Day: September 4, 2019

Yatasone

ဆရာတော်ကြီးများရဲ့ တရားတော်စာအုပ်များ၊ မဂ္ဂဇင်းဂျာနယ် အပါအဝင် စာအုပ်ပေါင်း တစ်သောင်းခွဲကျော်ကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ တရားတော်စာအုပ်များကို MP3, MP4 ဖိုင်တွေကို App ကနေ နားထောင်နိုင်မှာဖြစ်ပြီး Buddha Channel ကိုလည်း တိုက်ရိုက် Live အနေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စာအုပ်များကိုလည်း အွန်လိုင်းမှာဖတ်ရှုနိုင်သလို ဖုန်းထဲကို Download လုပ်ကာလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး၊ ၀ါသနာ၊ ဟာသ၊ သီချင်းစတာတွေကို လည်း App ကနေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ −ရဲထွဋ်၀င်း

Read More

6,000 mAh ဘက်ထရီနဲ့ ထွက်ရှိလာမယ့် Samsung Galaxy M30s ကို စက်တင်ဘာလ ၁၈ ရက်မှာ မိတ်ဆက်မယ်

ပြီးခဲ့တဲ့ရက်အတွင်း Samsung Galaxy M30s နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာ Samsung Galaxy M30s ကို Amazon India မှာ သီးသန့်ထုတ်ကုန်အဖြစ် ရောင်းချမှာ ဖြစ်ပြီး ဘက်ထရီ 6,000 mAh ပါဝင်လာမှာ ဖြစ်ပါတယ်။ Android Enterprise ရဲ့ဖော်ပြချက်အရ ၆.၄ လက်မ display Super AMOLED display, RAM 4GB ဒါမှမဟုတ် storage 64GB ဒါမှမဟုတ် 128GB ပါဝင်လာပါတယ်။ Geekbench စမ်းသပ်မှုအရ Exynos 9610 chipset အပြင် Exynos 9611 ပါဝင်လာဖွယ်ရှိပါတယ်။ ကျောဘက်မှာတော့ 48MP အဓိက ကင်မရာ ၃ လုံး […]

Read More

သုံးစွဲသူတွေရဲ့ မျက်နှာကို Facebook ခြေရာခံတော့မည် မဟုတ်

Facebook ဟာ ဓာတ်ပုံတွေမှာ facial recognition ကို default အဖြစ် ထည့်သွင်းထားပါတယ်။ Face Recognition privacy setting ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ပထမဆုံးမိတ်ဆက်ခဲ့ပါတယ်။ Face Recognition ကိုဖွင့်လိုက်ရင် Facebook က သုံးစွဲသူတစ်ဦး ပါဝင်တဲ့ ဓာတ်ပုံကိုတင်ရင် သတိပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူက အဲဒီပုံမှာ tag လုပ်နိုင်သလို report လည်းလုပ်နိုင်ပါတယ်။ လာမယ့်အပတ်အတွင်း အခု feature ကို အပြီးသတ်ဖြန့်ချိမှာ ဖြစ်ပါတယ်။ တကယ်လို့ Face Recognition setting မရှိသေးသူတွေအတွက် News Feed ကနေသတိပေးသွားမှာ ဖြစ်ပြီး သတိပေးချက်ကနေ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ တကယ်လို့ သတိပေးချက်ကို မမြင်ဘူးဆိုရင် Face […]

Read More

Google Pixel ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Android 10

Google အနေနဲ့ Android 10 လို့အမည်ရတဲ့ Android မိုဘိုင်း mobile operating system အသစ်ကို Pixel စမတ်ဖုန်းတွေဆီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်း အခြားထုတ်ကုန်တွေဆီ မဖြန့်ချိခင်မှာ Google ရဲ့ ဖုန်းတွေဆီ ပထမဆုံးထွက်ရှိတဲ့ software ဖြစ်တယ်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ Android 10 မှာ dark mode နဲ့အဆင့်မြှင့်တင်ထားတဲ့ လုံခြုံရေး settings နဲ့ဖုန်းခေါ်ဆိုမှုတွေ၊ message တွေအတွက် home screen ပေါ်က “bubbles” သတိပေးချက် feature တို့ပါဝင်လာပါတယ်။ Live Caption tool ကတော့ အသံပိုင်းဆိုင်ရာအတွက် on-the-fly transcription တွေကို ဖန်တီးပေးပြီး Pixel ဖုန်းတွေမှာ ပထမဆုံး […]

Read More

ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် သူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ဆေးတက္ကသိုလ် တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာ ရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်စာ မေးပွဲအောင်မြင်ခဲ့သူတွေအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူနေပါတယ်။ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကို စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားလျှောက်ထားရမယ်လို့ သိရပါတယ်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူတွေအနေနဲ့ လျှောက်ထားတဲ့အခါမှာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထား ရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှာ မေးမြန်းစုံစမ်း နိုင်ပါတယ်။ -သန္တာ

Read More