[ Zawgyi ] ၂၀၁၉ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာအောင်မြင်သူတွေကို KMD မှ ပညာတော်သင်ဆုပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ – ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် KMD Institute မှ IT & Business နဲ့ပတ်သက်တဲ့ Diploma သင်တန်းများအတွက် ပညာတော်သင် ဆုများကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဂုဏ်ထူးရဘာသာရပ် သင်တန်းကြေးကင်းလွတ်ခွင့် အနေနဲ့ ဘာသာစုံဂုဏ်ထူးရှင်အတွက် ၂၅ သိန်း၊ ၅ ဘာသာ ဂုဏ်ထူးရှင်အတွက် သိန်း ၂၀၊ ၄ ဘာသာဂုဏ်ထူးရှင် အတွက် ၁၂ သိန်း၊ ၃ ဘာသာ ဂုဏ်ထူးရှင်ကို ၉ သိန်း၊ ၂ ဘာသာ ဂုဏ်ထူးရှင်ကို […]
Read More[ Zawgyi ] CB ဘဏ်ရဲ့ ဗီဇာ သို့မဟုတ် မာစတာခရက်ဒစ် ကိုင်ဆောင်သူတွေအနေနဲ့ Shop အွန်လိုင်းဈေးဆိုင်မှ ငွေကျပ်တစ်သိန်းအထက် ပိုတဲ့ ဈေးဝယ်ယူမှုတွေကို ၆ လ အတိုးမဲ့ အရစ်ကျ (0% IPP ) အနေနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ “ကတ်နဲ့ ငွေပေးချေတာမျိုးက လွယ်ကူအဆင်ပြေတဲ့အတွက် ကတ်နဲ့ ပေးချေမှုတွေ တိုးတက်လာတာကို မြင်တွေ့ရပါတယ်။ အမျိုးသမီးတွေနဲ့ လူငယ်တွေအများစုက အွန်လိုင်းကနေ ဈေးဝယ်ထွက်တာ ပိုမိုများပြား လာသလို ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုအသစ်တွေကို မိတ်ဆက်တာတွေအပြင် အခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်တာတွေကနေ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေရဲ့ လူမှုဘဝ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်”လို့ CB ဘဏ်ရဲ့ Head of Card & Merchant […]
Read More[ Zawgyi ] အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် KBZ ဘဏ်ကနေ မြန်မာငွေကျပ်သိန်း ၈၀၀ ပညာသင်ဆုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ KBZ ကနေ ကျောင်းကို သိန်း ၈၀၀ ပညာသင်ထောက်ပံ့ကြေးပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လျှောက်လွာ ခေါ်ထားတယ်။ ကျောင်းသား၊ ကျောင်းသူတွေထဲက တကယ်ပညာသင်စရိတ် လိုအပ်တဲ့သူတွေကို လျှောက်ခွင့် ပြုမှာဖြစ်တယ်လို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေး က ပြောပါတယ်။ လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ နီးပါးရှိပြီး အမှန်တကယ် ပညာသင်ဆုစရိတ် လိုအပ်သူတွေကို ရွေးချယ်ပေးအပ်မယ်လို့ သိရပါတယ်။ “ခေါ်တာတော့ (၂၀၁၈-၁၉) တုန်းက ခေါ်တာ၊ ဒါပေမဲ့ ကြားမှာ နည်းနည်းလေး နှောင်းနှေးမှုဖြစ်သွားလို့ […]
Read More[ Zawgyi ] အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ရဲ့ စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကောလိပ်မှာ ကျောင်းသား၊ကျောင်းသူ ဘယ်လောက်ရှိပါသလဲ။ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှာ လက်ရှိတက် ရောက်နေတဲ့ ကျောင်းသား ကျောင်းသူဦးရေ (၁၆၀၀) ခန့်ရှိပြီး အထူးပြုဘာသာရပ် (၄) ခုနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ အွန်လိုင်းစနစ်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးပြောပြပေးပါအုံး။ ကျောင်းနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုတွေအပါဝင် ကျောင်းအပ်နှံတာ၊ ငွေသွင်းတာတွေအပြင် ဝန်ထမ်းတွေအတွက် လစာတွက် ချက်မှုတွေကအစ အွန်လိုင်း အသုံးပြုစနစ်ကို ပြောင်းလဲမှာဖြစ်ပါ တယ်။ ပြောင်းလဲမယ့်စနစ်နဲ့ ပတ်သတ်ပြီး Management Online စနစ်ကို လုပ်ဖို့အတွက် payment စနစ်တွေပြောင်းမယ်။ အွန်လိုင်းနဲ့ ဖြစ်ရမယ် ။ ဆရာမတို့ […]
Read More[ Zawgyi] ဆယ်ကျော်သက်အရွယ် လူငယ်တွေရဲ့ စိတ်နဲ့ခန္ဓာဘေးကင်းလုံခြံမှုဆိုင်ရာ ဗဟုသုတနဲ့ အကြံဥာဏ်ကောင်းတွေကို စုဆောင်း ထားတဲ့ BAYKIN (ဘေးကင်း) Application မိတ်ဆက်ပွဲကို ဇွန် ၂၇ ရက်က Pan Pacific Hotel မှာ ကျင်းပ ခဲ့ပါတယ်။ App မှာ ဥပဒေဆိုင်ရာသိကောင်းစရာများ၊ ဘေးကင်းစေရန်အကြံဥာဏ်များ၊ မိမိကိုယ်ကို ကာကွယ်နည်းများ၊ ဆယ်ကျော်သက်နှင့် ခန္ဓာဗေဒ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Application နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ flash-cards စာအုပ် တစ်အုပ်ပါဝင်သလို ဆယ်ကျော်သက်ပညာပေး ကျန်းမာရေးဆိုင်ရာနဲ့ အထွေထွေသိကောင်းစရာ စာအုပ် ၇ အုပ်လည်း ပါဝင်ပါ တယ်။ လွယ်ကူလေ့လာစရာဖြစ်တဲ့ 4D AR နဲ့ Mobile learning ဂိမ်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ […]
Read More[ Zawgyi ] Apple ရဲ့ဒီဇိုင်းအကြီးအကဲအရာရှိ ဂျိုနီအိုင်ဗ်ဟာ နှစ်၂၀ကြာ လုပ်ကိုင်အပြီး ကုမ္ပဏီကနေ နုတ်ထွက်လိုက်ကာ ကိုယ်ပိုင် ဒီဇိုင်းကုမ္ပဏီ တည်ထောင်သွားမယ်လို့ သိရပါတယ်။ ဂျိုနီအိုင်ဗ်ရဲ့ ဒီဇိုင်းကုမ္ပဏီသစ်အတွက် ပထမဆုံး ဖောက်သည်ကတော့ Apple ဖြစ်တယ်လို့ သိရပါတယ်။ ဂျိုနီအိုင်ဗ်အနေနဲ့ ကုမ္ပဏီကနေ ဝန်ထမ်းအဖြစ်နုတ်ထွက်ပြီး ကိုယ်ပိုင် သီးသန့်ဒီဇိုင်းကုမ္ပဏီ တည်ထောင်မယ် လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။ Apple ဟာဂျိုနီအိုင်ဗ်ရဲ့ ကုမ္ပဏီသစ်ရဲ့ အဓိကဖောက်သည်တစ်ဦး ဖြစ်လာမှာပါ။ အိုင်ဗ်ရဲ့ ဒီဇိုင်းကုမ္ပဏီအမည်က LoveFrom ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြည့်အဝ တည်ထောင်ပြီးသားဖြစ်မယ်လို့ သိရပါတယ်။ ဂျိုနီအိုင်ဗ်အနေနဲ့ ကုမ္ပဏီက ထွက်ခွာသွားပေမယ့်လည်း အနာဂတ်မှာ Apple နဲ့အတူ ပါဝင်ပတ်သက်မယ်လို့ Financial Times နဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ […]
Read More[ Zawgyi ] မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဥရောပ စတဲ့ အစားအသောက် ချက်နည်းပြုတ်ပေါင်း များစွာကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဟင်းချက်နည်းပေါင်း ၁ဝဝ ကျော်ပါဝင်ပြီး ကဏ္ဍအလိုက် ချက်နည်းပြုတ်နည်းတွေကို မြန်မာလို ရေးသားပေးထားတာဖြစ်ပါတယ်။ ဟင်းလျာချက်ပြုတ်ပုံ အဆင့်ဆင့်ကို လေ့လာနိုင်မှာဖြစ်သလို မိမိအနေနဲ့ မျှဝေလိုတာတွေကိုလည်း အလွယ်တကူ App နေ မျှဝေနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ [ Unicode ] မြန်မာ၊ […]
Read More[ Zawgyi ] Xioami ဟာ လာမယ့်အပတ်အတွင်း Mi CC9 ထုတ်ကုန်ကို ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ Mi CC9 ထုတ်ကုန်မှာ ကျောဘက်ကင်မရာ 48MP နဲ့ ရှေ့ကင်မရာ 32MP တို့ပါဝင်လာပါတယ်။ အခုဆိုရင် Mi CC9 ဓာတ်ပုံကို အွန်လိုင်းကနေ ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး ဒီလအစောပိုင်း TENAA စာရင်းထဲမှာလည်း ပါဝင်လာပါတယ်။ Xiaomi Mi CC9 အဖြူရောင်မော်ဒယ်မှာ ဒေါင်လိုက်ပုံစံ ကင်မရာ ၃ လုံး ပါဝင်လာတာကို ဓာတ်ပုံမှာ မြင်တွေ့ရပါတယ်။ ဖုန်းဒီဇိုင်းက vivo iQOO, အဖြူရောင် Huawei P30 Pro နဲ့ Samsung Galaxy S10 အဖြူရောင်တို့နဲ့ ဆင်ပါတယ်။ […]
Read More[ Zawgyi ] MPT အသုံးပြုသူတွေအနေနဲ့ Smart Kids ဝန်ဆောင်မှု၊ M-Learning ဝန်ဆောင်မှုနဲ့ တက်လမ်းပညာရေး ဝန်ဆောင်မှုတွေအပြင် ရွှေနားဆင် အသံထွက်ဝတ္ထုစာအုပ်ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှုမှာ MPT နှင့် Bagan Innovation Technology ကုမ္ပဏီလီမိတက် တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး MPT အသုံးပြုသူတွေအတွက် သီးသန့်ဖန်တီးထားတဲ့ အသံစာအုပ်တွေကို App မှ သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက် နားဆင်နိုင်မှာဖြစ်ပါတယ်။ ဝတ္ထုတိုပေါင်း ၆၅၀ ကျော်နဲ့ ဝတ္ထုရှည်ပေါင်း ၃၀ ကျော်ကို အသံထွက်ကျွမ်းကျင်တင်ဆက်သူတွေက ဖတ်ပြထားတာကို နားဆင်နိုင်မှာဖြစ်ပါတယ်။ Smart Kids ဝန်ဆောင်မှုကတော့ ကလေးငယ်တွေအတွက် ပညာရေးအသိပညာဗဟုသုတနဲ့ ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်တဲ့ […]
Read More[ Zawgyi ] Sony အနေနဲ့ ဥရောပမှာ Sony Xperia 1 ကို လုံလောက်စွာ ရောင်းချဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ Sony Xperia 1 ထုတ်ကုန်ဟာ ဝယ်လိုအားမြင့်တာ ဒါမှမဟုတ် ရောင်းချမယ့်အရေအတွက် မလုံလောက်တာလား ဆိုတာတော့ သေချာမသိရပါဘူး။ ဒါပေမဲ့ Sony Xperia 1 ခရမ်းရောင်ဟာ ဝယ်ယူဖို့ ခက်ခဲနေပါတယ်။ ယူကေမှာ Sony Mobile ဝက်ဘ်ဆိုက်အတွင်း Sony Xperia 1 ခရမ်းရောင် ထုတ်ကုန်အားလုံး ရောင်းကုန်ခဲ့ပါတယ်။ Amazon မှာလည်း Sony Xperia 1 အနည်းငယ်ပဲကျန်ပြီး Clove နဲ့ Very မှာ ခရမ်းရောင် ထုတ်ကုန်တွေအားလုံး ရောင်းကုန်သွားပါတယ်။ […]
Read More