Day: May 14, 2019

Local
News

အသေးစားချေးငွေလုပ်ငန်း DAWN နှင့် Software Group တို့အကျိုးတူပူးပေါင်း

[ Zawgyi ] မြန်မာ့ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုမိုအကျိုးထိရောက်မှုရှိစွာနဲ့ စရိတ်သက်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် Early Dawn အသေးစား ချေးငွေလုပ်ငန်း ကုမ္ပဏီလီမိတက် (DAWN) နဲ့ Software Group တို့  အကျိုးတူပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။ မြေပြင်လုပ်ငန်းလည်ပတ်ပုံများ၊ လုပ်ငန်းစီးဆင်းပုံများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ဖောက် သည်များပိုမိုအဆင်ပြေစေရန်အတွက် လုပ်ငန်းခွင်သုံးဒီဂျစ်တယ် အက်ပလီ ကေးရှင်းတစ်ခုဖြစ်တဲ့ Digital Field Application (DFA) ကို မိတ်ဆက်ပေးသွားမယ်လို့သိရပါတယ်။ DFA မိုဘိုင်း အက်ပလီကေးရှင်းတွင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးလုံးပါဝင်ပြီး DAWN ၏ ငွေချေးဆိုင်ရာ တာဝန်ရှိသူများ၏ Android Tablet တွေမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဖောက်သည် အသစ်များ ဝင်ရောက် လာခြင်း၊ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေဆပ်ခြင်းနဲ့ အခြားဆက်စပ် […]

Read More
News
Tech

ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားကို ဂျပန်မှာ စတင်စမ်းသပ်နေ

[ Zawgyi ] Hitachi နဲ့ Kawasaki Heavy Industries တို့ဟာ NASCAR နဲ့ ဖော်မြူလာဝမ်းကားတွေထက် မြန်နှုန်းပိုမြင့်တဲ့ ကျည်ဆန်ရထားသစ်ကို စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီရထားအမည်က Shinkansen ALFA-X ဖြစ်ပြီး ၂၀၃၀ ခုနှစ် ပွဲထွက်တဲ့အချိန်မှာ တစ်နာရီ ၂၂၅မိုင်နှုန်း (ကီလိုမီတာ ၃၆၀) နဲ့ ခရီးသည်တွေကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Shinkansen ALFA-X ရထားဟာ အမြင့်ဆုံး မြန်နှုန် တစ်နာရီမိုင် ၂၅၀ ဒါမှမဟုတ် ၄၀၀ ကီလိုမီတာနှုန်းနဲ့ သွားလာနိုင်ပါတယ်။ ဒါပေမဲ့ ရထားအော်ပရေတာတွေက ခရီးသည်တွေကို ပို့ဆောင်တဲ့အခါမှာ ၂၂၅မိုင်နှုန်းနဲ့ပဲ ပြေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Shinkansen ALFA-X ရဲ့အနိမ့်ဆုံးမြန်နှုန်း ပမာဏနဲ့တင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားဆိုတဲ့ […]

Read More
Apple
News
Tech

ထုတ်ကုန်အမျိုးမျိုးအတွက် update တွေကို Apple ဖြန့်ချိခဲ့

[ Zawgyi ] Apple ဟာ operating system တွေအားလုံးအတွက် update တွေကို ဖြန့်ချိခဲ့ပါတယ်။ iOS 12.3 နဲ့ tvOS 12.3 တို့အပြင် ကုမ္ပဏီရဲ့မတ်လပွဲမှာ မိတ်ဆက်ခဲ့တဲ့ TV app သစ်ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ အဲဒီ app ကိုနိုင်ငံပေါင်း ၁၀၀ကျော်မှာ အသုံးပြုနိုင်ပြီး iOS 12.3 ဒါမှမဟုတ် tvOS 12.3 install လုပ်ထားတဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ app ကို Samusng စမတ်တီဗွီအတွက်လည်း ဖြန့်ချိထား ပါတယ်။ ဒါ့အပြင် macOS အတွက် ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။အဲဒီ app မှာ Apple တီဗွီလိုင်းတွေကို […]

Read More
News
Tech

WhatsApp ပေါ်က အားနည်းချက်တစ်ခုကို ဖော်ထုတ်ခဲ့

[ Zawgyi ] ဖုန်းတွေပေါ်မှာ Israelis spyware ထည့်သွင်းနိုင်တဲ့ WhatsApp အတွင်းက အားနည်းချက်အသေးစိတ်ကို The Financial Times ကဖော်ပြခဲ့ပါတယ်။ အဲဒီအန္တရာယ်ရှိကုတ်ကို အစ္စရေးကုမ္ပဏီ NSO Group ကဖန်တီးခဲ့တာဖြစ်ပြီး iOS နဲ့ Android ပေါ်က WhatsApp ကတစ်ဆင့် သုံးစွဲသူတွေကို ဖုန်းခေါ်ဆိုပြီး ကုတ်ကို ပို့လွှတ်နိုင်ပါတယ်။ သုံးစွဲသူက ဖုန်းခေါ်ဆိုမှုကို မကိုင်တဲ့အခါမှာ အဲဒီကုတ်ကို ပို့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဖုန်းခေါ်ဆိုမှုတွေဟာ မှတ်တမ်းကနေ ပျောက်ဆုံးသွားတတ်တာကြောင့် သုံးစွဲသူတွေ သတိမထားမိခင်မှာဘဲ ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။ အခုအားနည်းချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အခု loophole ဖြစ်ပေါ်နေတာ ရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။ “အခုတိုက်ခိုက်မှုကမိုဘိုင်း operationg system တွေရဲ့လုပ်ဆောင်ချက်ကို […]

Read More
Gadgets

JBL Endurance Dive

[ Zawgyi ] ပူအိုက်တဲ့ နွေရာသီမှာ ရေကူး/ရေစိမ်ရင်းပဲဖြစ်ဖြစ် မိုးရာသီမိုးရေထဲမှာပဲဖြစ်ဖြစ် သီချင်းနားထောင်ခြင်း၊ ဖုန်းဆက်သွယ် စကားပြောဆိုခြင်းတွေကို ပြုလုပ်နိုင်မယ့် JBL Endurance Dive ဖြစ်ပါတယ်။ Buletooth Version 4.2 ထောက်ပံ့ပေးထားလို့ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်သလို MP3 Player အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Memory အနေနဲ့ကတော့ 1GB ပါဝင်ပါတယ်။ Microphone ပါဝင်ပြီး Hands Free Call အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံအတိုးလျှော့ နဲ့ ထိမ်းချူပ်မှုတွေကိုလည်း Touch Control နဲ့ ထိန်းချုပ်နိုင်မှာပါ။Siri/ Google Now ကိုလည်းအထောက်အပံ့ပေးထားပါတယ်။ Lithium-ion polymer (3.7V, 120mAh) ဘက်ထရီနဲ့ဖြစ်ပြီး Speed charge ထောက်ပံ့ပေးထားတဲ့အတွက် နှစ်နာရီအားသွင်းရင် […]

Read More
News
Tech

ကွေးနိုင်၊ ခေါက်နိုင်တဲ့ မျက်နှာပြင်ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးကွန်ပျူတာကို Lenovo ထုတ်ဖော်ပြသ

[ Zawgyi ] Lenovo ကပြုလုပ်တဲ့ Accelerate 2019 ပွဲမှာ ခေါက်နိုင်တဲ့ မျက်နှာပြင်ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးကွန်ပျူတာကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်သစ်အမည်၊ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ အခုကွန်ပျူတာဟာ Lenovo ရဲ့ ThinkPad X1 အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာနိုင်ပါတယ်။ Lenovo ဟာ Samsung ရဲ့ Galaxy Fold နဲ့ Huawei ရဲ့ Mate X စမတ်ဖုန်းတွေန်လိုမျိုး မျက်နှာပြင်ကို ခေါက်နိုင်တဲ့ ကွန်ပျူတာကို ထုတ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ခေါက်ထားနိုင်တဲ့ မျက်နှာပြင်ပါဝင်တဲ့ ကွန်ပျူတာ တင်ပို့ရောင်းချမှု ၁သန်းမကျော်သေးပါဘူး။ ဒါကြောင့် Lenovo ကဒီလအတွင်း ကွန်ပျူတာ ထုတ်လုပ်သူတွေဆီက ထွက်ရှိတဲ့ […]

Read More
Education
News

ရန်ကုန်တက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသားခေါ်ယူ

[ Zawgyi ] ရန်ကုန်တက္ကသိုလ် မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့(Ph.D) သင်တန်းသား ခေါ်ယူနေပါတယ်။ အထူးပြု ဘာသာရပ်တွေကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ၊ အဏုဇီဝဗေဒ တွေအတွက်ပဲ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်သူတွေ၊ ဇွန် ၁ ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ (လုပ်ငန်းခွင်အတွေ့အကြုံရှိသူများကို အသက်ကန့်သတ်ချက် လျှော့ပေါ့စဉ်းစားမည်။) တွေ လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံဝန်ထမ်းမဟုတ်ပါက အသိအမှတ်ပြုထားသော တက္ကသိုလ် တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်တွင် အနိမ့်ဆုံး […]

Read More