Day: May 21, 2019

Article

Huawei အရန်စီမံကိန်း သို့မဟုတ် HongMeng OS

[ Zawgyi ] တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို အမေရိကန်က ကုန်သွယ်ရေး အမည်ပျက်စာရင်းသွင်းပြီးနောက် Google ရဲ့ Android မိုဘိုင်း operating system ကိုအသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ Huawei ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်တာမဟုတ်ပေမယ့် အမည်ပျက်စာရင်းသွင်းခံရတာကြောင့် အနာဂတ် Huawei ထုတ်ကုန်တွေအပေါ် ထိခိုက်နစ်နာမှာပါ။ ဒါကြောင့် လက်ရှိ Huawei ဖုန်းတွေဟာ Android update တွေလည်း ရရှိမှာ မဟုတ်ပါဘူး။ Android မပါတဲ့ Huawei ဖုန်းတွေဟာ မှန်ထည်နဲ့ ဆီလီကွန်ချစ်ပ်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးလက်ကိုင်ဖုထက် အသုံးမဝင်ပါဘူး။ Android operating system ဟာ Android စမတ်ဖုန်းအားလုံးရဲ့ အလုပ်ဆောင်ရွက်ရာ အခြေခံအုတ်မြစ်ဖြစ်ပြီး Google Play app store […]

Read More
Android
Download

လူငယ်ဗေဒင်

[ Zawgyi ] ဗေဒင်ဝါသနာပါတဲ့သူတွေအတွက် ဗေဒင်ပညာအခြေခံတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဗေဒင်အကြောင်း၊ မွေးနေ့တွက်နည်း၊ ဂြိုဟ်တို့ အသက်အရွယ်အရ အုပ်စိုးအကျိုးပြုပုံ၊ နက္ခတ်အကြောင်း၊ ရာသီဖွားအကြောင်း၊ မဟာဘုတ်အရ နာမည်ပေးနည်း စတာတွေကို အလွယ်တကူ မြန်မာလို လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ဗေဒင်ဝါသနာပါတဲ့သူတွေအတွက် ဗေဒင်ပညာအခြေခံတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဗေဒင်အကြောင်း၊ မွေးနေ့တွက်နည်း၊ ဂြိုဟ်တို့ အသက်အရွယ်အရ အုပ်စိုးအကျိုးပြုပုံ၊ နက္ခတ်အကြောင်း၊ ရာသီဖွားအကြောင်း၊ မဟာဘုတ်အရ နာမည်ပေးနည်း စတာတွေကို အလွယ်တကူ မြန်မာလို […]

Read More
Local
News

ဆက်သွယ်ရေး ဖိုက်ဘာသွယ်တန်းထားရှိမှု စစ်ဆေးခြင်းအတွက် အကြံပေးအဖြစ်ဆောင်ရွက်ရန် တင်ဒါခေါ်ယူ

[ Zawgyi ] ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးဖိုက်ဘာကေဘယ်ကြိုး သွယ်တန်းထားရှိမှု စစ်ဆေးခြင်းအတွက် အကြံပေးအဖြစ် ဆောင်ရွက်နိုင်ဖို့ အိတ်ဖွင့်တင်ဒါခေါ်ယူလျက်ရှိပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ဖို့ လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီတွေမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သွယ်တန်းထားတဲ့ ဖိုက်ဘာကေဘယ် ကြိုးတွေကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေ သတ်မှတ်စံချိန်စံညွှန်အတိုင်း ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ အတွက် ပြင်ပကျွမ်းကျင်သူအဖွဲ့ငှါးရမ်းကာ စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ၎င်းနဲ့စပ်လျဉ်းပြီး အတွေ့အကြုံရှိကာ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့ တင်ဒါစည်းကမ်းချက်တွေနဲ့အညီ အိတ်ဖွင့်တင်ဒါပေးသွင်းနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တင်ဒါစည်းကမ်းချက်ပုံစံတွေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပစ္စည်းဌာနမှာ မေ ၂၀ ရက်ကနေ ၃၁ ရက်အထိ ရုံးချိန်အတွင်းဝယ်ယူနိုင်မှာဖြစ်ပြီး ဇွန် ၂၀ ရက်၊ နေ့လယ် ၁ နာရီ နောက်ဆုံးထားကာ […]

Read More
Local
News

အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်ပြောင်းလဲ

[ Zawgyi ] ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo Myanmar အနေနဲ့ အမှုဆောင်အရာရှိချုပ်အသစ်ကို ပြောင်းလဲခန့်အပ်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ယခင် အမှုဆောင်အရာရှိချုပ် Mr.Vikram Sinha ရဲ့နေရာမှာ Mr.Rajeev Sethi ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။ Mr.Rajeev အနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက Grameenphone မှာ လက်ရှိတာဝန်ယူထားသလို အန္ဒိယနိုင်ငံက နိုင်ငံတကာဆက်သွယ်ရေး Telecon တွေမှာလုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ “သူ့အနေနဲ့ဆက်သွယ်ရေးကဏ္ဍရဲ့ နည်းပညာသစ်တွေနဲ့ ပြောင်းလဲမှုတွေဖြစ်နေတဲ့ အချိန်ကာလမှာ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအတွက် အောင်မြင်မှုတွေရနိုင်အုံးမှာပါ” လို့ Ooredoo Group ရဲ့ CEO ဖြစ်သူ Sheikh Saud Nasser Al Thani ကပြောကြားခဲ့ပါတယ်။ -ေအာင္သက္ကို [ Unicode ] ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo […]

Read More
Google
News

ဒေါ်လာ ၉၉၉ တန်ဖိုးရှိ Glass augmented reality headset ကို Google ထုတ်ဖော်မိတ်ဆက်

[ Zawgyi ] Google ဟာ လုပ်ငန်းသုံး Glass augmented reality headset ဗားရှင်းသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Glass Enterprise Edition 2 ဈေးနှုန်းက ဒေါ်လာ ၉၉၉ ရှိပါတယ်။ အခုထုတ်ကုန်ကို ပထမမျိုးဆက်လိုပဲ သုံးစွဲသူတွေဆီ တိုက်ရိုက် ရောင်းချသွားမှာ မဟုတ်ပါဘူး။ Glass Enterprise Edition မှာ ပရိုဆက်ဆာသစ်၊ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ၊ အားသွင်းမြန်ဆန်တဲ့ USB-C port နဲ့ အခြား update အမျိုးမျိုး ပါဝင်လာပါတယ်။ Google ဟာ Glass ကို ခေတ်ရေစီးကြောင်းထဲ ဝင်ရောက်လာမယ့် ထုတ်ကုန်အဖြစ် မသတ်မှတ်ထားသေးပါဘူး။ ဒါပေမဲ့ Glass Enterprise Edition 2 ဟာ […]

Read More
Huawei
News

Huawei အပေါ် အမေရိကန် လျှော့တွက်ထားဟု ကုမ္ပဏီတည်ထောင်သူ ပြောကြား

[ Zawgyi ] အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံက Huawei ကုမ္ပဏီအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးတင်းကြပ်မှု ယာယီဖြေလျှော့ပေးလိုက်ပါတယ်။ အခု အပြောင်းအလဲဟာ သုံးစွဲသူတွေအတွက် အနှောင့်အယှက်အနည်းဆုံး ဖြစ်ပေါ်အောင် ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei အနေနဲ့ အမေရိကန် လုပ်ရပ်အတွက် ပြင်ဆင်ထားတယ်လို့ ကုမ္ပဏီတည်ထောင်သူက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာန အနေနဲ့ Huawei ဟန်းဆက်တွေကို software update ထောက်ပံ့ပေးဖို့နဲ့ ကွန်ရက်တွေကို ထိန်းသိမ်းဖို့ အမေရိကန်ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ကို ခွင့်ပြုပေးသွားပါမယ်။ Huawei မှာ လိုင်စင်ခွင့်ပြုချက်တွေ မရှိဘဲ ထုတ်ကုန်သစ်တွေ ထုတ်လုပ်ဖို့ အမေရိကန်အစိတ်အပိုင်းနဲ့ ပါဝင်တဲ့ ကိရိယာတွေကို ဝယ်ယူမှုကို ပိတ်ပင်ခံနေရပါသေးတယ်။ အဲဒီ လိုင်စင်ခွင့်ပြုချက်ကလည်း ငြင်းဆိုခံရဖို့ များပါတယ်။ နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် နိုင်ငံခြားရေးပေါ်လစီ […]

Read More
Local
News

နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲ MYANMAR ROBOLEAGUE ကို မည်သူမဆို စာရင်းပေးသွင်းကြည့်ရှုနိုင်မည်

[ Zawgyi ] မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲ Myanmar RoboLeague ကို ဇွန် ၁ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူရှိ မိုးလုံလေလုံကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲကို မည်သူမဆို စာရင်းပေးသွင်း ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ အဆိုပါပွဲကို USAID မှ အဓိကပံ့ပိုးပြီး ဖန်တီးရာမှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပါမောက္ခအသင်းတို့နဲ့အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအကြား စက်ရုပ်တည်ဆောက်ခြင်းနဲ့ STEM ပညာရပ် ( Science – သိပ္ပံပညာ, Technology – နည်းပညာ, Engineering – အင်ဂျင်နီယာပညာရပ် and Mathematics – သင်္ချာပညာရပ်) တိုးတက်ပြန့်ပွားရန် ရည်ရွယ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင် ကျောင်းသား၊ […]

Read More
News
Tech

48MP ကင်မရာနဲ့ Snapdragon 660 ပါဝင်တဲ့ Redmi Note 7S ကိုမိတ်ဆက်

[ Zawgyi ] Xiaomi ဟာ ဒီနှစ်မှာ Redmi Note 7 နဲ့ Redmi Note 7 Pro ကိုမိတ်ဆက်အပြီးမှာ Redmi Note 7S ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထုတ်ကုန်မှာ ကင်မရာ 48MP ပါဝင်လာပါတယ်။ Redmi Note 7 စီးရီး စမတ်ဖုန်းတွေဟာ အိန္ဒိယမှာ အလွန်ရောင်းအားကောင်းပြီး ၂ လအတွင်း ၂ သန်း ရောင်းချခဲ့ရပါတယ်။ အခုဆိုရင် Redmi Note 7 စီးရီးသစ်တစ်မျိုး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Redmi Note 7S မှာ ၆.၃ လက်မ FHD+ display နဲ့ ရေစက်ပုံစံ notch မှာ […]

Read More
News
Tech

Huawei ရဲ့ laptop အတွက် update ကိုလည်း Microsoft ပိတ်ပင်ဖွယ်ရှိနေ

[ Zawgyi ] ထရမ့်အစိုးရဟာ အမေရိကန်ကုမ္ပဏီက နည်းပညာထောက်ပံ့မှု လက်ခံရယူနေမှုကို Huawei အပေါ် ပိတ်ပင်လိုက်ပြီးနောက် နည်းပညာကုမ္ပဏီကြီးက အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ Google အနေနဲ့ Huawei ရဲ့ Android ခွင့်ပြုချက်တွေကို ဖယ်ရှားလိုက်ပြီး Qualcomm နဲ့ Intel တို့ကလည်း ချစ်ပ်တွေ ထောက်ပံ့တော့မှာ မဟုတ်ပါဘူး။ အခြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ OS ကတော့ Microsoft ပဲဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Huawei အပေါ် ပိတ်ပင်မှုတွေ ပြုလုပ်ခြင်းရှိ၊ မရှိဆိုတာကိုတော့ မသိသေးပါဘူး။ အဲဒီသတင်းကို Techradar က ဖော်ပြခဲ့ပါတယ်။ ထရမ့်ရဲ့ပိတ်ပင်မှုကြောင့် Google ဟာ အများပြည်သူကို မထောက်ပံ့ထားတဲ့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေ၊ hardware နဲ့ software […]

Read More
Education
News

ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်မည့် ဥပဒေဒီပလိုမာသင်တန်းများကို အွန်လိုင်းမှလျှောက်ရမည်

[ Zawgyi ] ရန်ကုန်တက္ကသိုလ်ကနေ ဖွင့်လှစ်မယ့် ဥပဒေဒီပလိုမာ သင်တန်းတွေကို အွန်လိုင်းကနေ လျှောက်ထားရမယ် လို့သိရပါတယ်။ သင်တန်းတက်ရောက်လိုသူတွေဟာ မေ ၃၀ ရက်၊ နံနက် ၉ နာရီတွင် www.uylaw.net မှာ ၀င်ခွင့်ဖောင်ကို ဖြည့်စွက် လျှောက်ထားရမှာဖြစ်ပါတယ်။ တက်ရောက်ခွင့်ရရှိသူတွေကိုတော့ ဇွန် ၄ ရက်မှာ ရန်ကုန်တက္ကသိုလ် ရာမညဆောင်၊ ဥပဒေဌာနမှာ ကြေညာပေးမှာဖြစ်ပါတယ်။ ဖွင့်လှစ်မယ့်သင်တန်းတွေကတော့ စီးပွားရေး လုပ်ငန်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Business Law Course No.21)၊ ပင်လယ်ရေကြောင်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Maritime Law Course No.18) ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာသင်တန်း (Diploma in International Law […]

Read More