Day: August 7, 2019

ဗိုင်ဘာလမ်းညွှန် – VB Guide

[ Zawgyi ] Viber အသုံးပြုနည်းတွေကို မြန်မာလို ပုံနဲ့တကွ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ Viber အသုံးပြုနည်း နည်းလမ်းပေါင်း ၁ဝဝ ကျော်ပါဝင်ပြီး App ကို အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] Viber အသုံးပြုနည်းတွေကို မြန်မာလို ပုံနဲ့တကွ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ Viber အသုံးပြုနည်း နည်းလမ်းပေါင်း ၁ဝဝ ကျော်ပါ၀င်ပြီး App ကို အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ […]

Read More

အကောင်းဆုံး Antivirus ဆုကို ရရှိခဲ့တဲ့ Windows Defender

[ Zawgyi ] လွတ်လပ်တဲ့ IT လုံခြုံရေးအဖွဲ့အစည်း AV-TEST ဟာ default settings ကိုအသုံးပြုပြီး နေအိမ်သုံး လုံခြုံရေး ထုတ်ကုန် ၂၀ကို မေနဲ့ ဇွန်လအတွင်း အကဲဖြတ်စမ်းသပ်ခဲ့ပါတယ်။ ထုတ်ကုန်တွေထဲက ၄ခုပဲ အမှတ်အများဆုံးရရှိခဲ့ပြီး အဲဒီထဲမှာ Windows Defender ပါဝင်လာပါတယ်။ အခြား လုံခြုံရေးထုတ်ကုန် ၃ခုက F-Secure SAFE 17, Kaspersky Internet Security 19.0 နဲ့ Norton Security 22.17 တို့ဖြစ်ပါတယ်။ Windows Defender နဲ့အခြား ထုတ်ကုန်တွေအကြား ကွာခြားချက်ကတော့ Windows 10 မှာ Windows Defender အခမဲ့ပါဝင်လာတာဖြစ်ပါတယ်။ အခြားထုတ်ကုန်တွေကတော့ အခပေး လစဉ်ကြေး ပေးသွင်းမှာ […]

Read More

ဂျပန်မှာ ကားပျံ ပထမဆုံးအကြိမ် စမ်းသပ်မှု အောင်မြင်ခဲ့

[ Zawgyi ] ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ NEC ဟာဒရုန်းပုံစံမျိုး ရှေ့ပြေးပုံစံယာဉ်တစ်မျိုးကို ဂျပန်နိုင်ငံ အေဘီကိုမြို့အတွင်းက အဆောက်အအုံတစ်ခုမှာ စမ်းသပ်ခဲ့ပါတယ်။ အဲဒီယာဉ်ဟာ မြေပြင်အထက် ၃မီတာ (၁၀ပေ)မှာ တစ်မိနစ်လောက်ပျံသန်းနေပါတယ်။ ယာဉ်ပေါ်မှာ စီးနင်းသူမပါသလို ဘက်ထရီနဲ့ ထောက်ပံ့မှုပေးထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ NEC အင်ဂျင်နီယာတွေဟာ ယာဉ်ကို ၁နှစ်လောက် တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး အလေးချိန် ၁၅၀ကီလိုဂရမ် (၃၃၁ပေါင်)နဲ့ အရှည်က ၃.၈မီတာ (၁၂.၇ပေ) ရှိပါတယ်။ အခုယာဉ်ကို ကားပျံလို့ခေါ်ပေမယ့် လမ်းပေါ်ကနေ မောင်းနှင်ပြီး ပျံသန်းရတဲ့ ယာဉ်တစ်မျိုးမဟုတ်ပါဘူး။ အရွယ်ကြီးမားတဲ့ ဒရုန်းဖြစ်ပြီး ဒလက် ၄ခုပါဝင်ပြီး လူတွေကို သယ်ဆောင်နိုင်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဟယ်လီကော်ပတာလောက်မကြီးမားတဲ့ ကားပျံတွေ ထုတ်လုပ်တဲ့နေရာမှာ ဦးဆောင်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၃ခုနှစ်အရောက်မှာ ကားပျံတွေကို […]

Read More

သြဂုတ်လ ၉ရက်မှာ တရားဝင်မိတ်ဆက်မယ့် EMUI 10

[ Zawgyi ] Huawei အနေနဲ့ နှစ်စဉ်ကျင်းပနေကျ Developers ကွန်ဖရင့်ကို အခုတစ်ပတ်အတွင်း တရုတ်မှာ ပြုလုပ်သွားပါမယ်။ Huawei အနေနဲ့ hardware နဲ့ software သစ်ကို မိတ်ဆက်နိုင်ပြီး HongMeng OS ကိုလည်း တရားဝင်မိတ်ဆက်နိုင်ပါတယ်။ HongMeng OS ဟာဒီနှစ်အစောပိုင်းမှာ ထွက်ရှိလာနိုင်ပါတယ်။ Huawei အနေနဲ့ ပွဲမှာ Huawei Mate 30 နဲ့ Huawei Mate 30 Pro နဲ့အတူပါဝင်လာနိုင်တဲ့ UI ဗားရှင်းသစ် EMUI 10 ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ EMUI သစ်တွေဟာ နောက်ဆုံးပေါ် Android OS ကိုအခြေပြုပြီး တည်ဆောက်ထားပါတယ်။ ဒါပေမယ့် အသစ်ထွက်ရှိမယ့် Android Q အမည်နဲ့ […]

Read More

Samsung Galaxy Note10 နဲ့ Note 10+ မှာဘာတွေပါဝင်လာမလဲ

[ Zawgyi ] Samsung Note10 ထုတ်ကုန်ကို သြဂုတ်လ ၈ ရက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်မမိတ်ဆက်ခင်မှာ Note10 နဲ့ Note10+ နဲ့ပတ်သက်တဲ့အချက်အလက်များစွာ ထွက်ပေါ်ခဲ့ပါတယ်။ Samsung အနေနဲ့ Unpacked ပွဲမှာ Note ထုတ်ကုန် ၃မျိုးကို မိတ်ဆက်ဖွယ်ရှိပြီး Note10 အငယ်စားဗားရှင်းနဲ့ အကြီးစားဗားရှင်းတစ်ခုနဲ့ 5G ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်တစ်ချို့မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 5G ကတော့ Not10+ နဲ့ဒီဇိုင်းတူညီမယ်လို့ သိရပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Galaxy Note 10 ကျောဘက်ဒီဇိုင်းတွေကို အပြောင်းအလဲပြုလုပ်ထားပါတယ်။ ကင်မရာတွေကို ရေပြင်ညီကနေ ဒေါင်လိုက်ပုံစံ ပြုလုပ်ထားပြီး ထောင့်ဘက်ကပ်ထားပါတယ်။ Galaxy Note […]

Read More

မြို့ပြစီမံကိန်း နှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်

[ Zawgyi ] “‘Urban Challenges of the 21st Century Tropical City” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရိမှ ၁၁ နာရီခွဲ ထိ Novotel Hotel ( Bagan Room) မှာလည်းကောင်း၊ သြဂုတ် ၁၈ ရက် မနက် ၁၀ နာရိမှ ၁၁ နာရီခွဲ ထိ Mandalay Swan Hotel ( Yadanar Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ် ပါတယ်။ ပွဲမှာ James Cook […]

Read More

ပုဂ္ဂလိကသင်တန်းကျောင်းများမှ ပေးအပ်မည့် လက်မှတ်များကို စိစစ်သတင်းထုတ်ပြန်ပေးရန် လိုအပ်ကြောင်း လွှတ်တော်တွင် ဆွေးနွေး

[ Zawgyi ] ပုဂ္ဂလိကသင်တန်းကျောင်းတွေရဲ့ အရည်အသွေးအဆင့်အတန်း ကို စစ်ဆေးအကဲဖြတ်ကာ သင်တန်းကျောင်းမှ ထုတ်ပေးသော လက်မှတ်တွေကို စိစစ်သတင်းထုတ်ပြန်ပေးရန် လိုအပ်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်နိုင်ဦး က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ အရည်အသွေး စံချိန်မမီ၊ အာမခံချက်အားနည်းပြီး စီးပွားရေးကိုသာ အဓိကထားတဲ့ အချို့သော ပုဂ္ဂလိကပညာရေးကျောင်းတွေ၊ သင်တန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေ သည်မှာ များစွာ ကြာမြင့်ပြီး ဖြစ်ပါကြောင်း ပုဂ္ဂလိက ပညာရေးဥပဒေကြမ်း တွင် သတ်မှတ်စံချိန် စံညွှန်းနှင့်ညီမှသာ ဖွင့်လှစ် ခွင့်ပေးခြင်း၊ သင်ကြားမည့် ဆရာများ၏ အရည်အသွေး၊ သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားမှုအစီအစဉ်များကို စနစ်တကျရေးဆွဲတင်ပြရန်လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ […]

Read More

နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များ အကြောင်း တစ်ဦးချင်းဆွေးနွေးပွဲ ပြုလုပ်မည်

[ Zawgyi ] IGCSE ဖြေဆိုခဲ့ပြီး Grading အနည်းအများပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မယ့် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များ အကြောင်း တစ်ဦးချင်း ဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် ၊ နံနက် ၁၀ နာရီမှ ၄ နာရီအထိ AT&S ပညာရေးဝန်ဆောင်မှု မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ IGCSE ဖြေဆိုပြီးသူများ Grading အနည်းအများ ပေါ်မူတည်၍ လျောက်ထားတက်ရောက်နိုင်မယ့် နိုင်ငံ၊ တက္ကသိုလ် နှင့် ဘာသာရပ်များ ၊ IGCSE O Level ပြီးဆုံး ထားပြီး A Level ဆက်လက်တက်ရောက်နိုင်မယ့် လမ်းကြောင်းများ ၊University Foundation program၊ International Student pathway program များအကြောင်း၊ IGCSE […]

Read More

ဗြိတိသျှကောင်စီ၏ Digital Library အတွက် အွန်လိုင်း စ နစ်ဖြင့် စတင်အသင်းဝင်နိုင်

[ Zawgyi ] မြန်မာနိုင်ငံအတွင်းအချိန်နေ ရာမရွေးသုံးနိုင်တဲ့ ဗြိတိသျှကောင် စီရဲ့ Digital Library အတွက် အွန်လိုင်းစနစ်ဖြင့် အသင်းဝင်ခြင်း ကို ဩဂုတ် ၁ ရက်မှ စတင် ပြုလုပ် နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Digital Library အသုံးပြုရန် တစ်နှစ်စာဝင်ကြေးမှာ ၃၀,၀၀၀ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မတိုင်ခင် အသင်းဝင်ပါက ကျပ်တစ်သောင်း သက်သာခွင့် ရရှိမှာဖြစ်ပြီး ၂၀,၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါ တယ်။ British Council Digital Library ကို အသုံးပြုပါက “Road to IELTS” online IELTS preparation course (full version) ကိုပါ […]

Read More