Day: May 13, 2019

Education
News

PSB Academy Admission Day ပြုလုပ်မည်

[ Zawgyi ] PSB Academy Admission Day ကို မေ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ AT&S (Overseas Education Services) အဆောင် (၅)၊ အခန်း-၄ ၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ သြစတြေးလျနဲ့ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်တဲ့ University of Newcastle, Edith Cowan University, University of Wollongong, La Trobe University, Coventry University, Edinburgh Napier University တို့မှ ဘွဲ့ဒီဂရီရရှိလိုသူများ၊ HND […]

Read More
Local
News

မကွေးမြို့နယ် ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေး ပန်းခြံအတွင်း အင်တာနက် အခမဲ့အသုံးပြုနိုင်

[ Zawgyi ] အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပါင်းဆောင်ရွက်မှု အစီအစဉ်အရ မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံနဲ့ လွတ်လပ်ရေးပန်းခြံအတွင်း ဝိုင်ဖိုင်စနစ်နဲ့ အခမဲ့ အင်တာနက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Global Technology Group က အမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးက ပြောပါတယ်။ “အသုံးပြုသူအနေနဲ့ လူမှုကွန်ရက်တွေ ဗီဒီယိုကလစ်ဖိုင်အတိုတွေကိုတောင် အသုံးပြုနိုင်တဲ့အထိ အခမဲ့ အင်တာနက်ဝန်ဆောင်မှုပေးတာပါ။ အသုံးပြုသူတစ်ဦးအနေနဲ့ တစ်ခါ Log in ၀င်ပြီး သုံးနေရင်တော့ ၄၅ မိနစ် ဆက်တိုက်အသုံးပြုနိုင်မယ်။ ၄၅ မိနစ် ပြည့်သွားရင်တော့ အလိုအလျောက် Log out ပြန်ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ထပ်သုံးချင်ရင် နောက်တစ်ခါ Log in ပြန်ဝင်ရတာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ အမှုဆောင်အရာရှိချုပ် […]

Read More
Education
News

Global English Course (2/2019) အတွက် လျှောက်လွှာများကို မေ ၁၇ ရက်တွင် ပြန်လည်လျှောက်ထားရမည်

[ Zawgyi ] အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ Global English Course (2/2019) အတွက် သင်တန်းလျှောက်လွှာတွေကို မေ ၁၀ ရက်က ခေါ်ယူခဲ့ပါတယ်။ ထိုသို့ခေါ်ယူခဲ့ရာမှာ Technical Error ကြောင့် မေ ၁၇ ရက်၊ နံနက် ၉ နာရီမှာ register.ncel.edu.mm ကနေ ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။ တက်ရောက်ခွင့်ရရှိသူတွေကို မေ ၁၉ ရက်မှာ ကြေညာပေးမှာဖြစ်ပြီး မေ ၂၀ ရက် မှ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်မှာ လူကိုယ်တိုင် သွားရောက် သင်တန်းကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းအချိန်တွေအနေနဲ့ Weekday တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ( နံနက် ၇ နာရီမှ […]

Read More
News
Tech

Asus ZenFone 6 မှာ 5,000 mAh ဘက်ထရီနဲ့ Snapdragon 855 ပါဝင်လာ

[ Zawgyi ] Asus ဟာ မေလ ၁၆ ရက်မှာ ZenFone 6 ကို ထုတ်ဖော်မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ Asus အနေနဲ့ ZenFone 6 မှာ Snapdragon 855 SoC ပါဝင်လာမယ်လို့ Twitter ကနေ ပုံနဲ့ အတည်ပြုထားပါတယ်။ စမတ်ဖုန်းမှာ Notification LED နဲ့ USB-C port ဘေးမှာ 3.5mm headphone ပေါက်လည်း ပါဝင်လာပါသေးတယ်။ ဖုန်းရဲ့ညာဘက်ထောင့်မှာ Smart Key နဲ့အတူ အသံအတိုးအကျယ်နဲ့ ပါဝါခလုတ် ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘယ်ဘက်မှာတော့ SIM အတွက် အပေါက် ၃ခုနဲ့ microSD ကတ်တွေ ထည့်သွင်းနိုင်ပါတယ်။ Auss အမှုဆောင်တစ်ဦးကတော့ Instagram […]

Read More
Uncategorized

Google ရဲ့ music streaming platform တွေကို သုံးစွဲသူ ၁၅သန်းအထိ ရှိလာ

[ Zawgyi ] Google ရဲ့ music streaming ဝန်ဆောင်မှုအပေါ် ချဉ်းကပ်မှုဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခြင်း မရှိသေးပါဘူး။ Google Play Music ဟာ အခြားဝန်ဆောင်မှုဖြစ်တဲ့ YouTube Music နဲ့ပေါင်းစပ်ထားပါတယ်။ အခုဆိုရင် Google ရဲ့ music ဝန်ဆောင်မှုကို လစဉ်ကြေးပေးသွင်း အသုံးပြုသူတွေဟာ ၁၅ သန်းရှိပြီ ဖြစ်တယ်လို့ Bloomberge ကဖော်ပြခဲ့ပါတယ်။ Apple Music နဲ့ Spotify ကို အသုံးပြုသူ အရေအတွက်ကတော့ သန်း ၅၀ နဲ့ သန်း ၁၀၀ ရှိပြီ ဖြစ်ပါတယ်။ Google ရဲ့ YouTube Music နဲ့ Premium သုံးစွဲသူတွေဟာ တစ်နှစ်ထက်တစ်နှစ် […]

Read More
News
Xiaomi

Xiaomi Redmi ဖုန်းတစ်မျိုးမှာ Android Q beta ထောက်ပံ့မှုပါဝင်လာမည်

[ Zawgyi ] Google ဟာ I/O developer ကွန်ဖရင့်မှာ Android 10 Q ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီပွဲမှာ Android Q beta နဲ့ပတ်သက်တဲ့ feature တွေကိုလည်း ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Android Q beta ကို စမတ်ဖုန်းအမှတ်တံဆိပ် ၁၃ ခုက ထုတ်ကုန်ပေါင်း ၂၁ ခုအတွက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Android Q beta ရရှိမယ့် ထုတ်ကုန်တွေထဲမှာ Xiaomi Mi 9 နဲ့ Mi Mix 3 5G လည်းပါဝင်လာပါတယ်။ Redmi အထွေထွေမန်နေဂျာဖြစ်သူ လူဝီဘင်အနေနဲ့ Android Q အခြေခံ MIUI beta ဗားရှင်းကို […]

Read More
Local
News

ဝက်ဘ်ဆိုက်တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

[ Zawgyi ] ၀က်ဘ်ဆိုက်တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၂၇ ရက်မှာ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း ဘုရားလမ်းရှိ SME Center တွင်ကျင်းပသွားမှာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ MSME လုပ်ငန်းရှင်တွေအနေနဲ့ တက်ရောက်ဖို့ စာရင်းပေးသွင်းနိုင်မယ်လို့ စက်မှုဝန်ကြီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာနဲ့ Webpage မှာ ဖော်ပြထားပါတယ်။ MSME လုပ်ငန်းရှင်တွေအတွက် ၀က်ဘ်ဆိုက်တစ်ခုကို အခမဲ့ တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနဲ့ ထိုင်းနိုင်ငံ Attitude Asia Co., Ltd တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ MSME လုပ်ငန်းရှင်တွေအတွက် IT နည်းပညာတစ်ခုဖြစ်တဲ့ ၀က်ဘ်ဆိုက်တစ်ခု တည်ဆောက်ပြီး၊ ၀က်ဘ်ဆိုက်မှတစ်ဆင့် Online Strategy များကို အသုံးပြုကာ ဈေးကွက်ရှာဖွေမှုတွေကို […]

Read More
Local
News

ဆုကြေးငွေ စုစုပေါင်း ကျပ် ၁၀ သန်းချီးမြှင့်မည့် Galaxy Challenge PUBG မိုဘိုင်းဂိမ်းပြိုင်ပွဲကျင်းပမည်

[ Zawgyi ] Samsung Myanmar နဲ့ Claw Esports Myanmar တို့ ပူးပေါင်းပြီး The Galaxy Challenge အမည်ဖြင့် PUBG ဂိမ်းပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ Galaxy Challenge PUBG ဂိမ်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ မေ ၁၇ ရက်မှ စတင် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး ဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Samsung နဲ့ Claw Esports တို့ရဲ့ တရားဝင် Facebook စာမျက်နှာများမှတစ်ဆင့် ကြေညာသွားမယ်လို့ သိရပါတယ်။ ၀င်ကြေးအခမဲ့ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ အသင်းပေါင်း ၅၀၀ ပါဝင်မှာဖြစ်ပြီး အုပ်စုအဆင့် အနိုင်ရရှိတဲ့ အသင်းပေါင်း ၁၀၀ မှ ထပ်မံ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ […]

Read More
News
Tech

ထရပ်ကားတွေအတွက် ‘electric highway’ နည်းပညာကို ဂျာမနီစမ်းသပ်နေ

[ Zawgyi ] ဂျာမနီဟာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ထရပ်ကားတွေကို အသုံးပြုနိုင်ဖို့ “electric highways” နည်းပညာကို အခြားနိုင်ငံတွေနဲ့အတူ စမ်းသပ်နေပြီ ဖြစ်ပါတယ်။ ဂျာမနီအနေနဲ့ လျှပ်စစ်၊ ဒီဇယ်စွမ်းအင်သုံး ထရပ်ကားနဲ့ ဖရန့်ဖတ်နဲ့ ဒန်းစတက်မြို့အကြားက Autobahn ရဲ့ ၃.၁ မိုင်လမ်းကြောင်းမှာ eHighway စနစ်ကို စမ်းသပ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီထရပ်ကားရဲ့ အပေါ်ဘက်မှာ လောင်ကျွမ်းမှုအားကောင်းတဲ့ အင်ဂျင်အသုံးပြုပြီး ကေဘယ်ကြိုးကနေတစ်ဆင့် စွမ်းအင်ကို ထုတ်လွှင့်ပေးကာ နေ့စဉ်နေ့တိုင်း ယာဉ်အသွားအလာ ပြုလုပ်လျက်ရှိပါတယ်။ နိုင်ငံတွင်း အစောပိုင်းစမ်းသပ်မှုတွေမှာတော့ ညပိုင်း ခပ်ဖြည်းဖြည်းစမ်းသပ်မှုတွေ ဒါမှမဟုတ် အသုံးမပြုတဲ့ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းရဲ့ လုံခြုံမှုရှိရေးအပေါ် မှီခိုခဲ့ပါတယ်။ ပထမဆုံး eHighway စမ်းသပ်မှုကိုတော့ ၂၀၁၆ ခုနှစ်အတွင်း ဆွီဒင်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ […]

Read More