Day: August 28, 2019

Burma Tv Pro

[ Zawgyi ] ဘောလုံးပွဲဝါသနာရှင်များ အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဘောလုံးပွဲတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ပွဲစဉ်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု၊ ပွဲစဉ် Highlights နဲ့ သတင်းတွေကို ဖုန်းထဲကနေ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပြီး မိမိနှစ်သက်တဲ့ အကြောင်းအရာတွေကိုလည်း လူမှုမီဒီယာများသို့ App ကနေ တိုက်ရိုက် မျှဝေနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်း အခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ဘောလုံးပွဲဝါသနာရှင်များ အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဘောလုံးပွဲတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ […]

Read More

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android Music Player (၈) ခု

[ Zawgyi ] Android စမတ်ဖုန်းတွေမှာ သီချင်းတွေနားထောင်ဖို့အတွက် default music player တွေပါဝင်တယ်။ ဒါပေမဲ့ အဲဒီ default player တွေက feature တွေမစုံလင်သလို စိတ်ကျေနပ်မှုရစေမယ့် equalizer ဒါမှမဟုတ် user interface တွေမထောက်ပံ့ထားပါဘူး။ ထုတ်ကုန်အများစုမှာ default music player အဖြစ် Google Play Music ပါဝင်ကြပါတယ်။ ဒါပေမဲ့ library ထဲက folder view, ဖိုင်တွေက tag ကိုပြောင်းတာနဲ့ အခြား tool လိုမျိုး feature တွေမပါဝင်ပါဘူး။ အောက်မှာတော့ Android ထဲက အကောင်းဆုံး music player တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Musicolet […]

Read More

အောက်တိုဘာ ၂ ရက်တွင် Surface ထုတ်ကုန်များကို Microsoft မိတ်ဆက်မည်

[ Zawgyi ] Microsoft ဟာ နှစ်စဉ် အောက်တိုဘာလရောက်တိုင်း Surface ထုတ်ကုန်သစ်တွေကို မိတ်ဆက်လေ့ ရှိပါတယ်။ အခုဆိုရင် Micorosoft ဟာ အောက်တိုဘာ ၂ ရက်၊ နယူးယောက်မှာ ပြုလုပ်မယ့်ပွဲအတွက် ဖိတ်စာတွေ ဝေငှနေပါပြီ။ Windows လိုဂိုတွင် သတ္တုမှာပုံနှိပ်ထားတဲ့ ဒီဇိုင်းက Surface ထုတ်ကုန်သစ်မိတ်ဆက်ဖို့ စီစဉ်ထားတယ်ဆိုတာ ပြသနေပါတယ်။ အခု မိတ်ဆက်မယ့် Surface မှာ မျက်နှာပြင် ၂ ခု ပါဝင်လာနိုင်ပါတယ်။ Surface Book 2 ရဲ့ သက်တမ်းက (၂) နှစ်နီးပါးရှိပြီ ဖြစ်ပြီး အခု မိတ်ဆက်မယ့်ထုတ်ကုန်သစ်မှာ Intel နဲ့ Nvidia ရဲ့ နောက်ဆုံးပေါ်ချစ်ပ်တွေ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Surface […]

Read More

Yangon ICT Fair တွင် ICT CHALLENGE YANGON (2019) ဂိမ်းပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

[ Zawgyi ] ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း တို့ ပူးပေါင်းကျင်းပမယ့် Yangon ICT Fair (Sept-2019) နဲ့ ICT CHALLENGE YANGON (2019) ကို စက်တင်ဘာ ၆ ရက် မှ ၈ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်းမှာ ESport အားကစားကို မြေတောင်မြှောက်အားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ICT CHALLENGE YANGON (2019) DOTA2 ဂိမ်းပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ဆုကြေးငွေ စုစုပေါင်း (၃၃) သိန်းကျပ် ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ICT CHALLENGE YANGON […]

Read More

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းစာအုပ်အသစ်များကို အသုံးပြုနိုင်ရန်ဆောင်ရွက်မည်

[ Zawgyi ] ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းစာအုပ်အသစ်များ ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကိုပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစုနှစ်တွင် ဘာသာရပ်သင်ရိုးညွှန်းတမ်းများ၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0) နှင့် လိုက်လျောညီထွေရှိ‌စေရန် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေးနိုင်ရန် ဦးတည်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း […]

Read More

ရှယ်ဂိမ်း ပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်

[ Zawgyi ] မြန်မာနိုင်ငံမှ ဂိမ်းကစားသူတွေအတွက် HTML 5 (web portal ကို အခြေခံထား) ကို အသုံးပြုထားတဲ့ အွန်လိုင်းဂိမ်းတွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်မယ့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို MPT မှ မိတ်ဆက်လိုက်ပါတယ်။ အဆိုပါဝန်ဆောင်မှုကို MPT နဲ့ eTrade Myanmar Co., Ltd တို့က နိုင်ငံတကာ မိုဘိုင်းဂိမ်းတီထွင်ဖန်တီးတဲ့ ပညာရှင်တွေနဲ့အတူ အကျိုးတူ ပူးပေါင်းစီစဉ်ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုမှာ HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြုထားတဲ့ အရည်အသွေးမြင့် ဂိမ်းပေါင်း (၃၀၀) ကျော်ပါရှိပြီး စိတ်ဝင်စားဖွယ်ရာ ဂိမ်းအသစ်ပေါင်း များစွာကိုလည်း […]

Read More

အစားအသောက်ပုံစံနဲ့ နေထိုင်မှုအပေါ် အခြေခံပြီး Yelp မှာ စိတ်ကြိုက်ပြင်ဆင်နိုင်

[ Zawgyi ] Yelp ဟာ app အတွက် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ option အသစ်တွေကို ဖြန့်ချိလိုက်ပါတယ်။ ဒါကြောင့် Yelp ဟာ သုံးစွဲသူရဲ့ စားသောက်မှုနဲ့ နေထိုင်မှုပုံစံ ကြိုက်နှစ်သက်မှုများစွာကို ဖော်ပြပေးပြီး သင့်တော်တဲ့ ရှာဖွေမှုရလဒ်တွေကို ပြသပေးမှာပါ။ အခုအခါမှာ Yelp ကိုဝင်လိုက်ရင် “preferences” ကိုထည့်သွင်းရပါမယ်။ အဲဒီထဲမှာ သုံးစွဲသူ ကြိုက်နှစ်သက်တဲ့ အစားအသောက် အမျိုးမျိုးအပြင် နေထိုင်တဲ့ပုံစံ (မိဘ၊ အိမ်မွေးတိရစ္ဆာန်ရှိသူ) နဲ့ ဘာအသုံးပြုမလဲဆိုတာတွေ ပါဝင်လာပါတယ်။ အခုဆိုရင် Yelp ပေါ်မှာ ရှာဖွေတဲ့အခါ filter လုပ်စရာမလိုဘဲ preferences အပေါ် အခြေခံပြီး ရလဒ်ကို မြင်ရမှာပါ။ အသုံးအဝင်ဆုံး feature သစ်တွေကတော့ အစားအသောက် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအတွက် […]

Read More

သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

[ Zawgyi ] သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ 7th International Industrial Technology & Machinery Show 2019 Naypyitaw ကို နေပြည်တော်ရှိ (MICC-II) မှာ သြဂုတ် ၃၀ ရက် မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြပွဲမှာ Inventor Award စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ စက်မှုနည်းပညာများ၊ MSMEs လုပ်ငန်းများ၊ ဆက်သွယ်ရေးနည်းပညာများ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ရေကြောင်းသုံး နည်းပညာများ၊ လေကြောင်းသုံးနည်းပညာများ၊ လမ်း/တံတား ဆောက်လုပ်ရေးနည်းပညာများ၊ စိုက်ပျိုးရေးနည်းပညာများ၊ IT နှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ […]

Read More