Month: September 2019

Local
News

Bphone အမှတ်တံဆိပ် စမတ်ဖုန်းများကို မန္တလေးမြို့တွင်တရားဝင်မိတ်ဆက်

မြန်မာနိုင်ငံသို့ လွန်ခဲ့တဲ့ ၂ လခန့်က စတင်ဝင်ရောက်လာခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း Bphone 3 ကို မန္တလေးမြို့မှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို မန္တလေးမြို့၊ Skywalk Shopping Mall မှာကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ အပါအဝင် ပရိသတ်များစွာ တက်ရောက်ခဲ့ကြပါတယ်။ မိတ်ဆက်ပွဲ တက်ရောက်လာသူတွေ အနေနဲ့ Bphone 3 Pro နဲ့ Bphone 3 စမတ်ဖုန်းတွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ် အသုံးပြုခွင့်ရရှိခဲ့ပါတယ်။   မိတ်ဆက်ပွဲ အခမ်းအနားတွင် ကံစမ်းမဲအစီအစဉ်များ ပါဝင်ခဲ့ပြီး တက်ရောက်လာသူတွေအနေနဲ့ Bphone 3 စမတ်ဖုန်း ၃ လုံးအပါအဝင် အခြား စိတ်လှုပ်ရှားဖွယ်ရာ ဆုမဲများတွေကို […]

Read More
News
Tech

Dark Web လုပ်ကိုင်နေတဲ့ နေတိုးအဖွဲ့ရဲ့ ကတုတ်ကျင်းဟောင်းကို ရဲများ ဝင်ရောက်စီးနင်း

ဂျာမန်ရဲတပ်ဖွဲ့ဟာ နေတိုးအဖွဲ့ ကတုတ်ကျင်းဟောင်းမှာ လုပ်ကိုင်နေတဲ့ ရာဇဝတ်မှု web hostiong ဝန်ဆောင်မှုကို ပိတ်သိမ်းလိုက်တယ်လို့ AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ သတင်းအရ စုံစမ်းစစ်ဆေးသူတွေဟာ ၂၀၁၃ ခုနှစ်အတွင်း ဂျာမနီအနောက်ပိုင်းအခြေစိုက် ခံတပ်ကို ဝယ်ယူခဲ့တဲ့ ဒတ်ချ်လူမျိုးကို စတင်ခြေရာခံစုံစမ်းခဲ့ပါတယ်။ အဲဒီ ဒတ်ချ်လူမျိုးဟာ ကတုတ်ကျင်းကို “bulletproof” အမည်ရ web hosting ဝန်ဆောင်မှုအဖြစ် ပြောင်းလဲပါတယ်။ ဝန်ဆောင်မှုမှာ တရားမဝင် ဆေးခြောက်၊ မူးယစ်ဆေးဝါးအမျိုးနဲ့ hacking tool တွေရဲ့ ဈေးကွက်အဖြစ် အသုံးပြုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက Deutsche Telekom အပေါ် botnet တိုက်ခိုက်မှုနဲ့ bulletproof ကိုချိတ်ဆက်မိသွားပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ဆက်စပ်နေတဲ့ လူ ၇ ဦးကိုတော့ ဖရန့်ဖတ်မြို့နားက စားသောက်ဆိုင်မှာ ဖမ်းဆီးထိန်း သိမ်းခဲ့ပါတယ်။ ရဲတွေက […]

Read More
News
Samsung

ဒီဇိုင်းသစ်နဲ့ 64MP ပါဝင်တဲ့ Samsung Galaxy A70s

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပေါက်ကြားထွက်ပေါ်မှုတွေအပြီးမှာ Samsung Galaxy A70s ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းကို အိန္ဒိယမှာ မိတ်ဆက်ခဲ့ပြီး Samsung ရဲ့ 64MP Bright GW1 sensor ကိုကျောဘက်မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၇လက်မဖြစ်ပြီး FHD+ Super AMOLED နဲ့ 32MP selfie အတွက် ရေစက်ပုံစံ notch မှာ 32MP ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ under-display fingerprint reader ပါဝင်လာပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို လည်း အပြောင်းအလဲပြုလုပ်ထားပါသေးတယ်။ Galaxy A70s အဓိက ကင်မရာကတော့ f/1.8 aperture နဲ့အတူ 64MP ကို 8MP f/2.2 ultrawide sensor နဲ့ […]

Read More
Android
Download

MLBB Guide – MM

Mobile Leagend Bang Bang ကစားသူတွေ ဆောင်ထားသင့်တဲ့ MLBB App ဖြစ်ပါတယ်။ စမ်းသပ်အဆင့်အနေနဲ့ ဖန်တီးထားတဲ့ App ဖြစ်ပြီး MLBB ရဲ့ သူရဲကောင်း ဟီးရိုးတစ်ယောက်ချင်းစီရဲ့ အကြောင်းအရာတွေ၊ ဂိမ်းထဲက လက်နက်ဆိုင်ရာ၊ မှော်အစွမ်းဆိုင်ရာ စတာတွေကို မြန်မာလို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ MLBB ရဲ့ Fan တွေ ဖန်တီးထားတဲ့ App ဖြစ်ပြီး Moonton ရဲ့ တရားဝင် App မဟုတ်ပါ။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local
News

ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားသည့် စမတ်ဖုန်းမော်ဒယ်သစ်ကို TECNO မိတ်ဆက်

ထိပ်တန်းမိုဘိုင်းဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ TECNO Mobile မှ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ နောက်ဆုံးထုတ် SPARK 4 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်လိုက် ပါတယ်။ အဆိုပါ SPARK 4 မော်ဒယ်သစ်စမတ်ဖုန်းမှာ ခေတ်မီ အဆင့်မြင့်နည်းပညာ feature များပါဝင်လာပြီး အရည်အသွေးမြင့်ပစ္စည်းတစ်ခုကို လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်မယ်လို့ TECNO က ဆိုပါတယ်။ TECNO မိုဘိုင်းမြန်မာရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Jason Wang က “SPARK 4 ဟာ သုံးစွဲသူတွေ ငွေကြေးအတွက် စိတ်ပူစရာမလိုဘဲ အကောင်းဆုံး မိုဘိုင်းဖုန်းအတွေ့အကြုံတွေကို လူတိုင်းရရှိခံစားအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ TECNO ရဲ့ ကတိကဝတ်ကို သက်သေပြလိုက်တဲ့ အထောက်အထားတစ်ခုပါ”လို့ SPARK 4 […]

Read More
Article

ကွမ်တမ်ရူပဗေဒဆိုင်ရာ ရေဒါစနစ်တီထွင်နေမှုများ

GPS ဆက်သွယ်ရေး စနစ်သည် အလွန်နက်ရှိုင်းလှသည့် ရေထု၊ မြေထု၊ သို့မဟုတ် အဆောက်အဦ စသည်တို့ကို ထိုးဖောက်နိုင်ခြင်း မရှိသည့်အပြင် ရေငုပ်သင်္ဘောနှင့် အခြားသော ရေအောက် လုပ်ဆောင်မှုများတွင် အဆိုပါစနစ်အား အသုံးပြုနိုင်ခြင်း မရှိသည်ကို တွေ့မြင်နိုင်ပေသည်။ ထို့အပြင် GPS စနစ်သည် မိုးမျှော်တိုက်တာများအကြားတွင် ရှိသော ပြင်ပနေရာများနှင့် မိုးလုံလေလုံ အခန်းများအတွင်း၌လည်း ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ ထို့အပြင် စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ချိန်ကာလနှင့် ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အချိန်များတွင် စစ်သည်များ အသုံးပြုလေ့ရှိသည့် ရေဒီယိုဆက်သွယ်ရေး စနစ်များသည်လည်း ပြင်ပမှဆူညံသံများ၊ လျှပ်စစ်သံလိုက်လှိုင်းသုံး ကိရိယာများ၏ နှောင့်ယှက်သံများကြောင့် ဆက်သွယ်ရာတွင် အတားအဆီးများဖြစ်စေကြောင်း တွေ့ရှိရသည်။ ထိုသို့ ဆက်သွယ်မှုဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ကွမ်တမ်ရူပဗေဒစနစ် အပေါ်တွင် အခြေခံ၍ သုတေသနပြု […]

Read More
News
Tech

မျက်နှာပြင်အရည်အသွေး ကောင်းမွန်တဲ့ OnePlus 7T

OnePlus 7T ဖုန်းမှာ ကင်မရာနဲ့ display ကို အဆင့်မြှင့်တင်ထားပါတယ်။ OnePlus ဟာ 7T အတွက် chipset ကို အဆင့်မြှင့်တင်ခဲ့ပြီး 30W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမှာ ကင်မရာ ၃ လုံးပါဝင်လာပြီး အဓိက ကင်မရာ 48MP မှာ Sony IMX586 sensor ကိုအသုံးပြုထားပေးမယ့် အလင်းအားကောင်းတဲ့ aperture (f/1.6, f/1.7) ပါဝင်လာကာ OnePlus 7 Pro နဲ့တူညီပါတယ်။ ဖုန်းမှာပါဝင်တဲ့ 12MP telephoto မှာတော့ 2x optical zoom ပါဝင်လာပါတယ်။ နှိုင်းယှဉ်ချက်အရ Pro ကင်မရာ မှာ zoom 3x နဲ့ 8MP ပါဝင်ခဲ့ပါတယ်။ […]

Read More