Day: July 2, 2019

IELTS စာမေးပွဲအကြောင်း ဟောပြောဆွေးနွေးပွဲပြုလုပ်မည်

[ Zawgyi ] IELTS စာမေးပွဲအကြောင်း အခမဲ့ ဟောပြောဆွေးနွေးပွဲကို ဇူလိုင် ၇ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ IELTS ဖြေဆိုဖို့ ပြင်ဆင်လေ့လာနေသူတွေအတွက် IELTS စာမေးပွဲမှာ overall band score 8 ရရှိထားတဲ့ မောင်တိုးကျော်ထက်က စာမေးပွဲအတွက် ပြင်ဆင်လေ့လာပုံများနဲ့ စာမေးပွဲနဲ့ ပတ်သက်တဲ့ သိရှိနားလည်ထားသင့်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောကြားမှာဖြစ်ပြီး ဟောပြောပွဲအပြီးမှာ သိရှိလိုတာတွေကို ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဟောပြောပွဲနဲ့ ပြန်လည်ဆွေးနွေးခြင်း ကဏ္ဍနှစ်ခုစလုံးကို မြန်မာဘာသာနဲ့ ပြုလုပ်ပေးမှာဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ထိုင်ခုံနေရာကန့်သတ်ထားတဲ့အတွက် အွန်လိုင်းလိပ်စာဖြစ်တဲ့ https://bit.ly/3248P13 ကနေ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ဗြိတိသျှကောင်စီစာကြည့်တိုက်၊ ၇၈ […]

Read More

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျောင်းလခပေးသွင်းခြင်းကို KBZ Pay ဖြင့်ဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ထား

[ Zawgyi ] တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှာ ကျောင်းလခပေးသွင်းခြင်းကို KBZ Pay နဲ့ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဇွန် ၂၇ ရက်၊ ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။ ကျောင်းလခပေးသွင်းခြင်းကို KBZ Pay နဲ့ ဆောင်ရွက်နိုင်ပြီး ကျောင်းတည်ရှိရာ နယ်မြေရှိ ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ KBZ Pay ဖြင့် ကျောင်းလခ ပေးသွင်းခြင်းကြောင့် ငွေစက္ကူ အတုကိစ္စနှင့်ပတ်သက်၍ ပူပန်ရန် မလိုတော့ခြင်း၊ စာသင်ချိန်ဖျက်၍ ငွေသွင်းရန် မလိုတော့ခြင်း၊ ငွေအကြွေ ပြန်အမ်းရသည့် အခက်အခဲ အဆင်ပြေခြင်း၊ အဝေးသင်တက္ကသိုလ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝန်ဆောင်ခပေး၍ ကျောင်းအပ်ရခြင်းများ လျှော့ချနိုင်ခြင်း၊ ကျောင်းသားများ၏ကျောင်းလခ ပေးသွင်းပမာဏ အတိအကျကို တက္ကသိုလ်၏ ဘဏ်အကောင့်တွင် Web […]

Read More

Alexa နဲ့ Google Home တို့နဲ့ယှဉ်ပြိုင်ဖို့ Bixby app store ကို Samsung စတင်

[ Zawgyi ] Samsung ဟာ Bixby နဲ့တွဲဖက်အသုံးပြုနိုင်မယ့် shortcut သစ်တွေကို ရှာဖွေနိုင်မယ့် Bixby app store သစ်ကို စတင်လိုက်ပါတယ်။ Bixby marketplace လို့အမည်ရတဲ့ app store မှာ သုံးစွဲသူက “Bixby capsules” မှာ ကြည့်ရှုနိုင်ပါတယ်။ အဲဒီ tool တွေက Amazon ရဲ့ Alexa နဲ့ဆင်ပြီး အသံထိန်းချုပ်မှုနဲ့အတူ app တစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Bixby ဟာ third-party app တွေအတွက် command အလျင်အမြန် ပေးနိုင်အောင် ပြုလုပ်ပေးထားပေမယ့် ဂိမ်း၊ ခရီးသွား၊ တေးဂီတနဲ့ productivity လိုမျိုး app […]

Read More

Honda Y.E.S Award 2019 အတွက် လျှောက်လွှာခေါ်ယူ

[ Zwgyi ] Honda Foundation နဲ့ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့က ပူးပေါင်းပေးအပ်တဲ့ Honda Y.E.S Award 2019 ကို ဇူလိုင် ၈ ရက်မှ စတင်လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ အဆိုပါဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မန္တလေး) တွေက ပဉ္စမနှစ် (သို့) နောက်ဆုံးနှစ် ပညာသင်ကြားလျက်ရှိပြီး အသက် ၂၅ နှစ် (သို့) ၂၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူတွေ လျှာက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို သက်ဆိုင်ရာ မိမိတက္ကသိုလ်တွေမှာ ဇူလိုင် ၂၂ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ ပဏာမအဆင့် […]

Read More

၂၀၂၃ ခုနှစ်မှာ 5G ဖုန်းတွေ လွှမ်းမိုးကြီးစိုးလာနိုင်

[ Zawgyi ] လက်ရှိမှာ 5G ကွန်ရက်အသုံးပြုတဲ့ဖုန်းတွေ အနည်းငယ်ပဲ ရှိသေးပေမယ့် 5G ကွန်ရက်တွေကို ကမ္ဘာတစ်ဝန်းမှာ စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဆက်သွယ်ရေုးကုမ္ပဏီတွေ အနေနဲ့ 5G ကွန်ရက်မြန်နှုန်းကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေပြီး လာမယ့် ၄ နှစ်အတွင်း စံသတ်မှတ်ချက်တစ်ခု ဖြစ်အောင် ပြုလုပ်လာမယ်လို့ သုတေသနကုမ္ပဏီ Canalys ကပြောခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ 5G ဖုန်းရောင်းအားဟာ 4G ဖုန်းတွေကို ကျော်လွန်မယ်လို့ Canalys ကပြောခဲ့ပါတယ်။ 5G ကွန်ရက် ဖုန်းအများစုဟာ တရုတ်နိုင်ငံအတွင်း ပေါ်ပေါက်လာနိုင်မယ်လို့ သုတေသနကုမ္ပဏီက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံအတွင်း အစိုးရနဲ့ နည်းပညာကုမ္ပဏီတွေကြောင့် 5G ကွန်ရက်ဖြစ်ပေါ်မှုနှုန်း မြန်ဆန်နိုင်ပါတယ်။ ၂၀၂၃ ခုနှစ် အရောက်မှာ 5G ဖုန်းတွေဟာ အလုံးရေ […]

Read More

ခင့်ကမ္ဘာပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်

[ Zawgyi ] အမျိုးသမီးများအတွက် ဗဟုသုတနဲ့ ရသမျိုးစုံကို ပံ့ပိုးနိုင်ဖို့ စီစဉ်ထားတဲ့ ခင့်ကမ္ဘာပေါ်တယ် ဝန်ဆောင်မှုကို MPT က ယနေ့ မိတ်ဆက်လိုက်ပါတယ်။ ဒီဝန်ဆောင်မှုမှာ အမျိုးသမီးတွေအတွက် အဓိက ရည်ရွယ်ထားတဲ့ သတင်းအချက်အလက်တွေကို မြန်မာ ဘာသာနဲ့ ဖတ်ရှုနိုင်ပြီး အသက်အရွယ် အပိုင်းအခြား အားလုံးအပေါ် အထောက်အကူပြုနိုင်မယ့် ဗဟုသုတနဲ့ ရသမျိုးစုံကိုလေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လိပ်စာက http://khintkabar.com ဖြစ်ပြီး MPT နဲ့ CSS Technology ကုမ္ပဏီတို့ လက်တွဲ ဆောင်ရွက်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ခင့်ကမ္ဘာပေါ်တယ်ဝန်ဆောင်မှုကို MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်တဲ့ ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ […]

Read More

Samsung Galaxy A80 ကို စတင်ရောင်းချ

[ Zawgyi ] Samsung Galaxy A80 ရဲ့ 128GB ဗားရှင်းကို မလေးရှား၊ အမေရိကအလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပ အပါအဝင် ဈေးကွက်တချို့မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဥရောပမှာ ယူရို ၆၄၉ နဲ့ ရောင်းချနေပေမယ့် မလေးရှားမှာ ရင်းဂစ် ၂,၅၀၀ (ယူရို ၅၃၅) နဲ့ အသီးသီး ရောင်းချနေပါတယ်။ Galaxy A80 စမတ်ဖုန်းကို ဒီလအတွင်း အိန္ဒိယမှာရောင်းချဖို့ စီစဉ်ထားပေမယ့် Samsung ကဈေးနှုန်းကို မဖော်ပြခဲ့ပါဘူး။ Samsung Galaxy A80 ကို ရွှေ၊ အနက်နဲ့ အဖြူဆိုပြီး ထုတ်လုပ်ထားပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင်အွန်လိုင်းစတိုး၊ စီးပွားဖက် ဆက်သွယ်ရေးစတိုးတွေနဲ့ အွန်လိုင်းလက်လီကုမ္ပဏီတွေဆီကနေ ဝယ်ယူနိုင်ပါတယ်။ Galaxy […]

Read More

Unpacked ပွဲကို သြဂုတ် ၇ ရက်မှာ ပြုလုပ်သွားမယ်လို့ Samsung အတည်ပြု

[ Zawgyi ] Samsung အနေနဲ့ ထုတ်ကုန်သစ်မိတ်ဆက်မယ့် Unpacked ပွဲကို သြဂုတ်လ ၇ ရက်၊ နယူးယောက်ပြည်နယ် အတွင်းမှာ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ပွဲကို ဘရွတ်ကလင်းမြို့က ဘာကလေစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပြီး Galaxy Note 10 ထုတ်ကုန်ကို မိတ်ဆက်ဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက အဲဒီပွဲ ကျင်းပရာနေရာမှာ Samsung က Note 9 ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ Samsung ဟာ ပွဲဖိတ်စာတွေကို သတင်းထောက်တွေကို ပေးပို့ထားပါတယ်။ ဖိတ်စာမှာ အနက်ရောင် stylus ပါဝင်ပြီး အဖြူနောက်ခံမှာ ကင်မရာ lens တစ်ခုကို သရုပ်ဖော်ထားပါတယ်။ Samsung ရဲ့ Galaxy Note ဟာ stylus ပါဝင်တဲ့ […]

Read More

IFA 2019 ပွဲအမီ Xperia 2 ကိုပြသနိုင်ဖို့ Sony စီစဉ်

[ Zawgyi ] Sony အနေနဲ့ ဖေဖော်ဝါရီလအတွင်း MWC မှာ Xperia 1 ကိုမိတ်ဆက်ခဲ့ပြီး ဘာလင်မြို့အတွင်း ကျင်းပမယ့် IFA ပွဲမှာ ထုတ်ကုန်သစ်ကို မိတ်ဆက်ဖွယ်ရှိနေပါတယ်။ မော်ဒယ်နံပါတ် J8210 နဲ့ J8010 တို့ဟာ UAProf ဖိုင်ထဲမှာ ဖုန်းသစ် နှစ်မျိုးအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီဖုန်းတွေဟာ 5G modem တွေပါဝင်ပြီး SPHINX နဲ့ HORUS လျှို့ဝှက်အမည်တွေနဲ့ ဆက်စပ်နေ တယ်လို့ သိရပါတယ်။ Sony ရဲ့ J8210 မော်ဒယ်ဟာ အသစ်ထွက်ရှိမယ့် ထုတ်ကုန်ဖြစ်လာနိုင်ပါတယ်။ အဲဒီထုတ်ကုန်ကို Sony Xperia 2 လို့ခေါ်ဆိုနိုင်သလို Xperia Premium, Xperia 1 5G […]

Read More