Day: September 23, 2019

Local
News

Viber တွင် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် စတစ်ကာသစ်ကို အခမဲ့ ဒေါင်းလုပ်ရယူနိုင်

Sweety Home Viber စတစ်ကာတွေကို စက်တင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၃ ရက် အထိ Viber Sticker Market မှ အခမဲ့ Download လုပ်ယူနိုင်မယ်လို့သိရပါတယ်။ အဆိုပါ စတစ်ကာတွေကိုတော့ မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ နေ့စဉ်ဘဝမှာ လူငယ်များအကြား အသုံးများတဲ့ ခေတ်စကား အသုံအနှုန်းတွေနဲ့ အထူးဖော်ကြူးကာ ဖန်တီးထားတာဖြစ်ပါတယ်။ “မနှစ်က Sweety Home Viber စတစ်ကာကိုလည်း အခုလိုပဲ အခမဲ့ Download သုံးလနဲ့ ပထမဆုံးအကြိမ် လုပ်ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်လုပ်ပေမယ့် ကျွန်မတို့ Sweety Home Viber စတစ်ကာတွေဟာ ချစ်ဖို့ကောင်းပြီး ပွဲတော်ရာသီ၊ နေ့စဉ်ဘဝနဲ့ ဆက်စပ်မှုရှိတဲ့အတွက် မြန်မာ Viber သုံးစွဲသူများအကြား ရေပန်းစားခဲ့ပါတယ်။ […]

Read More
Local
News
Samsung

Samsung Galaxy A Series မှ မော်ဒယ်သစ် စမတ်ဖုန်းများကို မိတ်ဆက်

Samsung Electronics ရဲ့ မော်ဒယ်သစ်စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A10s, A20s, A30s နဲ့ A50s တို့ကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်လိုက်ပါတယ်။ မော်ဒယ်သစ် Galaxy A series စမတ်ဖုန်းအသစ်တွေမှာ ဖုန်းအသုံးပြုသူတွေအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ကင်မရာ၊ ဖုန်းမျက်နှာပြင်နဲ့ စွမ်းဆောင်ရည် စတာတွေကို အဆင့်မြှင့်တင်ထားတယ် လို့ သိရပါတယ်။ “Galaxy A series စမတ်ဖုန်းအသစ်တွေမှာဆိုရင် ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ သုံးစွဲသူတွေအတွက် အသုံးဝင်ပြီး စိတ်ကျေနပ်မှုရစေမယ့် feature အသစ်တွေ ထည့်ပေးထားပါတယ်။ အခုခေတ်မှာ လူတိုင်းက ဖုန်းကို အချိန်နဲ့အမျှ လက်ကမချဘဲ သုံးနေကြတာဆိုတော့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီ A series စမတ်ဖုန်း အသစ်တွေကိုလည်း အားလုံးနှစ်သက်ကြမှာပါ။ […]

Read More
Education
News

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၂၀၁၉-၂၀၂၀ ပညာသင်နှစ် BBM, BA (EPP), BTHM နဲ့ BA (Journalism) အတွက် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ Bachelor of Business Management နှင့် Bachelor of Tourism and Hospitality Management အတွက် သင်တန်းသားဦးရေ ၁၀၀၊ Bachelor of Arts (English for Professional Purposes) နဲ့ Bachelor of Arts (Journalism) အတွက် သင်တန်းသားဦးရေ ၅၀ ခေါ်ယူမှာဖြစ်ပြီး သင်တန်းကာလက လေးနှစ် ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ BBM နဲ့ BA (EPP) အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ် […]

Read More
Android
Download

Sa Pho Mhuu (စားဖိုမှူး)

မြန်မာထမင်းဟင်းချက်ပြုတ်နည်း၊ နိုင်ငံတကာ ဟင်းလျာချက်ပြုတ်နည်း၊ မုန့်ပြုလုပ်နည်း၊ ဖျော်ရည်များပြုလုပ်နည်း၊ အိမ်ရှင်မတိုင်း၊ ဟင်းချက် စတင်မယ့်သူတိုင်း လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဟင်းလျာတစ်မျိုးရဲ့ ချက်ပြုတ်ချိန်၊ လိုအပ်တဲ့ ပါဝင်ပစ္စည်း၊ ချက်ပြုတ် လုပ်ဆောင်ပုံအဆင့်ဆင့်ကို မြန်မာလို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More
Article

VR နှင့် AR အကြား တည်ရှိနေသည့် Mixed Reality-MR

ယနေ့ခေတ်တွင် ကျွန်ုပ်တို့ အနေဖြင့် Virtual Reality-VR, Augmented Reality-AR နည်းပညာများအကြောင်းနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှု ရှိနေကြပြီးဖြစ်ပေလိမ့်မည်။ သို့သော် ထိုနည်းပညာများနှင့် ပတ်သက်၍ ဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင်တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြဆဲဖြစ်သည်ကို သတိပြုမိရပေမည်။ အဆိုပါနည်းပညာအကြားတွင် နောက်ထပ်ထွက်ပေါ် လာသည့် နည်းပညာတစ်ခုရှိနေသည်ကို အင်တာနက်စာမျက်နှာများတွင် လေ့လာတွေ့ရှိရပြီး ထိုနည်းပညာမှာ Mixed Reality-MR ဟုဆိုသည့် နည်းပညာတစ်ခုပင် ဖြစ်သည်။ Mixed Reality-MR သည်လည်း အစစ်အမှန်နှင့် ပုံရိပ်ယောင်ကမ္ဘာအကြား ပတ်ဝန်းကျင် မြင်ကွင်းအသစ်များကို ပြင်ပလက်တွေ့တွင်ရှိသည့်အရာ ဝတ္တုများနှင့် ချိတ်ဆက်ကာ လက်တွေ့ ထိတွေ့အသုံးပြုနိုင်သည့် စနစ်ဟုဆိုပါသည်။ ဆိုလိုချင်သည်မှာ ၎င်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာအတွင်း၌သာတည် ရှိခြင်းမဟုတ်သလို ပုံရိပ်ယောင် ကမ္ဘာအတွင်း၌လည်း တည်ရှိခြင်း မဟုတ်ပေ။ ၎င်းသည် အစစ်အမှန်နှင့် […]

Read More
Huawei
News

ဥရောပကို ဖြန့်ချိမယ့် Honor Vision စမတ်တီဗီမှာ Harmony OS ကို Huawei အသုံးပြုထား

Huawei ရဲ့ကိုယ်ပိုင် Harmony OS နဲ့ cross-platform စွမ်းဆောင်ရည်တွေအားလုံးဟာ ဥရောပကို ဖြန့်ချိမယ့် ထုတ်ကုန်သစ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Huawei ဟာ Harmony OS ကို Honor Vision စမတ်တီဗီမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။ Honor Vision စမတ်တီဗီဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ နေအိမ်အတွက် feature တွေစုံလင်တဲ့ တီဗွီဖြစ်ပါတယ်။ Honor Vision ကို vanilla နဲ့ Pro နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ကွာခြားချက်ကတော့ Pro မော်ဒယ်မှာ အထုတ်၊ အသွင်းလုပ်နိုင်တဲ့ ကင်မရာပါဝင်ပြီး 10W စပီကာ ၆ ခု၊ storage 32GB ပါဝင်ကာ vanilla မော်ဒယ်မှာတော့ စပီကာ […]

Read More
Interview

၂၀၂ဝ နှင့် လူမှုကွန်ရက်ဂယက်ဆိုရှယ်မီဒီယာဖိုရမ်နှင့် ပတ်သက်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့်တွေ့ဆုံခြင်း

၂၀၂ဝ နှင့် လူမှုကွန်ရက်ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ကျင်းပရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ ဒီဖိုရမ်ကို ကျင်းပရတဲ့ ရည် ရွယ်ချက်ကတော့ မြန်မာပြည်မှာ အင်တာနက်ကိုအသုံးပြုသူတွေ၊ ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့သူ တွေအနေနဲ့ ဒီအပေါ်မှာ ကောင်းကျိုးတွေ ဘယ်လိုရှိတယ်။ ဆိုးကျိုးတွေ ဘယ်လိုရှိတယ်။ သက်ရောက်မှုတွေ ဘယ်လိုရှိတယ်။ သက်ရောက်မှုတွေကို ဘယ်လိုကာကွယ်မယ်၊ ဆင်ခြင်မယ်ဆိုတဲ့ အသိဉာဏ်လေးတွေ မျှဝေပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ လူမှုအဖွဲ့အစည်းကို ကာကွယ်ဖို့နဲ့ ပြီးရင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေမှာလည်း အကျိုးထိရောက်မှုရှိစေဖို့ ရည်ရွယ်ပါတယ်။ အခု ပြည်သူတွေကြားထဲမှာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ဂယက်တွေကရော ဘာတွေဖြစ်နိုင်ပါလဲ။ ဆိုရှယ်မီဒီယာကို သုံးပြီးတော့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဂယက်က ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ တချို့ဟာလေးတွေကျတော့ ဒီအသိ ပညာပိုင်းဆိုင်ရာမှာ […]

Read More
News
Tech

Libra နဲ့ပေါင်းစပ်ဖို့ Chatbot ကုမ္ပဏီကို Facebook ဝယ်ယူခဲ့

Facebook ဟာ၂၀၂၀ ခုနှစ်မှာ Libra အမည်ရ cryptocurrency နဲ့ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ Facebook ဟာ Libra အတွက် bot တွေတည်ဆောက်တဲ့ startup ကုမ္ပဏီ Servicefriend ကို ဝယ်ယူလိုက်ပါတယ်။ Servicefriend ဟာ AI အခြေခံ messaging app တွေအတွက် chat client တွေကိုဖန်တီးပြီး သုံးစွဲသူဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေကို အကူအညီပေးတယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ အစ္စရေးအခြေစိုက် Servicefriend ကို Facebook က ဝယ်ယူလိုက်တဲ့အကြောင်းကို ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ ရောဘတ်တိုဆင်ဂလာက ပြောကြားခဲ့တာဖြစ်ပါတယ်။ Facebook အနေနဲ့ Servicefriend ကိုဝယ်ယူတဲ့အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Servicefriend ကိုတွဲဖက်တည်ထောင်သူတွေဖြစ်တဲ့ အာရတ်နဲ့ ရှာဟာဘန်အာမီတို့က LinkedIn ကိုယ်ရေးအကျဉ်းမှာ Calibra […]

Read More
Article

အောက်တိုဘာ ၁၅ မှာ မိတ်ဆက်မယ့် Google Pixel 4 အ​ကြောင်း သိသင့်သမျှ

Google ဟာ Pixel 4 နဲ့ Pixel 4 XL တွေကို ဒီနှစ်နှောင်းပိုင်းအတွင်း မိတ်ဆက်ပါမယ်။ Pixel 4 ထုတ်ကုန်ကို လျှို့ဝှက်အမည်တွေနဲ့ ဖန်တီးနေပါတယ်။ Developer တွေက Android ရဲ့ SELinux ပေါ် လစီမှာ “Coral” နဲ့ “Needlefish” အမည်ရ Google ထုတ်ကုန်တွေကို Pixel, Pixel 2 နဲ့ Pixel 3 စီးရီးဖုန်းတွေအတူ ရည်ညွှန်း ပြောဆိုနေကြပါတယ်။ အဲဒီ Google ထုတ်ကုန်တွေက နောက်ဆုံးပေါ် Google app အပြင် Pixel 4 နဲ့ Pixel 4 XL တို့နဲ ဆက်စပ်နေပါတယ်။ လာမယ့် အောက်တိုဘာလမှာ […]

Read More