Day: June 11, 2019

Education

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်ဝန်ဆောင်မှု နှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းသားခေါ်ယူ

[Zawgyi] ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အဋ္ဌမတန်း အောင်မြင်ပြီးသူတွေအတွက် ဟိုတယ်ဝန်ဆောင်မှု နှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသားခေါ်ယူနေပြီ ဖြစ်ပါတယ်။ အဆိုပါသင်တန်းကို Hospitality and Catering Training Academy မှာတက်ရောက်ရမှာဖြစ်ပြီး အောက်တိုဘာလ ပထမအပတ် မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ ၂ လ ကြာမြင့်မှာဖြစ်ပြီး လျှောက်လွှာတွေကို ဇွန် ၁၇ ရက်မှ ၃၁ ရက်အထိ ထုတ်ယူ လျှောက်ထားနိုင်ပါတယ်။ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ Culinary Arts (အချက်အပြုတ်သင်တန်း)၊ Pastry and Bakery (ပေါင်မုန့်၊ ကိတ်မုန့်ပြုလုပ်ခြင်း အခြေခံသင်တန်း)၊ Hosuekeeping Operation (အိပ်ခန်းဆောင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးအခြေခံသင်တန်း) Food and Beverage (အစားအသောက်နှင့် […]

Read More
Android
Download

Gypsy Tarot Myanmar

[ Zawgyi ] တားရော့အဟောတွေကို ဖတ်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ ဆရာတင်မော် (Chem) ရဲ့ စာအုပ်ပါ။ အချက်အလက်တွေအပေါ် အခြေခံရေးသားထားတဲ့ App ဖြစ်ပြီး မြန်မာသာသာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တားရော့ မေးမြန်းမယ့်သူတွေ ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘယ်လိုမေးခွန်းမျိုး မေးသင့်လဲဆိုတာတွေပါ လေ့လာနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်တဲ့အတွက် App အသုံးပြုတိုင်း ဖုန်းမှာ အင်တာနက်ဖွင့်ပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] တားရော့အဟောတွေကို ဖတ်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ […]

Read More
Gadgets

Tanscend 25M3 External Harddisk

[ Zawgyi ] Tanscend 25M3 External Harddisk မှာ Shock protection system သုံးဆင့်အထိ ပါဝင်ပါတယ်။ ရော်ဘာသားကို အိမ်ပြုထားပြီး ၃၆၀ ဒီဂရီ ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။ Super Speed 3.0 နဲ့ အချက်အလက်တွေကို ကူးပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချက်နှိပ်လိုက်ရုံနဲ့ Auto Back Up လုပ်ပေးတဲ့ Button လည်း ပါရှိပါတယ်။ အာမခံအနေနဲ့ သုံးနှစ်ပေးထားပါတယ်။ ရွှေလမင်းနဂါးကုမ္ပဏီလီမိတက် ဖုန်း – ၀၁- ၂၅၅၆၅၅ ၊၀၉ -၂၅၀၁၇၇၇၆၂ နဲ့ ၀၉-၂၅၃၃၈၈၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ -သန္တာ [ Unicode ] Tanscend 25M3 External Harddisk […]

Read More
News
Tech

Google Assistant ပါဝင်လာတဲ့ Waze

[ Zawgyi ] Waze ဟာ မြေပုံ app ပေါ်မှာ မီးပွိုင့်တွေနဲ့ ယာဉ်ထိန်းရဲတွေကို ဖော်ပြပေးတဲ့စိတ်ကူးကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ feature တွေက အလွန်အမင်း ရေပန်းစားတာကြောင့် Google က Maps ထဲမှာ ၂၀၁၃ ခုနှစ်အတွင်း ထည့်သွင်းပါတယ်။ အဲဒီနောက်ပိုင်း Google နဲ့ Waze တို့ဟာ ပြိုင်ဆိုင်နေကြပါတယ်။ အခုဆိုရင် Waze မြေပုံ app မှာ Google Assistant ခလုတ် ပါဝင်လာပါတယ်။ Google ဟာ ဒီနှစ်အစောပိုင်းအတွင်း Google Maps အတွင်း Assistant ကို ထည့်သွင်းခဲ့ပါတယ်။ iPhone သုံးစွဲသူတွေက Siri အစား Google ရဲ့ […]

Read More
Apple
News

၂၀၁၉ iPhone XI မှာ USB-C port ထောက်ပံ့မှု ပါဝင်လာဖွယ်ရှိ

[ Zawgyi ] Apple ဟာ iPhone မှာ Lightning connector ကိုစွန့်ပယ်ပြီး USB-C ကိုထည့်သွင်းနိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေတာ ကြာပါပြီ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် iPhone မှာ USB-C ထောက်ပံ့မှု ပါဝင်လာဖွယ်ရှိပါတယ်။ iOS 13 beta ရဲ့ recovery screen မှာ ကွန်ပျူတာနဲ့ USB-C ကြိုးဆက်သွယ်တဲ့ ပုံစံကို ဖော်ပြထားတာ တွေ့ရပါတယ်။ Apple အနေနဲ့ အားသွင်းမြန်ဆန်ပြီး ထုတ်ကုန်များစွာမှာ အသုံးပြုနေတဲ့ USB-C ကို iPad Pro မှာ အသုံးပြုထားပါတယ်။ USB-C ကို အခြားထုတ်ကုန်တွေများစွာမှာ စံတစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ Apple […]

Read More
Local
News

Facebook နှင့် GSMA က အူရီဒူးနဲ့ပူးပေါင်းပြီး ဒီဂျစ်တယ်ဗဟုသုတများ ပေးမည်

[ Zawgyi ] Facebook ကုမ္ပဏီနဲ့ GSMA အဖွဲ့အစည်းက မြန်မာနိုင်ငံရှိ လူဦးရေ ၁ သန်းအတွက် ဒီဂျစ်တယ်ဗဟုသုတများ ပေးအပ်ဖို့ ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးနဲ့ ဇွန် ၁၁ ရက်က Internet 101 အစီအစဉ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဂျစ်တယ်ဗဟုသုတ ပညာပေးအစီအစဉ်မှာ အူရီဒူးအရောင်းဆိုင်ကို ရောက်ရှိလာတဲ့ ပြည်သူတွေကို အွန်လိုင်းသတင်းအချက်အလက်များ အကြောင်းနဲ့ အင်တာနက်ကို အန္တရာယ်ကင်းစွာအသုံးပြုနိုင်တဲ့ နည်းလမ်းများအကြောင်း စတာတွေကို ပညာပေး အထောက်အကူပြုပစ္စည်းများ၊ ရုပ်သံဖိုင်တွေနဲ့ သင်ကြားပို့ချပေးမယ့်အစီအစဉ် ဖြစ်ပါတယ်။ Internet One on One လို့ အမည်ရှိတဲ့ အင်တာနက်ဗဟုသုတ ဖြန့်ချိရေးအစီအစဉ်ကို ဇွန်လမှ စတင်ပြီး နိုဝင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ အူရီဒူးအရောင်းဆိုင် ၆၀၀ ခန့်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ […]

Read More
LG
News

LG ရဲ့ 5G Dual Screen ဖုန်းကို သြစတြေးလျတွင် ရောင်းချမည်

[ Zawgyi ] LG ရဲ့ dual-screen 5G ဖုန်းကို ဒီတစ်ပတ်အတွင်း သြစတြေးလျမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တချို့နေရာတွေမှာပဲ 5G ကွန်ရက် ရှိနေသေးပေမယ့် ဈေးကွက်မှာ 5G ဖုန်းသစ်တွေ ရှိနေပြီး မြန်ဆန်တဲ့ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြဖို့ အဆင်သင့်ဖြစ်နေပါပြီ။ LG V50 ThinQ 5G စမတ်ဖုန်းမှာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ဒုတိယ screen ပါဝင်လာပါတယ်။ အဲဒီ dual screen ကြောင့် မျက်နှာပြင်အရွယ်အစား ၆.၂ လက်မ OLED display ရှိလာတဲ့အတွက် ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာနဲ့ multitasking အတွက် ပိုမို အဆင်ပြေစေပါတယ်။ ရုပ်ထွက်အရည်အသွေးလည်း အလွန်ကောင်းမွန်ပါတယ်။ LG ဟာ ဒုတိယမြောက် display […]

Read More
Local
News

10 Days MBA သင်တန်းဖွင့်လှစ်မည်

[ Zawgyi ] MBTC က 10 Days MBA ကို နေပြည်တော်မှာ ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ ကြိုတင် စာရင်းပေးသွင်းနိုင်မယ်လို့သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် MBA မတက်ဖြစ်သေးသော်လည်း MBA မှာ သင်ကြားမယ့်ပညာတွေကို အချိန်တိုတိုနဲ့ ငွေကုန်သက်သာစွာ လေ့လာလိုသူတွေ အတွက် ဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ General Management, Marketing Management, Human Resource Management, Customer Relationship Management, Financial Management, Macroeconomics, Strategic Management, Business Communication, Consumer Behaviour & Operation Management စတာတွေဖြစ်ပါတယ်။ […]

Read More
Education
News

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ သင်တန်းလျှောက်လွှာခေါ်ယူ

[ Zawgyi ] မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ English Language Proficiency Course No.40 နဲ့ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား အပြင် ရုရှားဘာသာစကား ကျွမ်းကျင်မှုသင်တန်း Basic Level သင်တန်းတွေအတွက် လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။ English Language Proficiency Course No.40 သင်တန်းအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး ဇူလိုင် ၈ ရက် မှ စတင် ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး ညနေ ၅ နာရီမှ ၇ နာရီအထိ ဖြစ်ပြီး သင်တန်းကြေးက ၃ လ အတွက် ၃ဝ,ဝဝဝ ကျပ် ဖြစ်ပါတယ်။ တရုတ်၊ ပြင်သစ်၊ […]

Read More