[ Zawgyi ] တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို အလွယ်တကူ ရှောင်ရှားနိုင်ဖို့အတွက် ပုံနဲ့တကွ ဖော်ပြထားပြီး ပုံစာတွေကို မြန်မာလို ဖန်တီးထားတာဖြစ်ပါတယ်။ မိမိအနေနဲ့ တွဲဖက် မစားသင့်တဲ့ အစားအစာကို search က တစ်ဆင့် ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပြီး ဘာသာစကားရွေးချယ်ကာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို အလွယ်တကူ ရှောင်ရှားနိုင်ဖို့အတွက် ပုံနဲ့တကွ […]
Read More[ Zawgyi ] ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းများ အတွက် အသုံးတည့်မယ့် “MoHS Myanmar” မိုဘိုင်းအပလီကေးရှင်း (Version 1.0.0) ကို Android စမတ်ဖုန်းများနဲ့ Tablet တွေမှာ ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပါတယ်။ အဆိုပါ App ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ သတင်းစကားများ အပြင် ၀န်ကြီးဌာန၊ ဦးစီးဌာနများနဲ့ ဆေးနှင့်နှီးနွှယ်တက္ကသိုလ်များရဲ့ ၀က်ဘ်ဆိုက်များ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများနဲ့ ဌာနခွဲများရဲ့ Facebook Page များကို ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆိုင်ရာ လုပ်ငန်း လမ်းညွှန်များ၊ စီမံချက်/စီမံကိန်း/ မဟာဗျူဟာ/နည်းဗျူဟာ စာအုပ်များ၊ လက်စွဲစာအုပ်များ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လက်ကမ်းစာစောင်နဲ့ ပိုစတာများ၊ စံကိုက်ကုထုံးလမ်းညွှန်များ အစရှိတာတွေကို “A” […]
Read More[ Zawgyi ] Huawei ဟာ ဒီနှစ် မေလအတွင်း အမေရိကန်ကုမ္ပဏီတွေနဲ့အတူ ကုန်သွယ်ခွင့်ပိတ်ပင်ခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ယာယီခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ရှန်းဇန့်အခြေစိုက် Huawei ရဲ့ယာယီကုန်သွယ်ခွင့် သြဂုတ် ၁၉ ရက်မှာ ကုန်ဆုံးခဲ့ပေမယ့် နောက်ထပ် ရက် ၉၀ ရရှိဖို့ရှိပါတယ်။ Reuters ရဲ့ဖော်ပြချက်အရ အမေရိကန်ကုန်သွယ်ရေးဌာနက ယာယီကုန်သွယ်ခွင့် နောက်ထပ် ၃ လ တိုးချဲ့ပေးဖွယ်ရှိပါတယ်။ အဲဒီကာလအတွင်း အမေရိကန်နဲ့ တရုတ်တို့ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးအငြင်းပွားမှုကို သဘောတူညီချက်ယူနိုင်လာဖို့ မျှော်လင့်နေပါတယ်။ Huawei ဟာ လက်ရှိမှာ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ဆွေးနွေးမှုမှာ ဂျိုကာဖဲတစ်ချပ်ဖြစ်နေပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့က ဒီတစ်ပတ်နှောင်းပိုင်းအတွင်း ကုမ္ပဏီ အနာဂတ်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ဝီဘာရို့စ်က လာမယ့်သုံးလအတွင်း ကုမ္ပဏီ ၅၀ […]
Read More[ Zawgyi ] လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းကို သြဂုတ် ၂၆ ရက် မှ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးဝန်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သင်တန်းကို အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ ဈေးကွက်ဝင်တန်းဖိုးမြင့် ပစ္စည်းတွေ ထုတ်လုပ်နိုင်စေရန်၊ လူမှုစီးပွားဘ၀မြင့်မားလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းချိန်တွေကတော့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖြစ်ပြီး ဆပ်ပြာခဲ၊ ဆပ်ပြာခရင် (မ်)၊ ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ သွားတိုက်ဆေး၊ ကြွေချေးချွတ်ဆေး၊ မှန်ကြည်ဆေး နဲ့ လူသုံးကုန်ဆိုင်ရာ ဓာတုဗေဒပစ္စည်းတွေအကြောင်းကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းကြေးမှာ တစ်သောင်းကျပ်ဖြစ်ပြီး လက်တွေ့ပြသရန် ကုန်ကြမ်းဝယ်ယူသည့် ကုန်ကျစရိတ်ကို အချိုးကျခံရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ […]
Read More[ Zawgyi ] အင်္ဂလန်တက္ကသိုလ်တွေမှာ တိုက်ရိုက်ပညာသင်ကြားလိုသူတွေအတွက် တစ်ဦးချင်း ပညာရေးဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT park လှိုင်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်များသို့ တက်ရာက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ကျောင်းဝင်ခွင့်များ၊ ဘာသာရပ်နှင့် ကျောင်းရွေးချယ်မှုများ၊ ကျောင်းလခများ၊ ဗီဇာနှင့် ပညာသင်ဆု လျှောက်ထားနိုင်မည့် အခွင့်အလမ်းများကို အသေးစိတ် တစ်ဦးချင်းဆွေးနွေးပေးမှာဖြစ်သလို IGCSE ဖြေဆိုပြီးသူတွေအနေနဲ့ အင်္ဂလန်တက္ကသိုလ်များသို့ တက်ရောက်ရာမှာ IGCSE A Level နဲ့ University Foundation Program ကို မည်သို့ရွေးချယ်သင့်သည်နှင့် […]
Read More[ Zawgyi ] အသစ်ထွက်ရှိမယ့် Vivo NEX 3 ဒီဇိုင်းပုံကြမ်းနဲ့ waterfall မျက်နှာပြင်ကို အမြည်းမိတ်ဆက်အပြီးမှာ vivo ထုတ်ကုန် မန်နေဂျာ လီကျန်းက Weibo ကနေ စမတ်ဖုန်းဒီဇိုင်းကို ပြသခဲ့ပါတယ်။ vivo NEX 3 မှာ Samsung နဲ့ OnePlus လိုမျိုး မျက်နှာပြင်အကွေးဒီဇိုင်းကို အသုံးပြုထားပါတယ်။ Vivo NEX 3 မှာ 5G ထောက်ပံ့ပြီး 3.5mm နားကြပ်ပေါက် ပါဝင်လာမယ်လို့ လီကျန်းကပြောခဲ့ပါတယ်။ ဒါ့အပြင် ထုတ်ကုန်မှာ 44W charger လည်းပါဝင်လာနိုင်ပါတယ်။ စိုးထက် Ref: GSMArena [ Unicode ] အသစ်ထွက်ရှိမယ့် Vivo NEX 3 ဒီဇိုင်းပုံကြမ်းနဲ့ […]
Read More[ Zawgyi ] Realme 5 နဲ့ Realme 5 Pro ကို တရားဝင်ထုတ်ဖော် မိတ်ဆက်လိုက်ပါတယ်။ Realme 5 နဲ့ Realme 5 Pro မှာ စွမ်းဆောင်ရည်မြင့် chipset တွေနဲ့ ကြီးမားတဲ့ ဘက်ထရီတွေအပြင် ကင်မရာ ၄ လုံးနဲ့ feature သစ်တွေလည်း ပါဝင်လာပါတယ်။ Realme 5 ဈေးနှုန်းသက်သာတဲ့ Realme 5 မှာ ၆.၅ လက်မ display HD+ ၊ရုပ်ထွက်အရည်အသွေး (720 x 1600 pixels) နဲ့ဖြစ်ပြီး ဖုန်းအချိုးအစားက 20:9 ရှိပါတယ်။ Realme 5 ကို Snapdragon 665 ထောက်ပံ့ထားပြီး […]
Read More[ Zawgyi ] မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူ ပရိသတ်တွေအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မိုဘိုင်းဖုန်းပေါ်မှ တိုက်ရိုက် ကြည့်ရှုခံစားနိုင်စေရန်အတွက် MPT နဲ့ SkyNet အတူပူးပေါင်းဆောင်ရွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “MPT အနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဘောလုံးအားကစားဟာ ကျွန်တော်တို့ MPT သုံးစွဲသူတွေရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အင်္ဂလိပ်ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ အခုလို SkyNet နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေရဲ့ စိတ်လှုပ်ရှားအံ့သြဖွယ်ရာ ခံစားမှုတွေကို ကျွန်တော်တို့ MPT သုံးစွဲသူတွေကို မကြာခင်မှာ ဝေမျှပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်” လို့ MPT-KSGM […]
Read More[ Zawgyi ] ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနဲ့ စာမေးပွဲဝင်ကြေးအတွက် ငွေသွင်း တံဆိပ်ခေါင်းတွေကို စက်တင်ဘာ ၂ ရက်မှ စတင်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ၇၀၀ တန် ပညာရေးဝန်ကြီးဌာနတံဆိပ်ခေါင်းတွေကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ စာမေးပွဲဝင်ခွင့် လျှောက်လွှာကတ်ပြားတွေကို အရောင်ခွဲခြားထားပြီး ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ တို့နဲ့ ဖြေဆိုမယ့်သူတွေဟာ အစိမ်းရောင် ၀င်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံကိုလည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် ၂၊ ၃၊ ၄၊ တို့နဲ့ ဖြေဆိုရမယ့်သူတွေ အတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရမှာဖြစ်ပါတယ်။ […]
Read More