Day: September 2, 2019

Sports Myanmar

နောက်ဆုံးရ အားကစားသတင်းတွေကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ် ပရီးမီးယားလိခ်၊ လာလီဂါ၊ စီးရီးအေ၊ ဘမ်ဒယ်လီဂါ၊ လိဂ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ၊ နေရှင်နယ်လိဂ်၊ အီအက်ဖ်အယ်လ်၊ စကော့တစ်ပရီးမီးယားလိခ်စတဲ့ ဘောလုံးပွဲလိုင်းပေါင်းစုံရဲ့ ဘောလုံးပွဲစဉ် ရမှတ်၊ ယှဉ်ပြိုင်မှု၊ ပွဲကြို၊ ပြသမယ့်အချိန်ဇယားစတာတွေကို မြန်မာလို သိရှိဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Sony Xperia 2 ရဲ့သတင်းထုတ်ပြန်ချက် ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာ

Sony အနေနဲ့ Xperia 1 နေရာဆက်ခံမယ့် ထုတ်ကုန်ကို မကြာခင်မိတ်ဆက်မယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ အဲဒီထုတ်ကုန်ကို နောက်တစ်ပတ်မှ ပြုလုပ်မယ့် IFA Berlin မှာမိတ်ဆက်နိုင်ပါတယ်။ Xperia 2 ရဲ့ဓာတ်ပုံတွေကတော့ အွန်လိုင်းမှာထွက်ပေါ်နေပါတယ်။ Sony ရဲ့ Xperia 2 ရဲ့ကျောဘက်ကင်မရာက ကျောဘက် ဘယ်ဘက်ထောင့်မှာ ထားရှိတာတွေ့ရပါတယ်။ Sony အနေနဲ့ Xperia 2 ညာဘက်​ဘေးဘက်မှာ အသံ၊ ပါဝါနဲ့ ကင်မရာခလုတ်တွေကို နေရာချထားပြီး fingerprint reader ကိုလည်းထည့်သွင်းထားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဇူလိုင်ကအတွင်း Xperia 2 လို့ထင်ရတဲ့ ကောလာဟလသတင်းတချို့ထွက်ပေါ်ခဲ့ပါတယ်။ Xperia 2 (မော်ဒယ်နံပါတ် J8010) မှာရုပ်ထွက်အရည်အသွေး 3840x 1644 ပါဝင်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အခြားကောလာဟလတွေကကတော့ […]

Read More

အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၃ အတွက် သင်တန်းသားခေါ်ယူ

အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills) အမှတ်စဉ် ၄၃ ကို စက်တင်ဘာလကုန်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကို နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာ ကိစ္စရပ်တွေမှာ စိတ်ပါ၀င်စားသူတွေ တက်ရောက်နိုင်ပြီး သံတမ်ရေးရာ သဘော တရားတွေကိုသိရှိ နားလည်စေရန်၊ Diplomacy နှင့်ပတ်သက်သော ဘာသာရပ််များ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင် အစည်း အဝေးကျင်းပခြင်း (International Conferencing)၊ စေ့စပ်ညှိနှိုင်းပြောဆိုမှုနည်းလမ်းများ (Negotiation Techniques) အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်များ (International Law)၊ စီးပွားရေးဘာသာရပ်များ (Economics) အပါအဝင် သံတမန်ရေးရာ (Protocol) နဲ့သက်ဆိုင်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့် […]

Read More

Marketing Resarch ရက်တိုသင်တန်းဖွင့်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ် နဲ့ Myanmar-India Entrepreneurship Development Center တို့ပူးပေါင်းဖွင့်တဲ့ Marketing Research ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကို စက်တင်ဘာ ၉ ရက် မှ ၁၈ ရက် အထိ ညနေပိုင်း ၈ ရက်သင်တန်းဖြစ်ပြီး သင်တန်းချိန်က ညနေ ၅ နာရီခွဲ မှ ရ နာရီအထိဖြစ်ပါတယ်။ သင်တန်းကြေး ငါးသောင်းကျပ်တိတိ ဖြစ်ပြီး ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှာတက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ တိုက်ရိုက် ပေးအပ်မယ့် သင်တန်းဆင်း လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၁-၆၆၄၆၈၄ နဲ့ ၀၉၉၆၃၃၅၉၄၅၉ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -သန္တာ

Read More

OnePlus 7T Pro ရဲ့ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်

OnePlus ဟာစက်တင်ဘာလ ၂၆ ရက် အိန္ဒိယမှာပြုလုပ်မယ့်ပွဲ မှာ OnePLus 7T နဲ့ OnePlus ZT Pro နဲ့အတူ OnePlus TV ကို မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ OnePlus 7T ထုတ်ကုန်ရဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး OnePlus 7 နဲ့ကွာခြားမှုမရှိပါဘူး။ OnePlus 7T မှာ အဆင့်မြှင့်တင်ထားတဲ့ ကျောဘက်ကင်မရာနဲ့ 90Hz ရုပ်ထွက်အရည်အသွေးမြင့် မျက်နှာပြင်တို့ပါဝင်လာပါတယ်။ အခုဆိုရင် OnePlus 7T Pro အတွက် CAD အခြေခံဆွဲထားတဲ့ သရုပ်ဖော်ပုံတွေထွက်လာပါတယ်။ ဒါ့အပြင် Mclaren Editon 7T Pro လည်းထွက်ရှိမယ်လို့ သိရပါတယ်။ 7T Pro ဟာ အရောင်၊ လိမ္မော်အရောင်အပြင် […]

Read More

ဈေးသက်သာတဲ့ tablet တွေဖြစ်တဲ့ Tab M7 နဲ့ Tab M8 တွေကို Lenovo မိတ်ဆက်

IFA 2019 ပြပွဲမတိုင်မီ Lenovo အနေနဲ့ ဈေးနှုန်းသက်သာတဲ့ Tab M7 နဲ့ Tab M8 tablet ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Lenovo tablet သစ် ၂မျိုးစလုံးဟာ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်ကြည့်ရာမှာ အသုံးဝင်ပြီး ကလေးတွေအတွက် အကျွမ်းဝင်မယ့် Kid’s Mode လည်းပါဝင်လာပါတယ်။ ထုတ်ကုန်သစ်တွေဟာ ဘေးဘောင်သေးငယ်ပြီး LTE ထုတ်ကုန်ဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။ Tab M7 နဲ့ Tab M8 တို့ကို အောက်တိုဘာလအတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Lenovo Tab M8   အရွယ်ပိုမိုကြီးမားတဲ့ Tab M8 မှာ ၈လက်မအရွယ် IPS panel နဲ့ ပါဝင်ပြီး HD နဲ့ […]

Read More

Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေး account တိုက်ခိုက်ခံရ

Twitter အမှုဆောင်အရာရှိချုပ်နဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဂျက်ဒိုဆေးရဲ့ account ဟာ သောကြာနေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူတွေက ဂျက်ဒိုဆေး account ကိုထိန်းချုပ်ပြီး လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်ရေး မှတ်ချက်တွေအပြင် ဗုံးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ tweet တွေကို hashtag တွေအများအပြားနဲ့ ပျံ့နှံ့အောင်ပြုလုပ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ Tweet တွေဟာ မဖျက်ခင်အထိ မိနစ် ၂၀လောက်အထိ ကြာမြင့်ခဲ့ပြီး အခြား Twitter သုံးစွဲသူတွေကိုလည်း mention တွေပြုလုပ်ခဲ့ပါတယ်။ “ဂျက်ရဲ့ account ထိခိုက်မှုရှိခဲ့ပြီး ဘာဖြစ်သွားလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ Twitter ဆက်သွယ်ရေးအကြီးအကဲ ဘရန်ဒန်ဘောမန်းကပြောခဲ့ပါတယ်။ သောကြောနေ့ ပစိဖိတ်အချိန် ၂နာရီ ၂၂မိနစ်လောက်မှာ ဒိုဆေးရဲ့ account ကိုလုံခြုံအောင် လုပ်နိုင်ပြီလို့ Twitter […]

Read More