Day: April 26, 2019

Local
News

4G/LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ရှိဟု တယ်လီနော ထုတ်ပြန်

တယ်လီနောမြန်မာ အနေနဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတစ်ဝန်း LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော် ရှိပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံရဲ့ အကြီး မားဆုံးသော4G/LTE ကွန်ရက်အား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အပြီးမှာ တယ်လီနောမြန်မာ အနေနဲ့ LTE တာဝါတိုင်ပေါင်း ၈၅၆ ခုကို ထပ်မံတည်ဆောက်နိုင်ခဲ့ကြောင်း၊ ဧပြီလအကုန်တွင် LTE တာဝါတိုင်ပေါင်း ၁,၁၀၀ ကျော်အထိ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ လတ်တလောမှာ မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နဲ့ […]

Read More
News
Tech

သုံးစွဲသူတွေရဲ့ profile အသုံးပြုပြီး ကစားရတဲ့ quiz ဂိမ်းတွေကို Facebook တိုက်ဖျက်နေ

Facebook ဟာ အသုံးဝင်မှုနည်းပါးတဲ့ quiz ဂိမ်းတွေလိုမျိုး app တွေကို platform ပေါ်မှာ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို platform ပေါ်လစီကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ Facebook အနေနဲ့ quiz app တွေကို လုံးဝ ပိတ်ပင်သွားဦးမှာ မဟုတ်ဘဲ အလွန်အမင်း တင်းကျပ်သွားမယ်လို့ သိရပါတယ်။ အခုပေါ်လစီသစ် ဒါမှမဟုတ် စံအသစ်ဟာ မတူညီတဲ့ quiz တွေကို ဘယ်လို သုံးသပ်မလဲဆိုတာ Facebook က မပြောကြားထားသေးပါဘူး။ ကုမ္ပဏီရဲ့ ပေါ်လစီတွေအရ app တွေအနေနဲ့ သုံးစွဲသူအတွေ့အကြုံတိုးတက်ဖို့အတွက် အချက်အလက်တွေ တောင်းခံလို့ မရပါဘူး။ Facebook မှာရှိနေတဲ့ personality quiz အများစုမှာ “ Game of Thrones […]

Read More
Article

Yangon ICT Fair (May -2019)

ပြပွဲကျင်းပပြုမည့်ရက် – မေ ၃ ရက် မှ ၅ ရက်အထိ ပြပွဲကျင်းပမည့်နေရာ – ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမ။ ပြပွဲကျင်းပပြုလုပ်မည့်အချိန် – နေ့စဉ် နံနက် ၉ နာရီမှ ည နေ ၆ နာရီအထိ ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီအရေအတွက် – ကုမ္ပဏီပေါင်း ၅၂ ခုမှ ပြခန်းပေါင်း ၁၃၅ ခန်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပမယ့် Yangon ICT Fair (May -2019) ကို မေ ၃ ရက် မှ ၅ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ […]

Read More
Mobile Phone Review
Review

OnePlus 6T

Price : 783,000 Ks (8GB/128GB) အားသာချက် မြန်ဆန်တဲ့ in-display လက်ဗွေစနစ်၊ ကောင်းမွန်တဲ့ ရုပ်ထွက်ပိုင်းအပြင် teardrop notch နဲ့ဖန်တီးထားတဲ့ Screen နဲ့ ကင်မရာပိုင်းတွေ အများကြီး ပိုကောင်းလာတာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အားနည်းချက် နားကြပ်ပေါက်တော့ မပါဝင်သလို ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်ခြင်း မရှိတာကတော့ သူ့ရဲ့အားနည်းချက်လို့ မြင်ပါတယ်။ ဒီဇိုင်းနဲ့ မျက်နှာပြင် ဒီဇိုင်းပိုင်းက ရှေ့နဲ့ကျောဘက်ကို Gorilla Glass 6 နဲ့ အုပ်ထားတာဖြစ်ပြီး Screen ရဲ့ ဘေးဘောင်တွေက တော်တော်လေးကျဉ်းပြီး tear drop Display နဲ့ လက်ဗွေစနစ်ကို Screen ထဲမှာ ထည့်သွင်းထားတဲ့အတွက် ဖုန်းကို မျက်နှာပြင်အပြည့်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမြင်ကွင်းရဲ့ […]

Read More
Android
Download

Digital Yangon

မြို့တော်သာယာလှပစေရန် သင့်ပတ်ဝန်းကျင်ရှိ အမြင်မတော်တာတွေကို အစိုးရအဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်အမတ်များနဲ့ သက်ဆိုင်ရာဌာနတွေကို အလွယ်တကူ သတင်းပေးပို့နိုင်မယ် App ဖြစ်ပါတယ်။ ရေပိုက်ပေါက်ခြင်း၊ ရေဆုံးရှုံးခြင်း၊ အများသူပိုင်နေရာတွင် အမှိုက်ပြစ်ခြင်း၊ ဓာတ်ကြိုးများပြတ်ကျနေခြင်း၊ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲနေခြင်း၊ ယာဉ်အို၊ ယာဉ်ဟောင်း၊ လိုင်စင်မဲ့ယာဉ်များ အများပိုင်လမ်းများပေါ် ရပ်နားထားခြင်း၊ ကားလမ်း၊ လူသွားလမ်း၊ ရေမြောင်းဖုံးများ၊ လမ်းမီးတိုင်များ၊ လမ်းလယ်ကျွန်းများ ပျက်စီးနေမှုကို အလွယ်တကူ ဓာတ်ပုံရိုက်ကာ သတင်းပေးပို့နိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပေးတဲ့ အခြေအနေတွေကိုလည်း App ကတစ်ဆင့် စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Huawei
News

Huawei ရဲ့ EMUI ကို နေ့စဉ်အသုံးပြုသူ သန်း ၄၇၀ ရှိလာ

Huawei ရဲ့ EMUI skin ကို နေ့စဉ်အသုံးပြုသူ သန်း ၄၇၀ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက်အလက်ကို Huawei ကုမ္ပဏီရဲ့ စားသုံးသူလုပ်ငန်းအုပ်စုက software ဥက္ကဋ္ဌဖြစ်သူ ဝမ်ချန်လူက ပြောခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့အကြောင်း EMUI အကြောင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း EMUI တိုးတက်လာတဲ့အကြောင်းကို ဝမ်ချန်လူက ရှင်းလင်းပြောကြားခဲ့ပြီး Huawei စမတ်ဖုန်းရောင်းချမှုတွေကိုလည်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင် EMUI ကို ကမ္ဘ္ဘာပေါ်က နိုင်ငံနဲ့ ဒေသပေါင်း ၂၁၆ ခုအတွင်း ဘာသာစကာ ၇၇ ခုနဲ့ အသုံးပြုနေကြပါတယ်။ နောက်ဆုံးပေါ် EMUI မှာပါဝင်တဲ့ အဓိက feature တွေကိုလည်း ဝမ်က ပြောကြားခဲ့ပါသေးတယ်။ EMUI […]

Read More
News
Xiaomi

အကြမ်းပတမ်းခံနိုင်ရည် စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရရှိခဲ့တဲ့ Xiaomi ရဲ့ Black Shark 2

Xiaomi ရဲ့ဈေးနှုန်းသင့်တင့်တဲ့ gaming စမတ်ဖုန်း Black Shark 2 စမ်းသပ်ထားတဲ့ ဗီဒီယိုတစ်ခုကို JerryRigEverything ကတင်ခဲ့ပါတယ်။ Black Shark 2 ရဲ့အကြမ်းခံနိုင်ရည်ကို ဗီဒီယိုထဲမှာ စမ်းသပ်ခဲ့ပါတယ်။ Xiaom ရဲ့ Black Shark 2 ဟာ အဆင့်မြင့်ကိုယ်ထည် တည်ဆောက်မှုနဲ့ အဆင့်မြင့် hardware ပါဝင်သလို အလွန်အကြမ်းခံတာကိုလည်း တွေ့ရှိရပါတယ်။ Black Shark 2 ရှေ့ဘက်နဲ့ ကျောဘက်က panel အစိတ်အပိုင်းတချို့ကို မှန်ထည်နဲ့ ဖန်တီးထားပေမယ့် ကျန်တဲ့အစိတ်အပိုင်းအားလုံးကို ထိပ်ဘက်မှာ anodize နဲ့အတူ သတ္တုနဲ့ ပြုလုပ်ထားတယ်လို့ စမ်းသပ်တဲ့အဖွဲ့က အတည်ပြုထားပါတယ်။ ဖုန်းကို ခြစ်ရာထင်အောင် ပြုလုပ်ရတာ မလွယ်ကူပေမယ့် အစင်းကြောင်းလေးတွေ ထင်ကျန်ခဲ့ပါတယ်။ ခလုတ်တွေကိုလည်း သတ္တုနဲ့ဖန်တီးထားပါတယ်။ […]

Read More
How To
Web

Ubuntu OS မှာ Vivaldi browser ကို ထည့်သွင်းခြင်း

Ubuntu OS မှာ Vivaldi browser ကို ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Web browser ကို customize လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Ubuntu OS မှာ Powder Player ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Updateတွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get […]

Read More
Game Review
Review

Shovel Knight: Showdown

အခုတစ်ပတ်မှာတော့ ခေတ်ဟောင်းဂိမ်းပုံစံ ဖန်တီးထားတဲ့ တိုက်ခိုက်ရေး ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Shovel Knight ကစားဖူးသူတွေအတွက်တော့ သိပ်မစိမ်းမယ့်ဂိမ်းပါ ပဲ။ ဒါပေမဲ့ Showdown ကတော့ နောက်ဆုံးထွက် Version ပါ။ အခု ဂိမ်းမှာ အားနည်းချက်က ခေတ်ဟောင်းပုံစံ ဖန်တီးထားလို့ လူကြိုက်နည်းနိုင်ပေမယ့် အားသာချက်က Platform အစုံနဲ့ ကစား နိုင်အောင် ထုတ်လုပ်ထားခြင်းပါ။ Wins 10, Mac, Lunox, Wii U, PS3, PS4, Xbox One, Nintendo Switchစတဲ့ စနစ် အား လုံးနဲ့ ကစားနိုင်ပါတယ်။ ဂိမ်းက စမြင်လိုက်တာနဲ့ ဆွဲဆောင်မှု အားနည်းချင်းတယ်၊ ၁၉၉၀ လောက်က ဂိမ်းတွေရဲ့ရုပ်ထွက်နဲ့ ကစားဟန်ဖြစ်နေပေမယ့် တကယ်တမ်းက စားချိန်ရလာတာနဲ့ […]

Read More
Microsoft
News

Microsoft ရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံအထိ ရှိလာ

Microsoft ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံအထိ ရှိလာတဲ့ တတိယမြောက် အမေရိကန်ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။ Microsoft ဟာ တတိယသုံးလပတ် ဝင်ငွေရရှိမှု ဘဏ္ဍာရေးအပိုင်း အလွန်အားကောင်းခဲ့ပြီးနောက် စတော့ရှယ်ယာဈေးနှုန်းတွေ အလွန်အမင်း မြင့်တက်လာတာကြောင့် အခု သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Microsoft ဟာ Google ထက်သာလွန်ပြီး Apple နဲ့ Amazon တို့နဲ့အတူ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံရှိတဲ့ ကုမ္ပဏီဖြစ်လာပါပြီ။ Microsoft ရဲ့စတော့ရှယ်ယာဟာ ဧပြီ ၂၅ ရက်မှာ ရှယ်ယာတစ်ခု ဒေါ်လာ ၁၃၀ နဲ့စတင်ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာတော့ ဒေါ်လာ ၁၂၅ နဲ့ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ Microsoft ဟာ cloud […]

Read More