[ Zawgyi ] အသစ်ထပ်မံထွက်ရှိလာတဲ့ မိုဘိုင်းဖုန်းကတစ်ဆင့် အလွယ်တကူ ထီတိုက်နိုင်မယ့် App ဖြစ်ပါတယ်။ မိမိအနေနဲ့ အက္ခရာ၊ ဂဏန်း ၆ ကို App ထဲမှာ ရိုက်ထဲကာ ပေါက်စဉ်အနေနဲ့ တိုက်စစ်နိုင်မှာသလို ပေါက်ဂဏန်းတွေ ထီပေါက်စဉ်အနေနဲ့ ကြည့်ရှုတိုက်စစ်နိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] အသစ်ထပ်မံထွက်ရှိလာတဲ့ မိုဘိုင်းဖုန်းကတစ်ဆင့် အလွယ်တကူ ထီတိုက်နိုင်မယ့် App ဖြစ်ပါတယ်။ မိမိအနေနဲ့ အက္ခရာ၊ […]
Read More[ Zawgyi ] ကောလာဟလ သတင်းထွက်ပေါ်နေတဲ့ ၁၆ လက်မ MacBook Pro ဟာ စက်တင်ဘာလအတွင်း ထွက်လာနိုင်တယ်လို့ IHS Markit လေ့လာဆန်းစစ်သူ ဂျက်ဖ်လင်က ခန့်မှန်းခဲ့ပါတယ်။ အဲဒီသတင်းကို Forbes ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ၁၆ လက်မ MacBook Pro ကို ဒီဇိုင်းပိုင်း ပြင်ဆင်ထားပြီး LG Display က LCD panel အသုံးပြုထားဖွယ်ရှိပါတယ်။ ရုပ်ထွက်အရည်အသွေးက 3072x 1920 ရှိလာမှာပါ။ လက်ရှိ Apple ရဲ့ ၁၅.၄ လက်မ MacBook ရုပ်ထွက်အရည်အသွေးက 2880x 1800 display ပဲရှိပါတယ်။ ၁၆ လက်မ မော်ဒယ်မှာ CPU သစ်လည်း အသုံးပြုထားတယ်လို့ […]
Read More[ Zawgyi ] Huawei အနေနဲ့ nova 5 ဖုန်းတွေ မိတ်ဆက်အပြီးမှာ နောက်ဆုံးပေါ် MediaPad M6 မော်ဒယ်တွေကို ပြသထားပါတယ်။ MediaPad M6 ကို ၈.၄ လက်မနဲ့ ၁၀.၈ လက်မဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ မော်ဒယ် နှစ်မျိုးရဲ့ ကွာခြားချက်ကတော့ ဘက်ထရီပမာဏပဲ ဖြစ်ပါတယ်။ MediaPad M6 မှာ LCD panel နဲ့ရုပ်ထွက်အရည်အသွေးက 2560x 1600 pixel ပါဝင်ပြီး ဘေးဘောင်သေးငယ်ပါတယ်။ မျက်နှာပြင် ၁၀.၈ လက်မအရွယ် ထုတ်ကုန်မှာ ဘက်ထရီ 7,500mAh နဲ့ မျက်နှာပြင်သေးငယ်တဲ့ မော်ဒယ်မှာတော့ 6,100mAh ပါဝင်လာပါတယ်။ MediaPad M6 ထုတ်ကုန် နှစ်မျိုးစလုံးမှာ ရှေ့ကင်မရာ […]
Read More[ Zawgyi ] Xiaomi ဟာ လူငယ်တွေအတွက် CC စီးရီးစမတ်ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနက်မှာ ကျော်ကြားနေတဲ့ အသက် ၈ နှစ်အရွယ် ဂါဗင်သောမတ်စ်က CC9e ဖုန်းနဲ့ selfie ရိုက်ကူးနေတဲ့ ကြော်ငြာဗီဒီယိုကို Xiaomi ကတင်ခဲ့ပါတယ်။ Mi CC9e ရဲ့တရားဝင်ဓာတ်ပုံလည်း အွန်လိုင်းမှာ ထွက်ရှိလာပါတယ်။ Mi CC9e ဟာ Mi 9 နဲ့အလွန်ဆင်တူပြီး Mi 9 SE ရဲ့ကင်မရာ notch လည်းပါဝင်လာပါတယ်။ သတင်းတွေရဲ့ အစောပိုင်းဖော်ပြချက်အရ Mi CC9e မှာ ၆.၃၉ လက်မ မျက်နှာပြင် ပါဝင်လာနိုင်ပါတယ်။ ရှေ့ကင်မရာက 32MP ဖြစ်ပြီး ကျောဘက်မှာ 48MP ကင်မရာတစ်လုံးပဲ […]
Read More[ Zawgyi ] ပြည်တွင်းအခွန်ဦးစီးဌာနမှ ဇူလိုင် ၁ ရက်မှ စတင်ပြီး မိုဘိုင်းဖုန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းကို Invoice ပေါ်တွင် ကပ်စရာမလိုတော့ဘဲ တင်သွင်းရောင်းချသူမှ ဖုန်းဘူးခွံပေါ်တွင်သာ ကပ်ရတော့မှာ ဖြစ်တယ်လို့ ဇွန် ၁၉ ရက်က ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ မိုဘိုင်းဖုန်း တင်သွင်းရောင်းချသူကုမ္ပဏီအားလုံး (official နှင့် PI တင်သွင်းသူအားလုံး) ကို ညွှန်ကြားလိုက် တာဖြစ်ပါတယ်။။ မေ ၃၀ ရက်က နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးမှာ မိုဘိုင်း လုပ်ငန်းရှင်များအသင်းရဲ့ တင်ပြချက်အရ ဇူလိုင် ၁ ရက်မှာ လက်ကိုင်ဖုန်းဟန်းဆက်များပေါ်မှာ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ရောင်းချခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ရောင်းသူတွေက တံဆိပ်ခေါင်းကပ်ပြီးမှသာ […]
Read More[ Zawgyi ] တစ်စက္ကန့်အချိန်အတွင်း၌ 1GB ဂစ်ဂါဘိုက်အထိ အချက်အလက်များကို ပေးပို့သုံးစွဲနိုင်စွမ်းရှိမည့် ပဉ္စမမြောက်ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာ (5G) နှင့် ပတ်သက်၍ ကောင်းကျိုးများစွာ ရရှိနိုင်မည်ဖြစ်ပေသည်။ သို့သော် အချို့သော သိပ္ပံပညာရှင်များကလည်း အဆိုပါမြင့်မားသည့် ကြိမ်နှုန်းသည် လူသားတို့၏ ကျန်းမာရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်နိုင်သည် လားဟုဆိုကာ စူးစမ်းလေ့လာမှုများကို ပြုလုပ်လျက်ရှိပေသည်။ နည်းပညာတို့၏ သဘောသဘာဝအတိုင်း ဆိုးကျိုးနှင့်ကောင်းကျိုး မျှဝေဒွန်တွဲနေ မည်ဖြစ်ပေသည်။ သေချာနေသည်မှာ 5G ကြိုးမဲ့စနစ်သည် ယနေ့အချိန်အခါတွင် ကျန်းမာရေးဆိုင်ရာ ဆေးကုသခြင်းများအတွက် ကောင်းကျိုးများကို ပေးစွမ်းနေခဲ့သည်မှာတော့ လက်တွေ့ရှိနေခဲ့ပြီဖြစ်သည်။ ပထမဆုံးအကျိုးအားဖြင့် မည်သည့်နေရာမှ လူနာများကိုမဆို ကျန်းမာရေးစောင့်ရှောက်မှုပြုရန်အတွက် 5G ကွန်ရက်အနေဖြင့် အကူအညီပေးနိုင်မည် ဖြစ်သည်။ လူနာအနေဖြင့် ၎င်း၏ကိုယ်တွင် ဝတ်ဆင်ထားသည့် IoT (Internet of Things) […]
Read More[ Zawgyi ] Huawei ဟာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ကုန်များစွာကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အထူးခြားဆုံး ထုတ်ကုန်တွေကတော့ nova 5 စမတ်ဖုန်း ၃ မျိုးဖြစ်ပြီး Kirin 980 ပါဝင်တဲ့ Huawei nova 5 Pro, Kirin 810 ပါဝင်တဲ့ Huawei nova 5 နဲ့ Huawei nova 5i တို့ကို ပြသခဲ့ပါတယ်။ Huawei nova 5 Pro Huawei nova 5 Pro မှာ OLED panel အသုံးပြုထားပြီး ရောင်စုံထုတ်လုပ်ထားကာ under-display fingerprint scanner ပါဝင်လာပါတယ်။ ဖုန်းရဲ့ display […]
Read More[ Zawgyi ] Facebook နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့အတွက် Facebook မှ တာဝန်ရှိသူတစ်ဦးနဲ့ ယခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ Facebook ရဲ့ ပလက်ဖောင်းမှာ အမုန်းစကားနဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေကို အရေးယူဖို့အတွက် ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။ Facebook ရဲ့ လူမှုအသိုင်းအဝိုင်း စံနှုန်းတွေဟာ Facebook ပေါ်မှာ ဘယ်အရာက ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို အများနားလည် လက်ခံနိုင်အောင် ချမှတ်ရေးဆွဲထားပြီး Facebook က လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုလို့ သတ်မှတ်ထားတဲ့ လူမျိုး၊ တိုင်းရင်းသား၊ မွေးဖွားရာနိုင်ငံ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ လူတန်းစား၊ လိင်၊ ကျားမ၊ ကျားမ ခွဲခြားသတ်မှတ်မှုနဲ့ […]
Read MoreCopyright © 2021 | Internet Journal