Day: April 22, 2019

Android
Download

အောင်စာရင်း – Myanmar Exam Result

၁၀ တန်းအောင်စာရင်းကို ဖုန်းထဲကနေ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်တဲ့အတွက် App ကို အသုံးပြုဖို့ ဖုန်းမှာ အင်တာနက်ဖွင့်ထားရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အောင်စာရင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး မိမိ အောင်စာရင်းနဲ့ PDF ဖိုင်ကိုလည်း App ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
News
Samsung

Galaxy A10 နှင့် A20 မော်ဒယ်စမတ်ဖုန်းများကို ပြည်တွင်းမှာ စတင်ရောင်းချ

Samsung Myanmar က ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဖုန်းတွေကို သုံးစွဲလိုသူများအတွက် နောက်ဆုံးပေါ်မျိုးဆက်သစ် Galaxy A Series စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy A10 နှင့် Galaxy A20 ကို ဧပြီ ၂၂ ရက်၊ ယနေ့ ပြည်တွင်းမှာ စတင်မိတ်ဆက် လိုက်ပါတယ်။ Galaxy A10 မှာ ၆.၂ လက်မ HD+ မျက်နှာပြင်ပါဝင်ပြီး သုံးစွဲသူတွေကို အဆုံးအစမဲ့ V မျက်နှာပြင် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် 13MP နောက်ကင်မရာနဲ့ 5MP ရှိ ရှေ့ကင်မရာတွေပါဝင်ပါတယ်။ Exynos 7884 Octa-core Processor နဲ့ RAM 2GB ထည့်သွင်း အသုံးပြုထားပါတယ်။ Internal Storage […]

Read More
Article
More

Samsung Galaxy Fold နဲ့ပတ်သက်ပြီး လူသိနည်းနေသေးတဲ့ အချက် (၁၄) ချက်

Samsung Galaxy Fold နဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စားမယ့် အချက်တွေကို စုဆောင်းပြီး GSMArena က စမ်းသပ် ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်တွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။ Galaxy Fold ဟာ ပထမဆုံးမျိုးဆက် ဖြစ်တဲ့အတွက် ချို့ယွင်းချက်တွေရှိနေပါတယ်။ ဒါပေမဲ့ လက်လီထုတ်ကုန်တွေ ကြိုတင်မှာယူထားသူတွေအတွက် ပြင်ဆင်မှုပြုလုပ်ပေးဖွယ်ရှိပါတယ်။ (၁) Samsung Galaxy Fold တချို့ app တွေအပြင် ဂိမ်းတွေကို landscape ပုံစံမျိုးပဲ ကစားနိုင်ပြီး rotate လုပ်ပြီး အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် ဖုန်းမှာ landscape နဲ့ပတ်သက်ပြီး တိကျတဲ့ preset ရှိပါတယ်။ ဒါပေမဲ့ ထုတ်ကုန်မှာပါဝင်တဲ့ orietation ကြောင့် စပီကာတွေကို အနှောင့်အယှက်မပေးပါဘူး။ (၂) Continuity feature မထောက်ပံ့ထားတဲ့ […]

Read More
News
Tech

Lenovo Z6 Pro မှာ notch display နဲ့ in-dislay fingerprint scanner ပါဝင်လာ

Lenovo Z6 Pro ကို ဧပြီ ၂၃ ရက်မှ စတင် မိတ်ဆက်ဖြစ်ပေမယ့် ဓာတ်ပုံနဲ့ သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ အခုဆိုရင် ဖုန်းကြော်ငြာထွက်ရှိလာပြီး ဖုန်းဒီဇိုင်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Lenovo Z6 Pro မှာ in-display fingerprint ပါဝင်လာတာကို ဗီဒီယိုမှာတွေ့မြင်ရပါတယ်။ ဒါ့အပြင် Lenovo ဟာ ဗီဒီယိုအပြင် Z6 Pro နဲ့ရိုက်ကူးထားတဲ့ နမူနာဓာတ်ပုံတွေကိုလည်း ဖြန့်ချိခဲ့ပါတယ်။ Z6 Pro မှာ Snapdragon 855 SoC, အဓိက sensor 48MP နဲ့ 5G ထောက်ပံ့မှုနဲ့ ဘက်ထရီ 4,000 mAh တို့ ပါဝင်လာတယ်လို့ Lenovo ကအတည်ပြုထားပါတယ်။ အခြား အသေးစိတ် အချက်အလက်တွေကို […]

Read More
News
Tech

နိုင်ငံတွင်းရှိ နေရာပေါင်းများစွာတွင် ဗုံးပေါက်ကွဲအပြီး လူမှုရေးမီဒီယာအသုံးပြုမှုကို သီရိလင်္ကာပိတ်ပင်

သီရိလင်္ကာနိုင်ငံ အီစတာတနင်္ဂနွေနေ့က နေရာပေါင်းများစွာမှာ ဗုံးပေါက်ကွဲမှုအပြီး လူမှုရေးမီဒီယာသုံးစွဲမှုကို ယာယီပိတ်ပင်လိုက်ပါတယ်။ နေရာပေါင်းများစွာမှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အများအပြားရှိပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်းက ရိုမန်ကက်သလစ်ဘုရားကျောင်းနဲ့ ဟိုတယ်တွေမှာ ဗုံးပေါက်ကွဲမှု ၈ ခု ဖြစ်ပွားမှုကြောင့် လူရာပေါင်းများစွာ ဆေးရုံတင်ထားရပြီး လူ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အဲဒီ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ဒေသတွင်းအချိန် နံနက် ၈ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တယ်လို့ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးဖြစ်သူက ပြောထားပါတယ်။ ဗုံးဖောက်ကွဲမှုတွေဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကာ ဘာသာရေးအစွန်းရောက်တွေမှာ တာဝန်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ရူဝမ်ဝီဂျီဒီနီက ပြောကြားထားပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ် ရာနီဝစ်ခ်ရီမီဆင်းက ပြောထားပါတယ်။ ဒါပေမဲ့ ဗုံးပေါက်ကွဲမှုအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ […]

Read More