[ Zawgyi ] လူ့ဘောင်လောကတိုးတက် ဖြစ်ထွန်းမှုအဆင့်ဆင့်ကို သမိုင်းကြောင်းများနဲ့အတူ မှတ်တမ်းတင်ခဲ့ကြတယ်။ ၁၈ ရာစုအတွင်းက စခဲ့တဲ့ စက်မှုတော်လှန်ရေး ခေတ်အကြောင်းကို အခြေခံပြော ဆိုလေ့ရှိကြတယ်။ ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ စက်အင်ဂျင်တွေနဲ့ စက်ရက်ကန်းလို ယန္တရားတပ်ဆင် အသုံးချမှုတွေ ရှိလာခဲ့တဲ့အတွက် လူတစ်ဦးတစ်ယောက်ရဲ့ ပကတိစွမ်းအားထက် အဆပိုများတဲ့ အခွင့်အလမ်းတွေကြောင့် ထိုခေတ် ထိုအခါကို ပထမစက်မှုတော်လှန်ရေး (Industry 1.0) အဖြစ် သတ်မှတ်ယူကြတယ်။ ၁၉ ရာစုအ တွင်း ၁၈၇၀ ခုနှစ်ကစပြီး လျှပ်စစ် ဓာတ်သဘာဝကို ဖော်ထုတ်အ သုံးချခွင့် ရလာခဲ့ကြသလို ပစ္စည်း အမြောက်အမြား တပ်ဆင်ထုတ် လုပ်နိုင်ခွင့် ရလာပြန်တဲ့အတွက် ဒုတိယစက်မှုတော်လှန်ရေး (Industry 2.0) လို့ ခေါ်ဆိုရမယ့် သမိုင်းမှတ်တိုင်လည်း ရှိခဲ့တယ်။ ၂၀ […]
Read More[ Zawgyi ] ဖုန်းထဲက ဇော်ဂျီနဲ့ ရေးထားတာတွေကို ယူနီကုဒ်အနေနဲ့ ပြောင်းပေးမယ့် App ဖြစ်ပါတယ်။ သီချင်း၊ ဗီဒီယို၊ ဓာတ်ပုံ၊ ဖုန်းအဆက်အသွယ်စတဲ့ မြန်မာစာမှန်သမျှနဲ့ ဖိုင်တွေကို ခလုတ်တစ်ချက်နှိပ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ zFont – Custom Font Installer နဲ့ စာရိုက်ဖို့လိုတဲ့ ကီးဘုတ်တွေကိုလည်း လင့်ခ် ချိတ်ပေးထားပြီး ကီးဘုတ်နဲ့ ဖောင့်ကို မိမိစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ဖုန်းထဲက ဇော်ဂျီနဲ့ ရေးထားတာတွေကို ယူနီကုဒ်အနေနဲ့ […]
Read More[ Zawgyi ] CVT Myanmar က ဆွစ်ဇာလန်နိုင်ငံမှ သက်ဆိုင်ရာ စာတွေ့၊ လက်တွေ့ အလုပ်သင် သင်တန်းကျောင်းတွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်ကာ သင်ရိုးညွှန်းတမ်းတွေ ကို နှစ်စဉ်ခေတ်နဲ့အညီမြန်မာနိုင်ငံ ရဲ့ လိုအပ်ချက်အတိုင်း ပြင်ဆင်သင်ကြားပို့ချပေးလျက် ရှိပါတယ်။ ဒီလို သင်ကြားပေးတာတွေနဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ အသေးစိတ်သိရှိနိုင်ဖို့အတွက် CVT Myanmar မှ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ Center for Vocational Training ကျောင်းအနေနဲ့ လက်ရှိဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူငယ်တွေ အသက်မွေးမှုပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပြီး အလုပ်လုပ်ရင်း ကုန်ကျစရိတ်မရှိတဲ့ သင်တန်းတွေ သင်ယူလေ့လာလို့ရအောင် အတတ်ပညာ ၅ […]
Read More[ Zawgyi ] Samsung ဟာ Isocell Bright HMX အမည်ရ image sensor သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ sensor သစ်မှာ ၁၀၈ သန်း megapixels (Mp) ပါဝင်လာပါတယ်။ တရုတ်ဖုန်းကုမ္ပဏီ Xiaomi နဲ့ Samsung တို့ပူးပေါင်းဖန်တီးခဲ့ပြီး 0.8μm အရွယ်အစားရှိ pixel ကို အသုံးပြုထားပါတယ်။ ဒါကြောင့် စမတ်ဖုန်းပိုင်ဆိုင်သူတွေက အဆင့်မြင့် DSLR ကင်မရာ အရည်အသွေးနဲ့ ဓာတ်ပုံတွေ ရိုက်ကူးလာနိုင်မှာပါ။ အခု sensor က 1/1.33 လက်မ အရွယ်ရှိပြီး အခြားမော်ဒယ်တွေနဲ့နှိုင်းယှဉ်ရင် အပေါ်ယံဧရိယာ ကြီးမားပြီး အလင်းကို ကောင်းမွန်စွာ စုပ်ယူနိုင်ပါတယ်။ Samsung ရဲ့ Tetracell နည်းပညာက […]
Read More[ Zawgyi ] အရီဇီုးနားပြည်နယ်က သုတေသီတွေက ကျောင်းရဲ့ Ocelote ဖြစ်တဲ့ စူပါကွန်ပျူတာကို အသုံးပြုပြီး တကယ့် စကြဝဠာတစ်ခုလုံးကို မြင်တွေ့နိုင်ဖို့ စကြဝဠာအသေးစား သန်းပေါင်းများစွာ ထုတ်လုပ်ခဲ့ပါတယ်။ စကြဝဠာတစ်ခုလုံးရဲ့ကွဲပြားချက်ကို ပုံဖော်ဖို့ထက် လေ့လာထားတဲ့ အာကာသရဲ့ စူပါနိုဗာကနေ အရွယ်ကြီးမားတဲ့အရာထိ အတိုင်းအတာပမာဏကို ဖော်ပြနိုင်တဲ့ စနစ်ကို အဖွဲ့ကဖန်တီးခဲ့ပါတယ်။ ကွန်ပျူတာနဲ့ စီစဉ်ထားတဲ့ နဂါးငွေ့တန်းတစ်ခုကို အပြည့်အဝ ဖန်တီးမယ်ဆိုရင် တွက်ချက်မှုစွမ်းအင်များစွာ လိုအပ်ပါတယ်။ အဲဒီ virtual စကြဝဠာတစ်ခုစီမှာ မတူညီတဲ့ စည်းမျဉ်းတွေရှိပြီး တကယ့်အချက်အလက်တွေအတိုင်း ပြန်လည်ဖန်တီးပါတယ်။ စကြဝဠာ ၈ သန်းခန့်ကို ဖန်တီးဖို့ ၃ ပတ်ခန့် ကြာမြင့်တယ်လို့ သိရပါတယ်။ အခုချဉ်းကပ်မှုက ကြယ်အစုအဝေးတွေ ဘယ်လို တိုးတက်ပြောင်းလဲလာတာကို နားလည်ရုံတင်မကဘဲ လက်ရှိပေါ်ထွက်နေတဲ့ သီအိုရီကိုလည်း […]
Read More[ Zawgyi ] LG G8 ကိုမိတ်ဆက်အပြီး လအတော်ကြာမှာ LG G8S ThinQ ကိုဖြန့်ချိခဲ့ပါတယ်။ G8S ThinQ ကို ဝိတ်အနည်းငယ်လျှော့ထားပါတယ်။ G8S ကတော့ မျက်နှာပြင် ၆.၂ လက်မအရွယ် ဖြစ်ပါတယ်။ စတီရီယိုစပီကာတွေ၊ ဘက်ထရီအားသွင်းမှု ထောက်ပံ့မှုတွေ ပါဝင်လာပါတယ်။ LG V30S ကတော့ V30 ထက် အဆင့်မြင့်ပါတယ်။ S အမည်ကတော့ အဆင့်မြှင့်တင်မှုလို့ ပြောလို့မရသလို ဝိတ်လျှော့တဲ့ ထုတ်ကုန်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ LG ကတော့ LG V60S နဲ့ LG K50S ကိုဖြန့်ချိဖို့ရှိပါတယ်။ ဒီနှစ် IFA ပွဲကို LG V60 မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ အဲဒီဖုန်းမှာ […]
Read More[ Zawgyi ] Samsung ဟာ နောက်ဆုံးပေါ် A စီးရီးဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy A10s အမည်ရဖုန်းမှာ အရေးပါတဲ့ အဆင့်မြှင့်တင်မှုတချို့ ပါဝင်လာပါတယ်။ ဘက်ထရီကကြီးမားပြီး ကျောဘက်မှာ fingerprint ထည့်သွင်းထားပါတယ်။ ဖုန်းမှာ ၆.၂ လက်မ IPS Infinity-V မျက်နှာပြင် (V ပုံသဏ္ဍာန် notch) နဲ့အတူ ရုပ်ထွက်အရည်အသွေး 720x 1520 pixel ဖြစ်ပါတယ်။ မျက်နှာပြင်မှာ octa-core CPU ( core လေးခု 2.0GHz အထိ clock လုပ်ထားပြီး core လေးခု 1.5GHz တို့ပါဝင်) တို့အသုံးပြုထားပါတယ်။ ဒါ့အပြင် RAM 2GB နဲ့ storage 32GB […]
Read More[ Zawgyi ] Verizon ဟာ Tumblr ကို မဖော်ပြတဲ့ ဈေးနှုန်းနဲ့ WordPress ပိုင်ရှင် Automattic Inc ဆီရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။ Verizon ဟာ Yahoo ကိုဝယ်ယူပြီးနောက် ၂၀၁၇ ခုနှစ်အတွင်း Tumblr ကို စတင်ဝယ်ယူခဲ့ပါတယ်။ Verizon ဟာ Tumblr ကိုရောင်းချဖို့ ဒီနှစ်အစောပိုင်းကတည်းက စီစဉ်နေတာ ဖြစ်ပါတယ်။ Automattic အနေနဲ့ Tumblr ကို ဒေါ်လာ ၃ သန်းထက် မပိုဘဲ ဝယ်ယူမယ်လို့ Axios ကဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက Yahoo အတွက် ပေးခဲ့ရတဲ့ ဒေါ်လာ ၁.၁ ဘီလျံကနေ […]
Read More[ Zawgyi ] နေပြည်တော်၊ ရွာမ (ရန်ကုန်) နဲ့ မန္တလေးမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှာ ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းတွေ ဖွင့်လှစ်မယ်လို့သိရပါတယ်။ သင်တန်းတွေကို စက်တင်ဘာ ၂ ရက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) မှာ အုတ်စီကျွမ်းကျင်သင်တန်းနဲ့ သံချည်သံကွေးကျွမ်းကျင် သင်တန်းကိုလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) မှာ ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်းနဲ့ လမ်းခင်းကျွမ်းကျင်သင်တန်းကိုလည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး) မှာ သံချည်သံကွေး ကျွမ်းကျင်သင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကို မူလတန်းအောင်မြင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၀ ထက်မကျော်လွန်သူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို သြဂုတ် ၁၆ ရက် မှ စက်တင်ဘာ ၁ […]
Read More