Day: September 5, 2019

Medical Abidan (ဆေးအဘိဓာန်)

မြန်မာဘာသာနဲ့ အသုံးပြုနိုင်မယ့် ဆေးအဘိဓာန် App ဖြစ်ပါတယ်။ ဆေးကျောင်းသား၊ ကျောင်းသူ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့သူများအတွက် ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ဝေါဟာရအဓိပ္ပာယ်တွေကို Search ကနေ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆေးပညာဝေါဟာရပေါင်း ၇ဝဝဝ ကျော်ပါဝင်ပြီး နောက်ထပ် စကားလုံးအသစ်တွေကို update ပြုလုပ်ကာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် လွှတ်တော်တွင် ဆွေးနွေး

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက်ဖြစ်နေတဲ့အတွက် ပြည်နယ်ပညာရေးမှူးက အောင်ချက်လုံးဝမရှိတဲ့ ကျောင်းတွေကို ခေါ်ယူတွေ့ဆုံပြီး အောင်မြင်တဲ့ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်သလို အောင်ချက်တိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၅ ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ (၅.၉.၂၀၁၉) မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေမေးမြန်းသည့် “ရခိုင်ပြည်နယ် သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်နေရသည့် အကြောင်းအရင်း များကို သိရှိလိုခြင်းနှင့် လာမည့် ၂၀၂ဝ ခုနှစ်တွင် အောင်ချက်မြင့်တက်လာစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း”နဲ့ စပ်လျဉ်းတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည် […]

Read More

နည်းပညာအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများအတွက် SME-Development Bank နှင့် Industries Bank of Korea တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

နည်းပညာအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများအတွက် SME-Development Bank နှင့် Industries Bank of Korea တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးမှုတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များ အပြင် ဘဏ်နှစ်ခုကြား ဖွံဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းမှာ SME- Development Bank ကို အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲပြီးချိန်တွင် နိုင်ငံတကာဘဏ်များဖြင့် ပထမဦးဆုံးအကြိမ် ဘဏ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဒီလို SME-Development Bank နဲ့ Industries Bank of Korea တို့ MOU ရေးထိုးခြင်းဖြင့် ကိုရီးယားနိုင်ငံမှာရှိတဲ့ Eduvision စင်တာတွေလိုမျိုး မြန်မာပြည်မှာ စတည်ထောင်ခြင်းဖြစ်တဲ့အတွက် start- up လုပ်ငန်းတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ပံ့ပိုးနိုင်မှာပါ။ ပံ့ပိုးနိုင်တဲ့အခါကျရင် SME […]

Read More

ECG လုပ်ဆောင်ချက်ပါဝင်လာတဲ့ Asus Vivowatch SP စမတ်နာရီသစ်

Asus ဟာ IFA 2019 ပွဲမှာ ROG Phone II ကို တစ်ကမ္ဘာလုံးရှေ့မှောက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ထုတ်ဖော်ရောင်းချမယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။ Asus ဟာ သုံးစွဲသူတွေ သွေးပေါင်ချိန်နဲ့ ဖိအားရေချိန်ကို တိုင်းနိုင်မယ့် ECG လုပ်ဆောင်ချက်တွေပါဝင်တဲ့ Vivowathc SP ကိုမိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီနာရီမှာ တိကျတဲ့ အချက်အလက်အတွက် GPS နဲ့ altimeter ပါဝင်လာပါတယ်။ ဒါ့အပြင် Asus HealthAI ပါဝင်တဲ့ထုတ်ကုန်က သုံးစွဲသူရဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ အမူအကျင့်အပေါ် အခြေခံပြီး လမ်းညွှန်မှုတွေပြုလုပ်ပေးမှာပါ။ အဲဒီ platform ကို ကျန်းမာရေးပညာရှင်တွေက ဖန်တီးထားတာ ဖြစ်ပါတယ်။ Vivowatch SP က အမြဲတမ်း အသုံးပြုမယ့်သူတွေကို အာရုံစိုက်ရောင်းချမှာ ဖြစ်ပြီး […]

Read More

ဒီဇိုင်းနှင့် ဆန်းသစ်တီထွင်ခြင်းဆွေးနွေးပွဲ ပြုလုပ်

ဒီဇိုင်းနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ မျှဝေပေးခဲ့တဲ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက MICT Park ရှိ Kanaung Hub မှာပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဒေါက်တာငြိမ်းချမ်းအောင်မှ Design Innovation ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ “ဒီဇိုင်းကိုစိတ်ဝင်စားကြတဲ့ လူငယ်တွေကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမဲ့ ဒီဇိုင်းလို့ စစဉ်းစားလိုက်တာနဲ့ ပုံအလှဆွဲတယ်လို့ မစဉ်းစားစေချင်ဘူး၊ ထူးခြားတဲ့ပညာရပ်တစ်ခု လူအပြုအမူကို ပြုပြင်ပေးနိုင်တဲ့ ပညာရပ်တစ်ခုလို့ ကျွန်တော်ကတော့ထင်တယ်၊ ပြီးတော့ ဖြစ်နိုင်ရင် Software နဲ့ Technology ကိုမရောစေချင်ဘူး၊ ဒီဇိုင်းကို အရင်ကျွမ်းအောင် သင်ယူလေ့လာစေချင်တယ်၊ ပြီးတော့မှ ကိုယ်စိတ်ဝင်စားတဲ့ Software ကိုအသုံးပြုသင့်ပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။ -အောင်သက်ကို

Read More

Facebook သုံးစွဲသူတွေရဲ့ ဖုန်းနံပါတ်တွေ အွန်လိုင်းမှာ ပေါက်ကြား

Facebook account များစွာနဲ့ ဆက်စပ်နေတဲ့ ဖုန်းနံပါတ် ရာပေါင်းများစွာ အွန်လိုင်း database မှာ ပေါ်လာပါတယ်။ ဒါကြောင့် အဲဒီနံပါတ်တွေကို လူပေါင်းများစွာက မရှာနိုင်ခင်မှာ ဖြုတ်ချခဲ့ပါတယ်။ လုံခြုံရေးသုတေသီက မကာကွယ်ထားတဲ့ ဆာဗာအစိတ်အပိုင်းမှာ database အတွင်းက မှတ်တမ်းပေါင်း ၄၁၉ သန်းကျော်ရှိတယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ မှတ်တမ်းပေါင်း ၁၃၃ သန်းက အမေရိကန် Facebook သုံးစွဲသူဆီက အချက်အလက်တွေဖြစ်ပြီး မှတ်တမ်း ၁၈ သန်းလောက်က ယူကေသုံးစွဲသူတွေဆီက ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ မှတ်တမ်းများစွာ ဖြုတ်ချခဲ့ပေမယ့် မှတ်တမ်းတွေကို ကူးယူထားတယ်လို့ သိရပါတယ်။ Facebook သုံးစွဲသူ သန်း၂ဝဝကျော် ထိခိုက်ခဲ့တယ်လို့ ခန့်မှန်ထားပါတယ်။ “အခုအချက်အလက်တွေက ဟောင်းနွမ်းပြီး သုံးစွဲသူတွေက ဖုန်းနံပါတ်ကို အသုံးပြုပြီး အခြားလူတွေ […]

Read More

ဘက်ထရီအကုန်သက်သာစေတဲ့ Android ရဲ့ Standby App လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

စမတ်ဖုန်းဘက်ထရီက နေ့စဉ် ဘက်ထရီသုံးစွဲမှုများတဲ့အတွက် ဘက်ထရီသုံးစွဲမှုကို လျှော့ချနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Standby app လုပ်ဆောင်ချက်ကို အသုံးပြုပြီး လျှော့ချနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က Android OS စနစ်မှာ Default အနေနဲ့ ပါဝင်လာတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က အမြဲပုံမှန်အသုံးပြုနေတဲ့ app တွေ၊ ဂိမ်းတွေကို Active, Working_Set, Frequent, Rare အနေနဲ့ ကဏ္ဍ ၄ ခုနဲ့ ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။ အမြဲသုံးတာ၊ အမြဲမသုံးပေမယ့် သုံးဖို့လိုအပ်တာ၊ မကြာခဏအသုံးပြုတာ၊ လုံးဝနီးပါး မသုံးမပြုတာ စတဲ့ ကဏ္ဍတွေအနေနဲ့ ဖုန်းထဲက App တွေကို ကြည့်ရှုစစ်ဆေးပြီး ဘက်ထရီသုံးစွဲမှုကို ပိုမိုကြာရှည်အောင် လုပ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် ဖုန်းမှာ Developer […]

Read More

Aspire C22-866 All in One PC

Acer Aspire C22-866 All in One PC မှာ Intel ရဲ့ Core i3 processor 8130U ကိုအသုံးပြုထားပြီး Memory အတွက် DDR4 စနစ်နဲ့ 4GB ထည့်သွင်းအသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1TB HDD ပါရှိပြီး Graphics ပိုင်းအတွက် Intel ရဲ့ NVIDIA Geforce MX130 2GB အသုံးပြုထားပါတယ်။ Home Family ALL In One PC ဖြစ်တာကြောင့် Entertainment ခံစားဖို့အတွက် ၂၁.၅ လက်မအရွယ်ရှိတဲ့ မျက်နှာပြင် ပါရှိမှာဖြစ်ပါတယ်။ Integrated wireless LAN ပါဝင်တဲ့အတွက် ကွန်ရက်ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ […]

Read More

Gigabyte Aero 15 OLED

တန်ဖိုး – ကန်ဒေါ်လာ ၂၄၉၉ အားသာချက် ပါးလွှာတဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို 4K OLED display နဲ့ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေက သဘောကျစရာကောင်းလှပြီး မြန်ဆန်တဲ့ processor နဲ့ ကောင်းမွန်တဲ့ ဂရပ်ဖစ်ပ်စွမ်းဆောင်ရည်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် Display မြင်ကွင်းရဲ့ အောက်ဘက်မှာ တပ်ဆင်ထားတဲ့ webcam နဲ့ သူ့မှာပါ၀င်တဲ့ Microsoft Azure AI စနစ်ကတော့ မိမိအသုံးပြုတဲ့ပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် အလိုအလျောက် လုပ်ဆောင်ပေးပေမယ့် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီထက် ပိုကောင်းဖို့လိုမယ်လို့ မြင်ပါတယ်။ သုံးသပ်ချက် Gigabyte Aero 15 OLED က ရုပ်ထွက်ပိုင်း မြင့်မားလှတဲ့ 4K […]

Read More

Face ID နည်းပညာ

Face ID ဆိုတာက မျက်နှာပြင်ကို ဖုန်းကနေ သိရှိမှတ်သားကာ ဖုန်းကို အပြည့်အဝ လုံခြုံမှုရှိစေမယ့် လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းပညာကို Apple Inc ကနေ ဒီဇိုင်းထုတ်ပြီး ဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Apple က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ iPhone X ကို မိတ်ဆက်ခဲ့ပြီး ဒီဖုန်းမှာ Face ID နည်းပညာကို စတင်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ Face ID က လုံခြုံရေးနဲ့ တစ်ကိုယ်ရေဆိုင်ရာ အချက်အလက် ကာကွယ်ပေးနိုင်မှုတွေက Touch ID ထက် ပိုမို အဆင့်မြင့်မားပါတယ်။ ဒီနည်းပညာက မျက်နှာပြင်မှတ်သားတဲ့ ဆင်ဆာကို အခြေခံဖန်တီးထားတာဖြစ်ပေမယ့် ဒီစနစ်မှာ dot ပရိုဂျက်တာမော်ဂျူးနဲ့ အင်ဖာရက်ထ်ကင်မရာမော်ဂျူးဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ Dot […]

Read More