Day: September 3, 2019

Myanmar Font Styles For Vivo Phones

Vivo ဖုန်းတွေအတွက် မြန်မာစာဖောင့်အလှများ အလွယ်တကူ ပြောင်းနိုင်မယ့် app ဖြစ်ပါတယ်။ မြန်မာဖောင့်အလှ ၂၉ မျိုးပါ၀င်ပြီး ခလုတ်တစ်ချက်နှိပ် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More

Like အကြိမ်ရေ ပြသမှုကို Facebook ဖယ်ရှားဖွယ်ရှိ

Facebook ဟာ သုံးစွဲသူတွေကို ကိုယ်တိုင် ဆင်ဆာဖြတ်ခြင်းကနေ ဖျောင်းဖျတာနဲ့ အားကျတာတွေကနေ သုံးစွဲသူတွေကို ကာကွယ်ဖို့ News Feed post တွေက Like အကြိမ်ရေကို စတင်ဖုံးကွယ်သွားနိုင်ပါတယ်။ Instagram အနေနဲ့ ကနေဒါနဲ့ ဘရာဇီးအပါအဝင် နိုင်ငံပေါင်း ၇ ခုမှာ Like အကြိမ်ရေနေရာမှာ mutual friend တွေရဲ့ နာမည်အနည်းငယ်ကို စတင်ပြသနေပါတယ်။ အဲဒီစိတ်ကူးကတော့ သုံးစွဲသူတွေ အခြားသူတွေ အပျက်ဘက်က နှိုင်းယှဉ်စဉ်းစားမှုကိုကာကွယ်ပြီး အခြားလူများထက် Like နည်းပါးတာကို အားနည်းချက်တစ်ခုလို ခံစားရနိုင်မှာကို တားဆီးဖို့ဖြစ်ပါတယ်။ ဒါ့အပြင် Like ဒါမှမဟုတ် ဝေမျှမှုလုံလုံလောက်လောက် မရရင် post တွေဖျက်တဲ့ သုံးစွဲသူတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ Reverse အင်ဂျင်နီယာပိုင်းကျွမ်းကျင်တဲ့ ဂျိန်းမန်ချန်ဝမ်က Android app […]

Read More

Samsung Galaxy A90 5G ကိုတရားဝင်မိတ်ဆက်

Samsung ဟာ 5G စမတ်ဖုန်း ၃ မျိုးကို မိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။ အဲဒါတွေကတော့ Galaxy S10 5G, Galaxy Note10 5G နဲ့ Galaxy Note10+ 5G တို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အခုဆိုရင် စတုတ္ထမြောက် 5G ဖုန်းဖြစ်တဲ့ Galaxy A90 5G ကိုမိတ်ဆက်ခဲ့ပါတယ်။ မျိုးဆက်သစ်ကွန်ရက်ထောက်ပ့ံမှုပါဝင်တဲ့ ပထမဆုံး အဆင့်မြင့် အလယ်အလတ်တန်းစား စမတ်ဖုန်းဖြစ်လာပါတယ်။ Galaxy A90 5G မှာ Snapdragon 855 SoC နဲ့အတူ RAM 6GB ဒါမှမဟုတ် 8GB တွဲဖက်ထားပါတယ်။ စမတ်ဖုန်းမှာ Android Pie နဲ့ storage 128GB အသုံးပြုထားပါတယ်။ RAM 6GB […]

Read More

PSB Academy Singapore ၏ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

PSB Academy Singapore မှ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ Novotel Hotel (Mandalay Room) မှာလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ Mandalay Swam Hotel (Yadanar Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ University of Wollongong မှ International and Marketing ဌာန၏ Senior Manager ဖြစ်သူ Victoria Robinson မှ […]

Read More

Google Play Store ရှိ App နှင့် App အတွင်း ဝယ်ယူမှုများကို ဖုန်းဘီလ်ဖြင့်တိုက်ရိုက်ငွေပေးချေနိုင်မည်

Google Play Store အသုံးပြုရာမှာ ဖုန်းဘီလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မယ့် ဝန်ဆောင်မှုကို Google နဲ့ အူရီဒူးမြန်မာတို့ ပူးပေါင်းဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်အနေဖြင့် Android ဖုန်းအသုံးပြုတဲ့ အူရီဒူး သုံးစွဲသူအားလုံး Google Play Store မှ ပရီမီယံ အက်ပလီကေးရှင်းတွေနဲ့ အက်ပလီကေးရှင်းအတွင်း ပရီမီယံဝယ်ယူမှုများအတွက် သြဂုတ် ၃၀ ရက်မှစတင်၍ အကြွေးဝယ်ကတ် (Credit Card) များအသုံးပြုစရာမလိုဘဲ အူရီဒူး ဖုန်းဘီလ်ဖြင့် အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ Google Play Store သို့ gmail ဖြင့်ဝင်ရောက်ပြီး လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ မှတ်ပုံတင်ခြင်းပြုလုပ်ကာ ပေးချေရန်လမ်းကြောင်းကို အူရီဒူးသို့ ပြောင်းထားရန်သာ လိုအပ်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ […]

Read More

သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းအတွက် သင်တန်းသားခေါ်ယူ

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်ရဲ့ သွားတုလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဌာနမှ ၂၀၂၀ ပညာသင်နှစ်အတွက် သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ ((Diploma in Dental Technology) ၂ နှစ် သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူထားသူများ တက်ရောက်နိုင်ပြီး နိုဝင်ဘာ ၄ ရက်မှာ အသက် ၃၀ ထက်မကြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းအောင်မြင်ပြီးပါက မည်သည့်ဒေသတွင်မဆို ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်သို့ နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၄ ရက်မှာ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖြေဆိုရမှာဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတ ၃ နာရီ […]

Read More