[ Zawgyi ] ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဗြိတိန်နိုင်ငံ ရှီးဗနင်းပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရှီးဗနင်းမှာ နိုင်ငံခြားမှ ကျောင်းသားတွေအတွက် ဗြိတိန်နိုင်ငံရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး ပညာသင်ဆု အစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားရန် မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရှိ ဘယ်တက္ကသိုလ်မှာမဆို မိမိတင်ရောက်လိုတဲ့ဘာသာရပ်ကို လေ့လာ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ https://www.chevening.org/apply ထဲဝင်ကာ ကိုယ်ရေးအချက်တွေ သေချာဖြည့်ပြီး Register လုပ်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဖြည့်ထားတဲ့အီးမေးလ်လိပ်စာကို အွန်လိုင်းအကောင့် ပို့လာမှာဖြစ်ပါတယ်။ အွန်လိုင်းအကောင့်ကနေ application process အဆင့်ဆင့်ကို ဖြည့်ပြီးလျှောက်ရမှာ ဖြစ်ပါတယ်။ ဘာသာရပ်ရှာဖွေလိုသူတွေအနေနဲ့ https://www.chevening.org/scholarships/find-a-course/ တွင် ကိုယ်လျှောက်ချင်တဲ့ဘာသာရပ်ကို ရှာပြီးရင် သက်ဆိုင်ရာတက္ကသိုလ်မှာ ဝင်ခွင့်လျှောက်ထား ရမှာ […]
Read More[ Zawgyi ] Samsung Note စီးရီးစမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy Note 10 နဲ့ Note 10 Plus ဖုန်းတွေကို သြဂုတ် ၈ ရက်က မိတ်ဆက်ခဲ့ပြီး သြဂုတ် ၉ ရက်မှ ၂၇ ရက်အတွင်း နီးစပ်ရာ Samsung ဖုန်းအရောင်းဆိုင်တွေမှာ စရန်ငွေ တစ်သိန်းကျပ် ပေးသွင်းကာ ကြိုတင်မှာယူနိုင်မယ်လို့ သိရပါတယ်။ တန်ဖိုးအနေနဲ့ Note 10 Plus RAM 12GB + 512GB မော်ဒယ်က ၁,၈၉၉,ဝဝဝ ကျပ်ဖြစ်ပြီး RAM 12GB + 256 မော်ဒယ်က ၁,၆၉၉,ဝဝဝ ကျပ်ဖြစ်ပါတယ်။ Galaxy Note 10 Plus မှာ အော်ရိုရာအဖြူ၊ […]
Read More[ Zawgyi ] ကျန်းမာရေး ဗဟုသုတဆိုင်ရာ ဆောင်းပါး၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အလှအပ၊ အထွေထွေ၊ ရောဂါကာကွယ်ရေး အကြောင်းအရာတွေကို လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ကျန်းမာရေးလေ့ကျင့်ခန်း၊ ကလေးကျန်းမာရေး၊ ရောဂါကာကွယ်ရေး၊ ၀ိတ်ချလိုသူတွေအတွက် Diet Plan စားသောက်နည်း၊ အစားအသောက်နဲ့ ကျန်းမာရေး၊ အထွေထွေကျန်းမာရေး စတဲ့ ကဏ္ဍအလိုက် အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Online နဲ့ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကျန်းမာရေး ဗဟုသုတဆိုင်ရာ […]
Read More[ Zawgyi ] Sakamoto Maths Myanmar ရဲ့ တတိယအကြိမ်မြောက် သင်္ချာထူးချွန်ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ချာထူးချွန်ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ဘားအံ၊ မုံရွာ၊ မော်လမြိုင် နဲ့ တောင်ကြီးတို့ရှိ Sakamoto Maths Myanmar ရဲ့ကျောင်းခွဲများမှာ ကျင်းပသွားမှာဖြစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတိုင်း ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ သင်္ချာထူးချွန်ပြိုင်ပွဲမှာ အသက်အရွယ် အလိုက် အဆင့် ၅ ဆင့်ရှိပြီး ၂၀၁၈ နှစ်ကုန်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသက်အရွယ်အလိုက် ခွဲခြားထားတာကြောင့် ပါဝင်ယှဉ်ပြိုင်လိုသူတွေ […]
Read More[ Zawgyi ] ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒဿမတန်း (Grade-12) ပြီးမြောက်မယ့်သူတွေ အနေနဲ့ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲအောင်မြင်သူတွေဟာ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်နိုင်သလို မအောင်မြင်သူများကိုမူ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ နေပြည်တော်မှာ သြဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်ရဲ့ အမေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High […]
Read More[ Zawgyi ] Google Pixel 4 နဲ့ Pixel 4 XL ရဲ့ဒီဇိုင်းနဲ့ အချက်အလက်တွေကို Google ကအတည်ပြုထားပါတယ်။ ဒါပေမဲ့ Google ကမထုတ်ဖော်သေးတဲ့ အချက်အလက်များစွာ ရှိနေပါသေးတယ်။ Google Pixel 4 ထုတ်ကုန်တွေရဲ့ အသေးစိတ်အချက်အလက်တွေက ပေါက်ကြားထွက်ပေါ်လာပါတယ်။ Pixel 4 နဲ့ Pixel 4 XL တို့မှာပါဝင်တဲ့ feature တွေက သိပ်မကွာခြားပါဘူး။ ဖုန်းတွေမှာ ရှေ့ဘက်အခြမ်းအတွက် ဖန်ထည်နဲ့ ကင်မရာအကြီးစားတစ်ခု ပါဝင်လာပါတယ်။ ဒါ့အပြင် ရှေ့ဘက်မှာ Soli radar ချစ်ပ်ပါဝင်ကာ စပီကာနဲ့ ရှေ့ကင်မရာအပြင် face unlock အတွက် sensor တွေပါဝင်လာပါတယ်။ ကျောဘက်မှာ G လိုဂိုနဲ့ […]
Read More[ Zawgyi ] လာမယ့် သြဂုတ်လ ၁၁ ရက်မှာ ဖန်တီးရာနဲ့ ICANN တို့ပူးပေါင်းပြီး Internet for Everyone ပွဲကို ညနေ ၃ နာရီ မှ ၅ နာရီအထိ ဖန်တီးရာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့တကွ ကမ္ဘာအရပ်ရပ်ရှိ အင်တာနက် အသုံးပြုသူများ လုံခြုံရေးအတွက် ICANN အဖွဲ့အစည်းမှ မည်သည့်နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်နေသလဲ၊ အင်တာနက် အသုံးပြုသူများ အနေနဲ့ သတိပြုသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ၊ အနာဂတ်မှာ မိခင်ဘာသာစကားနဲ့ အင်တာနက်အသုံးပြုနိုင်အောင် စတဲ့ အကြောင်းအရာတွေအပြင် အင်တာနက်ကို ပိုမို လက်လှမ်းမီပြီး အင်တာနက်အသုံးပြုရာမှာ ပိုမိုလုံခြုံချောမွေ့အောင် ဆောင်ရွက်မှုတွေကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ ICANN အဖွဲ့မှ […]
Read More[ Zawgyi ] Samsung ရဲ့ဖုန်းနဲ့ desktop ကွန်ပျူတာလိုမျိုး အသုံးပြုနိုင်တဲ့ software ဖြစ်တဲ့ DeX ကို Galaxy Note 10 နဲ့ Note 10 Plus မှာ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ DeX အရင်ဗားရှင်းက monitor အတွင်း ဖုန်းကို plug ထိုးပြီး mouse နဲ့ keyboard နဲ့တွဲဖက်ရပါတယ်။ အခု DeX ဗားရှင်းသစ်မှာတော့ Windows ဒါမှမဟုတ် Mac ကွန်ပျူတာ အတွင်း Note 10 ကို plug တပ်ရင် desktop ဒါမှမဟုတ် laptop ကွန်ပျူတာမှာ ဖုန်း app တွေအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သုံးစွဲသူက […]
Read More[ Zawgyi ] HONOR 20 Lite ကို ပြည်တွင်းမှာ အပြာ (Phantom Blue)၊ အနီ (Phantom Red) အရောင် ၂ မျိုးနဲ့ သြဂုတ် ၈ ရက် မှစတင်ကာ ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ ကျောဘက်မျက်နှာပြင်မှာ လှုပ်ရှားလိုက်တိုင်း တောက်ပလာမယ့် dynamic prism-shaped အရောင် အသွင်သဏ္ဍာန် ပါရှိတယ်လို့ သြဂုတ်လ ၇ ရက်က ကျင်းပတဲ့ Honor 20 Lite မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။ HONOR Myanmar ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Bai Jing က “မြန်မာနိုင်ငံမှာ အခုလို HONOR 20 […]
Read More[ Zawgyi ] Samsung ဟာ Galaxy Note 10 စမတ်ဖုန်း ဗားရှင်း ၂ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေက ပုံမှန် Note 10 နဲ့ အရွယ်ကြီးမားတဲ့ Note 10 Plus တို့ပဲဖြစ်ပါတယ်။ Note 10 Plus ရဲ့အရွယ်အစားက Note 9 လောက်ပဲရှိပေမယ့် မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားသလို stylus လည်းပါဝင်လာပါတယ်။ Note 10 ဟာ Galaxy S10 အရွယ်နီးပါးလောက်နဲ့ stylus ပါဝင်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Note 10 ကို ဒေါ်လာ ၉၄၉ နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး RAM 8GB […]
Read More