Day: August 20, 2019

Grade-10 MyanmarSar

[ Zawgyi ] တက္ကသိုလ်ဝင်တန်း သင်ခန်းစာတွေကို မိုဘိုင်းဖုန်းကနေ အလွယ်တကူ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ဖုန်းကတစ်ဆင့် အလွယ်တကူ လေ့လာနိုင်ရန် ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ဆရာဦးသိန်းမြင့် (မုဒိတာ မြန်မာစာ) နဲ့ ဆရာဦးသန့်ဇင် (ကံ့ကော်ကောင်းကင်) စာအုပ်ပါ သင်ခန်းစာတွေကို App မှ ဖတ်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] တက္ကသိုလ်ဝင်တန်း သင်ခန်းစာတွေကို မိုဘိုင်းဖုန်းကနေ အလွယ်တကူ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ […]

Read More

ဟောင်ကောင်ဆန္ဒပြသူတွေအပေါ် သဘောထားကွဲလွဲစေမယ့် account တုတွေကို Facebook နဲ့ Twitter ဖော်ထုတ်ခဲ့

[ Zawgyi ] Twitter နဲ့ Facebook ဟာ တရုတ်အစိုးရက လုပ်ကိုင်နေတယ်လို့ ယုံကြည်ရတဲ့ account အတုတွေများစွာကို ဖော်ထုတ်ပြီး ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။ သြဂုတ် ၁၉ ရက်က ကုမ္ပဏီနှစ်ခုဟာ ဟောင်ကောင်အတွင်း ဆန္ဒပြမှုတွေကို နိုင်ငံရေးအရ ကွဲလွဲအောင် ပြုလုပ်နေတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့ပါတယ်။ Twitter ရဲ့ထုတ်ပြန်ချက်အရ account ပေါင်း ၉၃၆ ခုဟာ တရုတ်နိုင်ငံအတွင်းမှာ ဖန်တီးထားတာ ဖြစ်ပြီး ဆန္ဒပြသမှုတွေကို ဖြိုခွဲဖို့အတွက် ဟောင်ကောင်အတွင်းက ဆန္ဒပြသမှုတွေအပေါ် သဘောထားကွဲလွဲအောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။ “အဲဒီ account တွေအားလုံးကို platform အပေါ်က စည်းမျဉ်းတွေကို ခြယ်လှယ်ချိုးဖောက်မှုအတွက် ဆိုင်းငံ့လိုက်တယ်” လို့ Twitter က blog […]

Read More

ဒီဂျစ်တယ် အခြေခံစာတတ်မြောက်မှု အလွန်အရေးကြီးဟု ပညာရေးဝန်ကြီးပြောကြား

[ Zawgyi ] ဒီဂျစ်တယ် အခြေခံစာတတ်မြောက်မှုဟာ အလွန်အရေးကြီးသလို အထက်တန်းနဲ့ အလယ်တန်း ကျောင်းသုံး ဖတ်စာမှာ ထည့်သွင်းရန်လိုအပ်ကြောင်၊ ကျောင်းတွင်းသင်ခန်းစာက ပြင်ပအထိ ရောက်ရှိပြန့်ပွားသွားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်မှာ သြဂုတ် ၁၉ ရက်က ကျင်းပခဲ့တဲ့ ဘေးကင်းလုံခြုံမှုရှိစေရန်နဲ့ အသိပညာပေးခြင်း၊ တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်တဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ စီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ “ ဒီဂျစ်တယ် အခြေခံစာတတ်မြောက်မှုဟာ ကျွန်တော်တို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ အခြေခံပညာကျောင်းတွေမှာကတည်းက သူတို့တွေကို ဒီဂျစ်တယ် အခြေခံတတ်မြောက်မှုနဲ့ ပတ်သက်လို့ သင်ကြားပို့ချပေးမယ်ဆိုရင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပါတယ်။ ကျောင်းသား/ကျောင်းသူပေါင်းက ၉.၇ သန်းကျော်ရှိပါတယ်။ အစိုးရကျောင်းမှာ ၉.၁၇ သန်းရှိပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ […]

Read More

တစ်လ ၉.၉၉ ဒေါ်လာ ကျသင့်မယ့် Apple TV Plus ကို နိုဝင်ဘာလအတွင်း မိတ်ဆက်နိုင်

[ Zawgyi ] Apple ရဲ့အသစ်ထွက်ရှိလာမယ့် ဗီဒီယို streaming ဝန်ဆောင်မှုကို နိုဝင်ဘာလအတွင်း မိတ်ဆက်ဖို့ စီစဉ်ထားပြီး တစ်လကို ၉.၉၉ ဒေါ်လာ ကျသင့်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ ဝန်ဆောင်မှု ထွက်ရှိမယ့်ရက် ဒါမှမဟုတ် ဈေးနှုန်းကို မပြောသေးပေမယ့် ဒီနှစ်မတ်လမှာတော့ ဗီဒီယိုဝန်ဆောင်မှုတစ်ခု လာမယ်လို့ မိတ်ဆက်ထားပါတယ်။ Apple ရဲ့ထုတ်ကုန်က Disney+ ကို ပြိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ Disney+ ဟာ Disney စတူဒီယိုက ပိုင်ဆိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး Disney ကပိုင်တဲ့ ရုပ်ရှင်တွေ၊ Marvel ဇာတ်ကားတွေ၊ Star Wars ဇာတ်ကားတွေနဲ့ ကုမ္ပဏီကပိုင်ဆိုင်တဲ့ ကွန်ရက်က ရုပ်ရှင်တွေအားလုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ Apple ဟာ၂၀၂၀ […]

Read More

Samsung Galaxy Note10+ ရဲ့ Exynos 9825 စွမ်းဆောင်ရည်သတ်မှတ်ချက် ထွက်ပေါ်လာ

[ Zawgyi ] Samsung Galaxy Note10+ မှာပါဝင်လာမယ့် Exynos 9825 ဟာ 7nm Extreme UltraViolet (EUV) လုပ်ငန်းစဉ်နဲ့ တည်ဆောက်ခဲ့တဲ့ ပထမဆုံးချစ်ပ်ဖြစ်ပါတယ်။ ရှေ့မှာထွက်ရှိခဲ့တဲ့ Exynos 9820 အပြင် TSMC ရဲ့ 7nm တို့ကလည်း Deep UltraViolen (DUB) လုပ်ငန်းစဉ်အပေါ် အခြေပြုတည်ဆောက်ထားပါတယ်။ အနာဂတ်မှာ စက်ရုံတွေက လမ်းပြမြေပုံတွေအရ 7nm ကနေ 5nm ချစ်ပ်အထိ လျှော့ချနိုင်ဖို့ EUV ကိုအသုံးပြုသွားပါမယ်။ Samsung Galaxy Note10+ ဟာ နည်းပညာသစ်တွေ ပါဝင်တဲ့ ထုတ်ကုန်ဖြစ်ပြီး Galaxy S10+ မှာတော့ 9820 ချစ်ပ်ကို အနည်းငယ်ပဲ အဆင့်မြှင့်တင်ထားပါတယ်။ Samsung […]

Read More

Galaxy Note 10 စမတ်ဖုန်းကို စက်တင်ဘာ ၃ ရက်တွင် မြန်မာပြည်ဈေးကွက်အတွင်း စတင်ရောင်းချမည်

[ Zawgyi ] Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို မြန်မာပြည်ဈေးကွက်မှာ စက်တင်ဘာ ၃ ရက်မှ စတင်ပြီး ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း Galaxy Note 10+ ကို RAM 12GB+ ROM 256GB နဲ့ RAM 12GB+ ROM 512 GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ၀ယ်ယူနိုင်မှာဖြစ်ကာ Galaxy Note 10 ကိုတော့ RAM 8GB + ROM 256GB တစ်မျိုးတည်းနဲ့သာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Galaxy Note 10+ မှာ Aura Glow,Aura Black […]

Read More

စီးပွားရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်

[ Zawgyi ] Kaplan Higher Education Acadamy မှာ တက်ရောက်နိုင်မယ့် အခွင့်အရေးတွေကို ဝေမျှပေးမယ့် ပညာရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ Novotel Hotel ( Bagan Room) မှာလည်းကောင်း၊ စက်တင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ Mandalay Swan Hotel (Yadanar Room) မှာလည်းကောင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်ဆိုတာဘာလဲ။ စီးပွားရေးလုပ်ငန်းရှင်အမျိုးအစား ဘယ်နှမျိုးရှိလဲ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာများ၊ […]

Read More