Day: September 12, 2019

Samsung Galaxy Tab S4

တန်ဖိုး – ကန်ဒေါ်လာ ၅၄၈ အားသာချက် Display ပိုင်းကောင်းမွန်တာက ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အားနည်းချက် S-Pen ပါဝင်ပေမယ့် သုံးစွဲရတာကတော့ သိပ်တော့ မကောင်းပါဘူး။ Keyboard cover မပါဝင်တဲ့အတွက် အသုံးပြုလိုတယ်ဆိုရင်ကန်ဒေါ်လာ ၁၄၉ ခန့်ထပ်မံ ကုန်ကျနိုင်ပါတယ်။ အသေးစိတ်ဖော်ပြချက် Qualcomm Snapdragon 835 chip ကို အသုံးပြုထားပြီး RAM ကတော့ 4GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ storage ကို ထည့်သွင်း ပေးထားပါတယ်။ Display screen အရွယ်အစားကတော့ ၁၀.၅ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ […]

Read More

REMAX Wireless Power Bank

မိုဘိုင်းဖုန်းတွေ အားကုန်သွားတဲ့အခါ ပြန်လည်အားသွင်းနိုင်မယ့် REMAX အမှတ်တံဆိပ် Wireless Power Bank ဖြစ်ပါတယ်။ ကြိုးအပြင် ကြိုးမဲ့စနစ်နဲ့ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ QI Wireless ကို အထောက်အပံ့ပေးတဲ့ ဘယ်ဖုန်းမဆို ကြိုးမဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းနေစဉ်အတွင်းမှာလည်း နောက်ထပ် ဖုန်း ၁ လုံးကို ကြိုးနဲ့ပုံမှန်အားသွင်းထားနိုင်မှာ ဖြစ်ပါတယ်။ မှန်သားမျက်နှာပြင် ဒီဇိုင်းနဲ့ ဖြစ်ပြီး Power Bank ကို အားပြန်သွင်းဖို့ ကြိုးမရွေးတဲ့အတွက် အသုံးပြုတဲ့အခါမှာ အဆင်ပြေစေမှာဖြစ်ပါတယ်။ အားသိုလှောင်မှုပမာဏ အနေနဲ့ 10,000 mAh ဖြစ်ပြီး ဘက်ထရီပမာဏကို Digital Display ကနေပြသပေးမှာဖြစ်ပါတယ်။ တန်ဖိုးက ၂၅,၀၀၀ ကျပ်ဖြစ်ပြီး REMAX ဖုန်း ၀၉- ၂၅၉၉၁၁၉၀၀ ကို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ -ဝေဝေ

Read More

နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များအကြောင်း ပညာရေးဆွေးနွေးပွဲပြုလုပ်မည်

နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်လိုသူတွေအတွက် ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ AT&S အဆောင်-၅၊ အခန်း-၄ ၊ MICT park၊ လှိုင်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များအကြောင်း၊ ဘာသာရပ်များအကြောင်း သာမက ပညာသင်ဆုများ၊ ကျောင်းလခနှင့် ကုန်ကျစရိတ်များအကြောင်းကို တစ်ဦးချင်း အသေးစိတ်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Christchurch မှာ တည်ရှိတဲ့ University of Canterbury ဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁% မှာ ရပ်တည်နေတဲ့ တက္ကသိုလ်ဖြစ်ပြီး နယူးဇီလန်နိုင်ငံရဲ့ ဒုတိယ သတ်တမ်းရင့် တက္ကသိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းနဲ့ IGCSE အောင်မြင်ပြီးသူတွေအနေနဲ့ […]

Read More

IFA 2019 ပြပွဲက အကောင်းဆုံးဖုန်းများ

နှစ်စဉ်ကျင်းပနေကျ IFA ပြပွဲမှာ ဟန်းဆက်ထုတ်လုပ်သူ ဒါဇင်နဲ့ချီပါဝင်ပြီး နောက်ဆုံးပေါ်ထုတ်ကုန်တွေ ပြသလေ့ရှိပါတယ်။ အခုလည်း အရင်နှစ်တွေလိုပါပဲ စက်တင်ဘာ ၆ ရက်စတင်ပြီး ၁၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ IFA 2019 မှာလည်း နောက်ဆုံးပေါ်စမတ်ဖုန်းတွေ ပါဝင်ခဲ့ပါတယ်။ LG G8X ThinQ LG G8X ThinQ ဟာ Samsuung Galaxy fold နဲ့ Huawei Mate X တို့နဲ့ဆင်ပါတယ်။ အခုဖုန်းမှာ အကြမ်းခံနိုင်ပြီး ဘက်စုံအသုံးပြုနိုင်တဲ့ ၆.၄ လက်မ OLED display ပါဝင်လာပါတယ်။ အဓိကက ၆.၄ လက်မ OLED panel မှာ in-display fingerprint sensor လည်းပါဝင်လာပါတယ်။ G8X မှာ […]

Read More

MM Book City – စာအုပ်မြို့တော်

စိတ်ခွန်အားဖြစ်စေမယ့် စာပေတွေကို နေ့စဉ်ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မိမိနှစ်သက်သဘောကျတဲ့ ပုံပြင်၊ ဆောင်းပါးတွေကိုလည်း App ကနေ လူမှုမီဒီယာကို တိုက်ရိုက် မျှဝေနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

နိုင်ငံခြားဘာသာစကား ညနေပိုင်းသင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ( ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) မှာ Basic Level I တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ မြန်မာဘာသာ ညနေသင်တန်းတွေအတွက် သင်တန်းသားလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။ သင်တန်းတွေကို အွန်လိုင်းမှလျှောက်လွှာတင်သွင်းရမှာ ဖြစ်ပါတယ်။ http://www.yufl.edu.mm/chrd သို့ ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်ဦးရေ ပြည့်သည့်အထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်တန်းကို အောက်တိုဘာ ရ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၃ လကြာဖွင့်လှစ်မှာဖြစ်ပြီး ကျန်ဘာသာရပ်များကို အောက်တိုဘာ ရ ရက်မှ ဧပြီ ၃ ရက်အထိ ၆ လ […]

Read More

IFA 2019 က အကောင်းဆုံးနည်းပညာများ

နှစ်စဉ်ပြုလုပ်နေကျ IFA ပြပွဲကို ဘာလင်မြို့မှာ စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် IFA 2019 ပြပွဲမှာ နည်းပညာသစ်တွေ နည်းပါးသွားပါတယ်။ ဒါပေမဲ့ ပွဲအတွင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တွေကိုတော့ တွေ့ရှိခဲ့ပါတယ်။ Asus က လူတွေ အလွန်အမင်း သဘောကျမယ့် laptop ကိုပြသခဲ့သလို Sony ကလည်း Walkman အသစ်ကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။ Philips ကလည်း သဘောကျစရာကောင်းတဲ့ OLED TV ကိုပြသခဲ့ပါတယ်။ Asus ProArt StudioBook Pro X Apple MacBook Pro ကိုယှဉ်ပြိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ Asus ProArt StudioBook Pro X […]

Read More