Day: September 11, 2019

Lottery Management System

အောင်ဘာလေထီ အရောင်းကိုယ်စားလှယ်သုံး App ဖြစ်ပါတယ်။ ထီလက်မှတ်ရောင်းချမှုတွေကို App ထဲမှာ မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ပြီး အရောင်းစာရင်းစာအုပ်တစ်ခုလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ရက်စာ၊ တစ်လစာ ရောင်းချရတဲ့ အစောင်ရေ၊ လက်ကျန်စောင်ရေတွေကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီး အရောင်းစာရင်းတွေကိုလည်း PDF ဖိုင်အနေနဲ့ ပြန်လည် သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ထီကံထူးရှင်တွေရဲ့ စာရင်းကိုလည်း သီးသန့် ထုတ်ယူနိုင်မှာဖြစ်သလို ပေါက်တဲ့ ဆုအမျိုးအစားလိုက် ကံထူးရှင်တွေကိုလည်း ခွဲခြားမှတ်သားထားနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး လစဉ်ကြေး ၅၀၀၀ ကျပ်နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့ Apple Watch Series 5

Apple ဟာ စက်တင်ဘာလပွဲမှာ iPhone 11 ကိုမိတ်ဆက်ခဲ့သလို နောက်ဆုံးပေါ် ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် Apple Watch Series 5 ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ လူအများက iPhone ကိုစိတ်ဝင်စားနေပေမယ့် Watch Series 4 နေရာဆက်ခံမယ့် Watch Series 5 မှာလုပ်ဆောင်ချက်အသစ် အနည်းငယ် ပါဝင်လာပါတယ်။ Apple Watch Series 5 ရဲ့ GPS မော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်သလို GPS နဲ့ ဆယ်လူလာမော်ဒယ်ကတော့ ဒေါ်လာ ၄၉၉ ကျသင့်မှာဖြစ်ပါတယ်။ Apple Watch Series 5 ကို စက်တင်ဘာ ၂၀ မှာ စတိုးဆိုင်တွေမှာ ရောင်းချသွားမယ်လို့ […]

Read More

အရွယ်ကြီးမားတဲ့မျက်နှာပြင်နဲ့ Smart Connector ပါဝင်လာတဲ့ iPad မော်ဒယ်သစ်

Apple ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ သတ္တမမြောက်မျိုးဆက် iPad မော်ဒယ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခု iPad ဟာစျေးနှုန်းသက်သာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ သတ္တမမြောက်မျိုးဆက် iPad မော်ဒယ်သစ်က ၂၀၁၈ ခုနှစ် မတ်လအတွင်း မိတ်ဆက်ခဲ့တဲ့ ဒေါ်လာ ၃၂၉ iPad နေရာဆက်ခံမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၂၉ တန်ဖိုးရှိ မျက်နှာပြင် ၉.၇ လက်မနဲ့ iPad ကို ဝယ်ယူသူ ၆ဝ ရာခိုင်နှုန်းရှိပါတယ်။ iPad သစ်ကတော့ မျက်နှာပြင် ပိုမို ကြီးမားလာပြီး ၁၀.၂ လက်မ Retina Display နဲ့အတူ pixel ၃.၅ သန်းနီးပါး ပါဝင်လာပါတယ်။ A10 Fusion ချစ်ပ်ကိုလည်း ထည့်သွင်းထားပြီး ၃၂၉ ဒေါ်လာနဲ့ပဲ ရောင်းချမှာ […]

Read More

စွမ်းဆောင်ရည်မြင့်မားတဲ့ iPhone 11 Pro နဲ့ Pro Max ကို Apple ထုတ်ဖော်ပြသ

Apple ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး ထုတ်ကုန်တွေဖြစ်တဲ့ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ကို စျေးနှုန်းသက်သာတဲ့ iPhone 11 နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ iPhone 11 Pro မော်ဒယ်တွေက iPhone XS ဖုန်းတွေကို တိုက်ရိုက်ဆက်ခံခဲ့ပါတယ်။ iPhone 11 Pro ဒီဇိုင်းပိုင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားပြီး စတီး case နဲ့ matte finish တို့နဲ့ဖန်တီးထားပါတယ်။ ဒါပေမဲ့ iPhone 11 Pro နဲ့ Pro Max ဟာ ကင်မရာစွမ်းဆောင်ရည်ပိုင်းကို အာရုံစိုက်လုပ်ကိုင်ထားပါတယ်။   iPhone XS နဲ့ XS […]

Read More

လူအခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) အတွက် သင်တန်းသားခေါ်ယူ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အဆိုပါသင်တန်းကို ပြည်သူလူထုအတွင်း လူ့အခွင့်အရေးအသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် မှ အောက်တိုဘာ ၁၀ ရက် အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ အခမဲ့သင်တန်းဖြစ်ပြီး စာရွက်စာတမ်းကြေးတွေကိုတော့ သင်တန်းသားဘက်မှ အကုန်အကျခံပေးရမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှ လျှောက်ထားလိုသူတွေ အနေနဲ့ www.mnhrc.org.mm နဲ့ www.facebook.com/Myanmarnhrc မှလည်းကောင်း လျှောက်ထားနိုင်ပါတယ်။ စက်တင်ဘာ ၁၀ ရက် မှ ၁၇ ရက်အထိ လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူနဲ့ စာရွက်စာတမ်းကြေး တစ်သောင်းကျပ် […]

Read More

ကင်မရာနှစ်လုံး ပါဝင်လာတဲ့ iPhone 11

Apple ဟာ iPhone XR နေရာဆက်ခံသွားမယ့် iPhone 11 ကိုမိတ်ဆက်လိုက်ပါတယ်။ စျေးနှုန်းသက်သာတဲ့ LCD ပါဝင်တဲ့ iPhone XR ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး iPhone ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Apple ဟာ၂၀၁၉ ခုနှစ်နဲ့ လာမယ့်နှစ်အတွက် အဆင့်မြှင့်တင်ထားတဲ့ Apple ကိုမိတ်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ iPhone XR လိုပဲ iPhone 11 မှာ မျက်နှာပြင် ၆.၁ လက်မ display ပါဝင်သလို ဒီဇိုင်းပိုင်းလည်း တူညီပါတယ်။ ရှေ့ဘက်က notch မှာ Face ID ကင်မရာကို ထည့်သွင်းထားပါတယ်။ Apple အနေနဲ့ iPhone 11 ကို အရောင်သစ်တွေနဲ့လည်း ထုတ်လုပ်သွားမှာဖြစ်ပြီး […]

Read More

Myanmar Connect 2019 ကျင်းပသွားမည်

Myanmar Connect 2019 ကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပံ့ပိုးထားသော အဆိုပါအခမ်းအနားကို ဒေသတွင်းနဲ့ နိုင်ငံတကာရှိ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူလုပ်ငန်းရှင်ပေါင်း ၄၅၀ မှ မြန်မာနိုင်ငံ ရဲ့ ဒီဂျစ်တယ်စီးပွားရေး အနာဂတ် အကြောင်းကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၊ မိုဘိုင်းကွန်ရက် လုပ်ငန်းရှင်များ (MNOs)၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်များ မှ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေး အနာဂတ်ကို ပံ့ပိုးပေးမယ့် သူတို့ရဲ့ လက်ရှိအမြော်အမြင်နဲ့ နည်းဗျုဟာတွေကို ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်စေရန်နဲ့ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုရှိစေမယ့် အကြောင်းအရာတွေကို […]

Read More