ဆွီဒင်နိုင်ငံထုတ် Electrolux အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်ကုန်တွေကို ဥရောပအရည်အသွေး၊ ချိုသာတဲ့ စျေးနှုန်းတွေနဲ့ ပြည်တွင်းစျေးကွက်အတွင်း ၀ယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Electrolux အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်မှုမှာ ၂၀၁၉ တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အနေနဲ့ Electrolux ကို အားပေးသုံးစွဲသူတွေအတွက် “ 100 years of bonding through sustainable innovation” ခေါင်းစဉ်နဲ့ ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ထားကြောင်း၊ အဆိုပါ အစီအစဉ်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖိုး ၀ယ်ယူသူတိုင်း ဆုကြီး (၁၀၀) နဲ့ အခြားဆုမဲပေါင်းများစွာ ကံစမ်းနိုင်မယ့် ကံစမ်းမဲကူပွန်ကို မေတ္တာလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါ ကံစမ်းမဲအစီအစဉ်ကို စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ […]
Read Moreအလုပ်ရှာဖွေမှုအတွက် အသုံးပြုနိုင်တဲ့ LinkedIn လူမှုကွန်ရက်မှာ အလုပ်အကိုင်ရှာဖွေမှုအတွက် ပိုမိုကောင်းမွန်တဲ့ tool တွေကို သုံးစွဲသူအပေါ် ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီ tool တွေက အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းစဉ်အပေါ် ထိရောက်မှုရှိအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ LinkedIn မှာပါဝင်လာတဲ့ feature သစ်ကတော့ Skills Assessment ဖြစ်ပြီး တိုတောင်းပြီး ၂ ခုထက်မနည်း ရွေးချယ်ရတဲ့ စမ်းသပ်မှုတွေပါဝင်ကာ ကွန်ပျူတာ language တွေ၊ software package တွေနဲ့ အခြားအလုပ်နဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေလိုမျိုး ဧရိယာတွေအတွင်း အတည်ပြုပေးနိုင် ပါတယ်။ အဲဒီ feature ကို တစ်ကမ္ဘာလုံးသို့ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အစောပိုင်း skills assessment ကန့်သတ်စမ်းသပ်မှုမှာ စမ်းသပ်မှုပေါင်း ၂ သန်းရှိတယ်လို့ သိရပါတယ်။ […]
Read Moreလျှပ်စစ်မီတာခ ကျသင့်ငွေပမာဏကို အလွယ်တကူ တွက်ချက်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ သုံးစွဲတဲ့ မီတာယူနစ်ပေါ် မူတည်ကာ အိမ်သုံးအတွက်နဲ့ လုပ်ငန်းသုံး နှစ်မျိုးစလုံးအတွက် လျှပ်စစ်မီတာခ ကျသင့်ငွေကို တွက်ချက်ကြည့်နိုင်မှာဖြစ်ပြီး App ကို မြန်မာလို အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MorePS4 ဂိမ်းကို အရူးအမူးကစားသူတွေအတွက် ခရီးသွားလာတဲ့အခါမှာ ဂိမ်းစက်ကို တစ်ပါတည်း ယူလိုမယ့် အချိန်တွေရှိလာပါမယ်။ သုံးစွဲသူက ဂိမ်းနဲ့ပတ်သက်တဲ့ ပွဲတစ်ပွဲကို သွားလာရတဲ့ ပြိုင်ပွဲမတိုင်မီ ဟိုတယ်ခန်းမှာ ပါလာတဲ့ဂိမ်းစက်ကိုတပ်ဆင်ပြီး ကစားချင်မှာပါ။ ဒါမှမဟုတ် မိသားစုနဲ့ နွေရာသီခရီးရှည်ထွက်တဲ့အခါ PS4 ဂိမ်းစက်ကို ခရီးဆောင်အိတ်သီးသန့်နဲ့ အထိအခိုက်မရှိဘဲ သယ်ဆောင်နိုင် ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိပြီး PS 4 ဂိမ်းစက်သီးသန့်ထည့်နိုင်မယ့် အိတ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ PS 4 ခရီးဆောင်အိတ် CTA Digital Case ဈေးနှုန်းချိုသာတဲ့ PS4 ခရီးဆောင်အိတ်ကို ရှာဖွေသူတွေအတွက်ဆို CTA Digital အိတ်ရှိပါတယ်။ CTA Digital အိတ်ရဲ့ အပြင်အဆင်က ကောင်းမွန်ပြီး ဂိမ်းစက်၊ ခလုတ်တွေနဲ့ ဝါယာကြိုးတွေနဲ့ […]
Read MoreOnePlus ဟာ စက်တင်ဘာ ၂၆ ရက်မှာ မိတ်ဆက်မယ့် OnePlus 7T ဒီဇိုင်းကို ပွဲမတိုင်မီ ဓာတ်ပုံတွေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။ OnePlus 7T ထုတ်ကုန်သစ်ဒီဇိုင်းဟာ ပထမဆုံး OnePlus One ဖုန်းထွက်ရှိပြီးနောက်ပိုင်း ဒီဇိုင်းပိုင်းကို ပိုမိုအားထုတ်လုပ်ကိုင်ထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံအရ OnePlus 7T ဟာ OnePlus 7 မှာအသုံးပြုထားတဲ့ ကင်မရာအဝိုင်းဒီဇိုင်းကို ရယူထားပြီး ကင်မရာသစ် ၃ လုံးကို ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးမှာ 17, 26 နဲ့ 51mm focal length ပါဝင်တဲ့ lens တွေပါဝင်ပြီး LED flash လည်းပါဝင်လာပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ OnePlus 7 Pro လိုမျိုး […]
Read Moreမန္တလေးကွန်ပျူတာတက္ကသိုလ်မှာ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် ထပ်မံခေါ်ယူလျက်ရှိပါတယ်။ ယခင်က ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ စုစုပေါင်းရမှတ် ၄၅၀ နဲ့ အထက် ရရှိသူတွေကို လျှောက်ထားဖို့ ခေါ်ယူခဲ့ပြီး ယခုအခါ ဝင်ခွင့်လျှောက်ထားရာမှာ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ် ပါဝင်တဲ့ ဘာသာတွဲတစ်ခုခုနဲ့ အောင်မြင်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ ၂ ဘာသာ စုစုပေါင်း ရမှတ် ၁၄၀ နဲ့ အထက် ရရှိသူတွေ ထပ်မံလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်ကို တိုက်ရိုက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ www.ucsm.edu.mm နဲ့ ဖုန်း – ၀၉-၇၈၆၅၀၅၀၁၂၊ […]
Read More