင်းအလဲတွေကို ဆန်ဟိုဆေးမှာ ပြုလုပ်တဲ့ ကွန်ဖရင့်မှာ မိတ်ဆက်လိုက်ပါတယ်။ Oculus ထုတ်ကုန်တွေမှာ ထပ်ဆောင်း Facebook feature တွေက VR ဂိမ်းကို ကစားသူတွေ စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။ ဒါပေမဲ့ အနာဂတ်မှာတော့ Oculus headset အတွင်း လူမှုရေးကွန်ရက် feature တွေ […]

Read More

ကြီးမားတဲ့ VR ကမ္ဘာ Horizon ကို Facebook မိတ်ဆက်

Facebook ဟာ Ready Player One ရုပ်ရှင်ထဲက Oasis လိုမျိုး အရာတစ်ခုကို တည်ဆောက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Facebook Horizon ဟာ virtual reality sandbox universe ဖြစ်ပြီး ကိုယ်ပိုင် ပတ်ဝန်းကျင်နဲ့ ဂိမ်းတွေကို တည်ဆောက်နိုင်ကာ သူငယ်ချင်းတွေနဲ့အတူ ဆက်သွယ်ပြီး ကစားနိုင်ပါတယ်။ သုံးစွဲသူက ထုတ်လုပ်ရတဲ့ ပတ်ဝန်းကျင်တွေကို စူးစမ်းရမှာ ဖြစ်ပါတယ်။ Facebook က Second Life ဂိမ်းကို ယှဉ်ပြိုင်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။ Facebook Horizon ကို ကန့်သတ် beta ဗားရှင်းနဲ့ ၂၀၂၀ အစောပိုင်း မှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်။ အဲဒီဂိမ်းမှာ သုံးစွဲသူတွေက မတူညီတဲ့ ဇာတ်ကောင်တွေကို ဖန်တီးပြီး […]

Read More

Alexa နှင့် Bose ဆူညံသံလျှော့ချမှုပါဝင်သော Echo Buds ကို Amazon မိတ်ဆက်

Amazon ဟာ ဗုဒ္ဓဟူးနေ့မှာ ဆီယက်တယ်ဌာနချုပ်မှာ ပွဲပြုလုပ်ပြီး ထုတ်ကုန်သစ်တွေများစွာကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ထူးခြားတဲ့ Echo ထုတ်ကုန်သစ်တွေ များစွာကို ပြသခဲ့ပါတယ်။ အဲဒီထဲကမှ Echo Buds ကလည်း တမူထူးခြားပါတယ်။ Echo Buds မှာ Alexa ထောက်ပံ့မှုပါဝင်ပြီး ဆူညံသံလျှော့ချမှုအတွက် Bose နည်းပညာ ပါဝင်လာပါတယ်။ Echo Buds ဟာ အခြား Alexa ထုတ်ကုန်လိုပဲ “Alexa” လို့ပြောပြီး မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ ကွာခြား ချက်ကတော့ Echo Buds ကို စမတ်ဖုန်းနဲ့ချိတ်ဆက်ပြီး သွားလေရာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Echo Buds က Alexa ပေါင်းစပ်မှု feature တချို့ကို ဒီနှစ်ကုန်ပိုင်းမှာ […]

Read More

ဂျပန်နိုင်ငံ အထက်တန်းကျောင်းတွင် လေ့လာသင်ယူနိုင်မည့် Asia Kakehashi Project 2020 အတွက် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ဂျပန်နိုင်ငံအထက်တန်းကျောင်းမှာ ၆ လ မှ ၁၀ လ ကြာ လေ့လာသင်ယူရန် Asia Kakehashi Project 2020 အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ ပရောဂျက်ကာလမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်အထိ ဖြစ်ပြီး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံအစိုးရမှ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်တွင် ကျောင်းဆောင် (သို့) ဖိတ်ခေါ်အိမ်မှာ နေထိုင်ရင်း ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းမှာ ပညာသင်ကြားရေး အတွေ့အကြုံတွေကို ရယူနိုင်မှာပါ။ လျှောက်ထားလိုသူတွေဟာ အသက် ၁၅ နှစ် မှ ၁၈ နှစ် အတွင်းဖြစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးဖြေဆိုခဲ့တဲ့ စာမေးပွဲမှာ […]

Read More

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် Microsoft Modern Office 365 ဝန်ဆောင်မှုများကို အသုံးပြုမည်

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် Microsoft ရဲ့ Modern Office 365 ဝန်ဆောင်မှုများကို စတင်အသုံးပြုတော့မှာဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ရုံးလုပ်ငန်းစဉ်တွေမှာ Office 365 ကို Myanmar Information Technology နဲ့ Microsoft Myanmar တို့အကူအညီနဲ့ ပြောင်းလဲသုံးစွဲပြီဆိုတာ ကြေညာချင်ပါတယ်။ ဒီလိုပြောင်းလဲသုံးစွဲခြင်း ဟာ မြန်မာနိုင်ငံရဲ့ e-Governance master plan ကို အကောင်အထည်ဖော်ဖို့ရာ အဓိကကျတဲ့ခြေလှမ်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ အနေနဲ့ e-Government စနစ်ကိုသာ အသုံးပြုမယ်ဆိုရင် နိုင်ငံတော်အနေနဲ့ တိုင်းပြည်ရဲ့ ပြည်နယ်၊ တိုင်း […]

Read More

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာစောင်များကို ပြန်ကြားရေးဝန်ဌာနသို့လွှဲပြောင်းပေးအပ်ပွဲနဲ့ လူထုအခြေပြုဗဟိုဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ “MBL (Mobile Library) Project စတင်တဲ့နေ့ကနေ လွှဲပြောင်းတဲ့နေ့အထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငွေပမာဏ စုစုပေါင်း ကျပ်သန်းတစ်ထောင်ကျော် ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးပြီးတော့ လက်မှတ်ထိုးရမှာဖြစ်ပါတယ်။ ရွေ့လျားစာကြည့်တိုက်စီမံကိန်းကြီးက အင်မတန်ကြီးကျယ်လာတဲ့အခါကျတော့ ရိုးရိုးသားသားပြောရရင် ကျွန်မတို့ ဖောင်ဒေးရှင်းတစ်ခုတည်းက ဦးစီးထားသင့်တဲ့ စီမံကိန်း မဟုတ်တော့ဘူး။ ဒါဟာ နိုင်ငံတော်ကနေ ဦးဆောင်လုပ်ရမယ့် စီမံကိန်းဖြစ်သွားပါပြီ။ ကျွန်မတို့နိုင်ငံမှာ […]

Read More

Vsmart မှ ကျပ်တစ်သိန်းအောက် စမတ်ဖုန်း အပါအဝင် ဖုန်းမော်ဒယ်လေးမျိုးကို ပြည်တွင်းစျေးကွက်ကို မိတ်ဆက်

Vsmart မှ ကျပ်တစ်သိန်းအောက် စမတ်ဖုန်းဖြစ်တဲ့ Vsmart Bee အပါအဝင် Vsmart Live, Vsmart Star နဲ့ Vsmart Joy 2+ စမတ်ဖုန်းတွေကို ပြည်တွင်းစျေးကွက်ကို မိတ်ဆက်လိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုးတက်နေပြီး ဒီလိုစျေးကွက် အတွင်းမှာ Vsmart ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းလေးမျိုးကို မိတ်ဆက်ပေးနိုင် ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ခရီးလမ်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ Vsmart အနေနဲ့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အနာဂတ်မှာ အသုံးပြုသူတွေဆီကို အဆင့်အမြင့်မားဆုံး နည်းပညာတွေ၊ အရည်အသွေး အကောင်းမွန်ဆုံး ထုတ်ကုန်တွေကို ပေးအပ်သွားဖို့အတွက် နည်းဗျူဟာကျကျ လုပ်ကိုင်ဆောင်ရွက်သွားမှာ […]

Read More

Amazon ရဲ့ Alexa မှာ Pulp Fiction သရုပ်ဆောင် ဆင်မြူရယ်အယ်ဂျက်ဆင် အသံ အသုံးပြုမည်

Amazon ရဲ့ virtual personal assistant ဖြစ်တဲ့ Alexa ဟာ ပိုမိုဖျော်ဖြေမှုပေးနိုင်ဖို့အတွက် သရုပ်ဆောင် ဆင်မြူရယ်အယ်ဂျက်ဆင်အသံကို အသုံးပြုဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဟောလိဝုဒ်ကြယ်ပွင့် ဆင်မြူရယ်အယ်ဂျက်ဆင်ဟာ Alexa မှာပါဝင်လာမယ့် ပထမဆုံး ကျော်ကြားထင်ရှားသူ ဖြစ်လာမှာပါ။ ဒီနှစ် နှောင်းပိုင်းမှာ အခကြေးငွေတစ်စုံတစ်ရာ ပေးသွင်းအသုံးပြုသူတွေ အနေနဲ့ ဆင်မြူရယ်အယ်ဂျက်ဆင် အသံကို Alexa မှာကြားရမယ်လို့ Amazon ကထုတ်ပြန်ခဲ့ပါတယ်။ သုံးစွဲသူတွေက ကုမ္ပဏီရဲ့ neural text-to-speech နည်းပညာကို အသုံးပြပြီး ဆင်မြူရယ်ဂျက်ဆင် AI ဗားရှင်းနဲ့ ဆက်သွယ်ဖို့ Alexa ထုတ်ကုန်တွေကို အသုံးပြုနိုင်ပါမယ်။ Alexa အနေနဲ့ အသံကြိုတင်သွင်းယူထားတဲ့ အသံပိုင်းဆိုင်ရာတွေကို အမှီပြုပြီး ကျော်ကြားထင်ရှားသူတွေရဲ့အသံပိုင်းဆိုင်ရာ feature ကိုအသုံးဖူးပါတယ်။ ဆင်မြူရယ်အယ်ဂျက်ဆင်ပါဝင်တဲ့ Pulp Fiction, […]

Read More

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဟင်ဒီဘာသာစကားသင်တန်းဖွင့်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ ဟင်ဒီဘာသာစကားသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ‘ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်မှာ ဖွင့်လှစ်မယ့် နိုင်ငံခြားဘာသာစကားသင်တန်းတွေနဲ့အတူ ဟင်ဒီ (Hindi) ဘာသာစကားသင်တန်း ဖွင့်လှစ်ခွင့်ရရှိပါပြီ။ သင်တန်းတွေကိုတော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နဲ့ ၁၂ ရက်တွေမှာ စတင်ဖွင့်လှစ်သွားမှာပါ” လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က ပြောပါတယ်။ သင်တန်းကို အောက်တိုဘာ ၇ ရက်မှာ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) Weekdays သင်တန်း၊ အောက်တိုဘာ ၁၂ ရက်မှာ (စနေ၊ တနင်္ဂနွေ) Weekend သင်တန်းရက်တွေကို ရွေးချယ် တက်ရောက်နိုင်မှာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် မှစတင်ကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ကို […]

Read More