Day: May 8, 2019

တယ်လီနော ပလက်တီနမ်စတားအဆင့်ရ အသုံးပြုသူများ CB-Telenor Co-Branded Visa အကြွေးဝယ်ကတ် လျှောက်ထားနိုင်

[ Zawgyi ] တယ်လီနောမြန်မာအနေနဲ့ CB Bank၊ Visa တို့နဲ့ ပူးပေါင်းပြီး CB-Telenor Co-Branded Visa အကြွေးဝယ်ကတ်ကို မိတ်ဆက်လိုက်ပါတယ်။ တယ်လီနောပလက်တီနမ် စတားအဆင့်ရ အသုံးပြုသူများအနေနဲ့ CB-Telenor Co-Branded Visa အကြွေးဝတ်ကတ်ကို https://cardapp.cbbank.com.mm/telenor-star မှလျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားပါက ပထမ ၅ နှစ်အတွက် နှစ်စဉ်ကြေး အခမဲ့အပြင် ကတ်ထုတ်ပေးခ အပေါ်မှာလည်း ၅၀ ရာခိုင်နှုန်းလျှော့ဈေး ခံစားခွင့်တွေကို ရရှိခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ အကြွေးဝတ်ကတ်တွေကို အွန်လိုင်းကဖြစ်စေ၊ CB ဘဏ်ရဲ့ ဘဏ်ခွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ ဖြစ်စေ အလွယ်တကူ လျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ်”လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောပါတယ်။ […]

Read More

English To Myanmar conberter or Translator

[ Zawgyi ] ကျောင်းသားသုံးအနေနဲ့ရော ခရီးသွားအနေနဲ့ပါ အသုံးပြုနိုင်မယ့် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ပေးတဲ့ App ဖြစ်ပါတယ်။ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ် ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး မိမိအနေနဲ့ ပြန်ဆိုထားတဲ့ အကြောင်းအရာ၊ စာသားတွေကိုလည်း သူငယ်ချင်းတွေနဲ့ အလွယ်တကူ မျှဝေနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး ဘာသာပြန် App အနေနဲ့ရော Converter အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကျောင်းသားသုံးအနေနဲ့ရော ခရီးသွားအနေနဲ့ပါ အသုံးပြုနိုင်မယ့် အင်္ဂလိပ်ဘာသာမှ […]

Read More

နိုင်ငံသားစီစစ်ရေးစမတ်ကတ်အတွက် Biographic Data ၁.၃ မီလီယံ ကောက်ယူရရှိထား

[ Zawgyi ] eGovernment အစီအစဉ်မှာ ပါရှိနေတဲ့ နိုင်ငံသားစိစစ်ရေးစမတ်ကတ်အတွက် Biographic Data ၁.၃ မီလီယံ ကောက်ယူရရှိထားတယ်လို့ မေ ၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထည့်သွင်းဖြေကြားခဲ့ပါတယ်။ ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်၏ အမျိုးသားမှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက်မှတ်တမ်းဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်းလဲပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။eGovernment ဆောင်ရွက်သွားရန် ၂၀၁၆၊ မေလကတည်းက ဒီဂျစ်တယ်စနစ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ဖို့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စမတ်ကတ်နဲ့ပြုလုပ်ပေးဖို့ လေ့လာတာ၊ […]

Read More

ဂျပန် အပြည်ပြည်ဆိုင်ရာကာတွန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကာတွန်းများစတင်ခေါ်ယူ

[ Zawgyi ] ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ကြီးမှူးပြီး (၁၃) ကြိမ်မြောက် ဂျပန် အပြည်ပြည် ဆိုင်ရာ ကာတွန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကာတွန်းများ စတင် ခေါ်ယူနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာတွန်းလျှောက်လွှာများကို ဇွန် ၁၄ ရက်အထိ လက်ခံပေးသွားမှာဖြစ်ပါတယ်။ လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သို့မဟုတ် ဂျပန် အပြည်ပြည်ဆိုင်ရာကာတွန်းပြိုင်ပွဲ ဆိုင်ရာ စာတိုက်သေတ္တာသို့ တိုက်ရိုက်ပေးပို့ရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့ လက်ရာများအနက် အထူးချွန်ဆုံးကာတွန်း လက် ရာ ၁ ခု အတွက် “ဂျပန်အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အထူးချွန်ဆုံးဆု” အဖြစ်လည်းကောင်း၊ အခြား အကောင်းဆုံး လက်ရာ ၃ ခုအတွက် “ဂျပန်အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အကောင်းဆုံးဆု” အနေနဲ့ အသီးသီး ချီးမြှင့်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရပ်ခြားအနှံ့အပြားသို့ […]

Read More

Android Q Beta 3 မှာပါဝင်လာတဲ့ feature သစ်များ

[ Zawgyi ] Google I/O 2019 မှာ Android Q Beta 3 ကိုပြသခဲ့ပြီး မတ်လနဲ့ ဧပြီလအစောပိုင်း ဖြန့်ချိထားတဲ့ ဗားရှင်းတွေထက် feature ပိုမို များပြားလာပါတယ်။ ပထမဆုံး Q beta ဗားရှင်းတွေမှာ Google က developer တွေနဲ့ compatible ပြဿနာအပေါ် အာရုံစိုက်ခဲ့ပါတယ်။ အခု Q Beta 3 မှာတော့ လက်ဟန်အမူအရာနဲ့ အသုံးပြုနိုင်တဲ့ gestural navigation နဲ့ dark mode တို့ထည့်သွင်းခဲ့ပါတယ်။ Google အနေနဲ့ သုံးစွဲသူအမြင်ကို ရှာဖွေနေတာကြောင့် အခု beta ဗားရှင်းမှာ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ Android Beta 1, […]

Read More

Realme X မှာ 48MP Sony IMX586 sensor ပါဝင်လာမည်

[ Zawgyi ] မကြာသေးခင်က Realme ဟာ Realme X မှာ AMOLED display ပါဝင်မယ်လို့ ပိုစတာနဲ့ အတည်ပြုထားပါတယ်။ အခုဆိုရင်လည်း Realme X မှာ f/1.7 aperture နဲ့ 48MP Sony IMX586 ပါဝင်မယ်လို့ နောက်ထပ် ပိုစတာတစ်ခုနဲ့ အတည်ပြုခဲ့ပါတယ်။ Realme X မှာ Nightscape Mode ပါဝင်လာဖွယ်ရှိပါတယ်။ အဲဒီ mode ကို Realme 3 မှာ ထည့်သွင်းခဲ့ပါတယ်။ Realme X မှာ notch မပါဝင်တဲ့ ဒီဇိုင်းနဲ့ pop-up selfie ကင်မရာနဲ့ 16MP sensor တို့ပါဝင်လာဖွယ်ရှိပါတယ်။ Realme X […]

Read More

ဖုန်းပေါ်မှာ ကစားနိုင်မယ့် Minecraft AR ဂိမ်းသစ်ကို Microsoft ပြသသွားခဲ့

[ Zawgyi ] Microsoft ဟာ မိုဘိုင်းထုတ်ကုန်တွေအတွက် Minecraft ဂိမ်းသစ်ကို ဗီဒီယိုတစ်ခုနဲ့ မိတ်ဆက်သွားခဲ့ပါတယ်။ Microsoft ဟာ Build 2019 developer အပြီးမှာ augmented reality နည်းပညာအသုံးပြုထားတဲ့ Minecraft ဂိမ်းဗီဒီယိုတစ်ခုကို ပြသသွားတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Minecraft ဖန်တီးမှုဒါရိုက်တာ ဆက်စ်ပါဆန်ဟာ Microsoft ရဲ့ Build developer ကွန်ဖရင့်ကျင်းပရာနေရာ ဝါရှင်တန်ပြည်နယ် ညီလာခံစင်တာ အပြင်ဘက်ခုံမှာ ဖုန်းကို ထားခဲ့ပါတယ်။ အဲဒီဖုန်းကို လမ်းသွားလမ်းလာတစ်ဦးက ယူပြီး AR နည်းပညာအသုံးပြုထားတဲ့ Minecraft ကိုကစားခဲ့ပါတယ်။ Microsoft အနေနဲ့ ဂိမ်းသစ်တစ်မျိုးကို ပြင်ဆင်ဖန်တီးနေတယ်လို့ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ အခု Minecraft ဂိမ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မသိရသေးပါဘူး။ Pokemon […]

Read More

macOS အတွက် Edge browser ကို Microsoft အမြည်းမိတ်ဆက်

[ Zawgyi ] Microsoft ဟာ ပြီးခဲ့တဲ့လက Windows ပေါ်မှာ အစောပိုင်း Canary နဲ့ Dev build တွေအဖြစ် Edge Chromium browser ကိုဖြန့်ချိခဲ့ပါတယ်။ Windows 10 အသုံးပြုသူတွေဟာ အဲဒီ browser ကို အသုံးပြုနိုင်ပေမယ့် Mac သုံးစွဲသူတွေက စောင့်ဆိုင်းနေရပါတယ်။ အခုဆိုရင် Microsoft က Build 2019 developer ကွန်ဖရင့်မှာ Windows ပေါ်က Edge အတွက် feature သစ်တွေနဲ့ macS ပေါ်မှာ Edge ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ မကြာခင်မှာ macOS သုံးစွဲသူတွေအနေနဲ့ Windows မှာလို Edge ရဲ့ Canary နဲ့ […]

Read More

SIM Global Education ၏ Study Tour အစီအစဉ်သို့ လျှောက်ထားနိုင်

[ Zawgyi ] စင်ကာပူနိုင်ငံရဲ့ စာသင်ကြားမှုပုံစံနဲ့ ယဉ်ကျေးမှုတွေကို လေ့လာလိုသူတွေ အနေနဲ့ SIM Global Education(SIMGE) ရဲ့ Study Tour အစီအစဉ်သို့ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ Study Tour ကာလမှာ ဇူလိုင် ၇ ရက်မှ ၁၄ ရက်အထိ ဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ စင်ကာပူ ဒေါ်လာ ၁,၁၅၀ ကျသင့်မှာဖြစ်ပါတယ်။ Study Tour အစီအစဉ်မှာ ကျောင်းသား၊ ကျောင်းသူများအတွက် နေစရာစီစဉ်ပေးခြင်း၊ Workshop & Activities များပြုလုပ်ခြင်း၊ သတ်မှတ်ထားတဲ့နေ့တွေမှာ စားသောက်ဖွယ်ရာများကျွေးမွေးခြင်း၊ Airport Transfer များကို အခမဲ့စီစဉ်ပေးခြင်း အစရှိတာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ စင်ကာပူမှာရှိတဲ့ အထင်ကရနေရာတွေဖြစ်တဲ့ […]

Read More

Cloud Solution ၏ လုပ်ငန်းခွင်အသုံးပြုမှုများနှင့်အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

[ Zawgyi ] Huawei မှ Cloud Solution ရဲ့လုပ်ငန်းခွင်အသုံးပြုမှုများနှင့်အကျိုးကျေးဇူးများ ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်မြောက် မီဒီယာဆွေးနွေးပွဲကို လှိုင်မြို့နယ်ရှိ MICT Park ပင်မဆောင်မှာ ကျင်းပခဲ့ပါတယ်။ “ICT နယ်ပယ်အကြောင်း ပိုပြီး နားလည်သဘောပေါက်လာစေဖို့အတွက် မီဒီယာဆွေးနွေးပွဲတွေကို ဒီနှစ်စကတည်းက ကျွန်တော်တို့ ဆောင်ရွက်ပေးလာခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေအပေါ် ICT နည်းပညာရဲ့အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူးတွေကို အများပြည်သူဆီ သတင်းစကားပါးရာမှာ အဓိကကျတဲ့ စာနယ်ဇင်းနယ်ပယ်ရဲ့ စိတ်ပါဝင်စားမှုကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေက စာနယ်ဇင်းသမားတွေအတွက် သူတို့ရဲ့သက်ဆိုင်ရာကဏ္ဍ အသီးသီးကနေ နိုင်ငံအတွက် အကျိုးရှိစေဖို့ လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံပြီး အခုလိုဆွေးနွေးပွဲတွေ ကျင်းပဖို့ တွန်းအားဖြစ်ခဲ့ပါတယ်” လို့ Huawei Myanmar ရဲ့ CEO ဖြစ်သူ Mr. Zhang […]

Read More