Day: September 10, 2019

AI ကင်မရာ ၅ လုံးပါဝင်တဲ့ Nova 5T မော်ဒယ်စမတ်ဖုန်းကို Huawei ပြည်တွင်းမှာ မိတ်ဆက်

HUAWEI Consumer Business Group မှ Nova 5T မော်ဒယ်သစ်စမတ်ဖုန်းကို ပြည်တွင်းမှာ စတင် မိတ်ဆက်လိုက်ပါတယ်။ HUAWEI nova 5T ကို Crush Blue ၊ Black နဲ့ Midsummer Purple ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ ဈေးနှုန်းကတော့ ငွေကျပ် ၅၉၉,၀၀၀ နဲ့ စက်တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ Pre-Order အနေနဲ့ ကြိုတင်မှာယူထားနိုင်မှာ ဖြစ်တယ်ပါတယ်။ Pre-Order သတ်မှတ်ထားတဲ့အချိန်အတွင်း ဝယ်ယူသူတွေကို Huawei Mini Speaker များ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး HUAWEI nova 5T အား ဝယ်ယူသူတွေအတွက် ထူးခြားချက်အနေဖြင့် […]

Read More

Learn Burmese Alphabet Easily Burmese Script

မြန်မာဘာသာစကား လေ့လာမှုဆိုင်ရာ App ဖြစ်ပါတယ်။ စကားလုံးဝေါဟာရတွေကို လေ့လာနိုင်မှာဖြစ်ပြီး ဉာဏ်စမ်းဂိမ်း၊ flash ကတ်၊ ရေးသားနည်း၊ မြန်မာစာ ဗျည်း၊ သရ ၊ ကိန်းဂဏန်းအခေါ်အဝေါ် စတာတွေကို အသံထွက်နဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Wunderlist နေရာအစားထိုးသွားမယ့် To Do app ကို Microsoft ထုတ်ဖော်မိတ်ဆက်

Microsoft အနေနဲ့ ဒီတစ်ပတ်မှာ To-Do app ကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ခဲ့ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ option တွေပါဝင်အောင် ဒီဇိုင်းပိုင်းပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ထုတ်ကုန် အမည်ကိုလည်း To-Do ကနေ To Do လို့ပြောင်းလဲခဲ့ပါတယ်။ လက်ရှိ To Do ဗားရှင်းအတွင်းက header အကြီးစားတွေနေရာမှာ နောက်ခံရုပ်ပုံတွေနဲ့ အရောင် template တွေကို theme အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သုံးစွဲသူက Wunderlist မှာပါဝင်တဲ့ ဘာလင်တီဗီတာဝါ နောက်ခံကိုလည်း ရွေးချယ် အသုံးပြုနိုင်ပါသေးတယ်။ Microsoft ဟာ ကနဦးတုန်းက Wunderlist နဲ့ To Do ကိုပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ To Do ကတော့ မူလ Wunderlist […]

Read More

ကိုယ်ပိုင် app အနည်းငယ်ကိုပြသဖို့ App Store ရလဒ်တွေကို Apple အပြောင်းအလဲပြုလုပ်ခဲ့

iPhone နဲ့ iPad သုံးစွဲသူတွေက် App Store ရှာဖွေမှုအတွင်းရှိ ထိပ်ဆုံးနေရာတွေက Apple app တွေကို သတိထားမိကြပါတယ်။ Apple app တွေက App Store အတွင်းက ရှာဖွေမှုရလဒ်ထဲက သင့်တော်တဲ့ အခြား app တွေကို အစဉ်လိုက်ပြသပေးလေ့ရှိတယ်လို့ The New York Times ကဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ရှာဖွေမှုတွေက ကုမ္ပဏီရဲ့တိုးတက်မှုကိုဖော်ပြနေပြီး အခြား app တွေထက် Apple app ၁၄ ခုကို ဖော်ပြပေးတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ App Store ရှာဖွေမှုရလဒ်တွေဟာ ပြဿနာမရှိပေမယ့် ကိုယ်ပိုင် app ဖော်ပြမှုနည်းသွားအောင် ဇူလိုင်လအတွင်း algorithm ကိုပြောင်းလဲခဲ့တယ်လို့ […]

Read More

၂၀၁၉ ထုတ် iPhone တွေမှာ R1 Sensor Coprocessor အသစ်ပါဝင်လာနိုင်

Apple ဟာ အင်္ဂါနေ့ညမှာ မိတ်ဆက်မယ့် iPhone တွေရဲ့ A13 စီးရီးချစ်ပ်တွေမှာ Rose နဲ့ R1 လို့ နာမည်လွှဲပေးထားတဲ့ coprocessor သစ်ကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ Apple အနေနဲ့ coprocessor ကို Rose နဲ့ R1 အမည်တွေနဲ့ ဈေးကွက်ထဲ တင်သွင်းမလားဆိုတာ မသိသေးပါဘူး။ ဒါမှမဟုတ် A စီးရီးချစ်ပ်နံပါတ်နဲ့ ကိုက်ညီပြီး ပထမဆုံး Rose coprocessor ကို R13 အဖြစ်ဖြန့်နိုင်ပါတယ်။ iOS 13 ရဲ့အတွင်းပိုင်း build အရ Rose coprocessor ရဲ့ပထမမျိုးဆက် R1 (t2006) ဟာ Apple ရဲ့ M စီးရီး motion coprocessor […]

Read More

Aviation Institute of Maintenance နှင့် Lakehead University တို့၏ Info Day ပြုလုပ်မည်

အမေရိကန်နိုင်ငံရှိ FAA (Federal Aviation Administration) အသိအမှတ်ပြု လေယာဉ်ပြုပြင် ထိန်းသိမ်းမှု သင်တန်းကျောင်းဖြစ်တဲ့ Aviation Institute of Maintenance (AIM) နဲ့ ကနေဒါနိုင်ငံ Ontario ပြည်နယ်ရှိ Lakehead University တို့ရဲ့ Info Day ကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ မှ ၃ နာရီအထိ Jenko Education မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Info Day မှာ အဆိုပါ ကျောင်းများမှ တာဝန်ရှိသူတွေကိုယ်တိုင် ကျောင်းဝင်ခွင့်များ၊ ကျောင်းဝင်ခွင့်လို အပ်ချက်များ၊ လိုအပ်တဲ့အချက်အလက်တွေ၊ ပြင်ဆင်ရမယ့်အချက်အလက်တွေကို ရှင်းလင်းပြောကြား ပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ တက္ကသိုလ်ပညာ သွားရောက်သင်ကြားခြင်းဖြင့် စာသင်ရင်း […]

Read More

Pixel Brush Studio မှ Founder and Creative Director ဖြစ်သူ ကိုကျော်နှင့် တွေ့ဆုံခြင်း

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာစတိုင်နဲ့ ထွက်ရှိလာမယ့် ဒုဘဒ္ဒရုပ် ပြစာအုပ်ဖန်တီးသူ Pixel Brush Studio မှ Founder and Creative Director ကိုကျော်နဲ့ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ရုပ်ပြပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းက ဘာကြောင့်လို့ထင်ပါလဲ။ ရုပ်ပြကွယ်ပျောက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိတယ်၊ လူတွေရဲ့ ခေတ်စနစ်အပြောင်းအလဲတွေ၊ နည်းပညာ အပြောင်းအလဲတွေ၊ စမတ်ဖုန်း တွေ၊ အင်တာနက်တွေ၊ ဆိုရှယ် မီဒီယာတွေ အားကောင်းလာတဲ့ အချိန်မှာ ပရိသတ်က တစ်ဖတ် စောင်း နင်းပါသွားတာမျိုးရှိတယ်၊ အဲ့အခါမှာ လူတွေကစာအုပ်၊ စာ ပေတွေ ဖတ်တာမျိုးမရှိကြတော့ ဘူးဆိုတော့ စာအုပ်ရဲ့ စျေးကွက်က ထိုးကျတာမျိုး ဖြစ်သွားတယ်၊ ဒါပေမဲ့ အခုလူတွေက စာအုပ်စာပေဘက်ကိုပြန်ပြီး လှည့်လာကြပြီ၊ စာတွေလည်း ပြန်ဖတ် လာကြပြီ၊ […]

Read More