Day: April 18, 2019

Gadgets

AirPods 2 (2019) with charging case

Motion-detecting accelerometer , Speech-detecting accelerometer တွေကို Dual optical sensors အနေနဲ့ ထည့်သွင်းပေးထားတဲ့ AirPods 2 (2019) with charging case ဖြစ်ပါတယ်။ AirPods 2 (2019)with charging case က Bluetooth တစ်ခါချိတ်ထားပြီးတာနဲ့ ထပ်ချိတ်စရာမလိုတော့ဘဲ နောက်တစ်ကြိမ်အသုံးပြုတဲ့အခါ Charging case ထဲကထုတ်တာနဲ့ Auto connect ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဖုန်းပြောဆိုခြင်းနဲ့ သီချင်းနားထောင်ခြင်းတွေကို သုံးနာရီကနေ ၅ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iPhone, iPad နဲ့ iPod touch တွေက iOS 12.2 နဲ့အထက် Apple Watch တွေက watchOS 5.2 နဲ့အထက် […]

Read More
Android
Download

101 Myanmar Food Recipes ဟင်းချက်နည်းများ ၁ဝဝ +

မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ ထိုင်းအစားအစာ၊ အိန္ဒိယအစားအစာ၊ ဂျပန်အစားအစာ၊ ကိုရီးယားအစားအစာ၊ ဥရောပအစားအစာ စတဲ့ အစားအသောက်ချက်ပြုတ်နည်း ၁ဝဝ ကျော်ကို လေ့လာချက်ပြုတ်နိုင်မယ့် App ဖြစ်ပါတယ်။ ချက်နည်းပြုတ်နည်းတွေကို ကဏ္ဍအလိုက်ခွဲခြားပေးထားပြီး App ကို Android version 4.3 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More
Article
More

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android app (၁၅) ခု

အခုစာရင်းမှာ အကောင်းဆုံး Android app တွေကို စုစည်းထားပါတယ်။ အခု app တွေကို Android ထုတ်ကုန်တွေမှာ အများဆုံးသုံးစွဲကြပြီး အရည်အသွေးကောင်းတဲ့ app တွေရှာဖွေသူတွေအတွက် အလွန်သင့်တော်ပါတယ်။ အခု app တွေက Android သုံးစွဲသူတွေအတွက် အလွန်အသုံးဝင်မှာဖြစ်တဲ့အတွက် လူတိုင်းအသုံးပြုနိုင်ပါတယ်။ 1Weather ဈေးနှုန်း- အခမဲ့/ ၁.၉၉ဒေါ်လာ 1Weather ဟာ အကောင်းဆုံး ရာသီဥတုဆိုင်ရာ app ဖြစ်ပါတယ်။ လက်ရှိ ရာသီဥတုအခြေအနေ၊ ရေဒါနဲ့ အခြား ပျော်စရာအချက်အလက်တွေအပြင် ၁၂ ပတ်အထိ ရာသီဥတုခန့်မှန်းချက်ကို ဖော်ပြပေးပါတယ်။ သုံးစွဲသူအနေနဲ့ ပေါ့ပါးတဲ့ widget တွေနဲ့ ရာသီဥတုသတိပေးချက်နဲ့ ရေဒါတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာမယ့် မုန်တိုင်းတွေကိုလည်း သတိပြုမိမှာပါ။ Bouncer […]

Read More
News
Tech

Galaxy Fold မျက်နှာပြင် ပျက်စီးမှုတွေအပေါ် Samsung ပြန်လည်တုံ့ပြန်ခဲ့

Samsung ဟာ အသစ်ထွက်ရှိမယ့် Galaxy Fold ကို သုံးသပ်ချက်ရေးဖို့ မီဒီယာတွေဆီ ဖြန့်ချိထားတဲ့ ထုတ်ကုန်ဟာ display ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ Samsung အနေနဲ့ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ကွဲကြေသွားတဲ့ screen တွေကို စစ်ဆေးလိုနေပါတယ်။ သုံးသပ်ချက်ရေးသူ The Verge မှာရှိတဲ့ Galaxy Fold ထုတ်ကုန်တွေဟာ screen နဲ့ ပတ္တာအကြားအတွင်း အဖုတွေဖြစ်ပေါ်နေပြီး နောက်ဆုံးမှာ မျက်နှာပြင်ကွဲကြေတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် အခုလို ဖြစ်ပေါ်ရသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Samsung က သီးခြားရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ Galaxy Fold ထုတ်ကုန် အပေါ် သုံးသပ်ချက်ရေးမယ့်သူတွေဟာ screen မှာကပ်ထားတဲ့ protective […]

Read More
Gadgets

ACER Aspire 3 A315(i3) Notebook

စွမ်းဆောင်ရည် အသင့်အတင့်ရှိပြီး ဈေးနှုန်းချိုသာတဲ့ ACER အမှတ်တံဆိပ် Aspire 3 A315 (i3) မော်ဒယ် Notebook PC ဖြစ်ပါတယ်။ 8th Intel Core i3 (8th Gen) 8130U / 2.2 GHz CPU နဲ့ RAM ပိုင်းအတွက် 4GB DDR4 ထောက်ပံ့ပေးထားပါတယ်။ Graphic ပိုင်းအတွက် NVIDIA GeForce MX130 2GB DDR5 ထည့်သွင်း အသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1TB HDD ပါဝင်ပါတယ်။ ၁၅.၆ လက်မအရွယ်အစား IPS HD Acer Comfy View LED Display ကိုအသုံးပြုထားတဲ့အတွက် နေရာမရွေး […]

Read More
News
Tech

Huawei Mate 20 X 5G မော်ဒယ်မှာ သေးငယ်တဲ့ဘက်ထရီ ပါဝင်လာနိုင်

Huawei ဟာ Mate 20 X 5G ဗားရှင်းစမတ်ဖုန်းကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမဲ့ Mate 20 X ဟာ 5G ကွန်ရက်အသုံးပြုနိုင်ဖို့ hardware ပိုင်းကို အပြောင်းအလဲ လုပ်ထားတယ်လို့သိရပါတယ်။ Mate 20 X 5G မှာ အလွန်ကြီးမားတဲ့ ၇.၂ လက်မ display နဲ့အတူ ဘက်ထရီပမာဏ 4,200 mAh ပါဝင်လာနိုင်ပါတယ်။ ဘက်ထရီကတော့ Mate 20 X မှာပါဝင်တဲ့ 5,000 mAh သေးငယ်မယ်လို့ သိရပါတယ်။ Mate 20 X 5G မှာ Huawei က နည်းပညာဖြစ်တဲ့ 40W SuperCharge အားသွင်းစနစ် […]

Read More
Local
News

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် လွှင့်တင်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.tourism.gov.mm ကို လွှင့်တင်လိုက် တယ်လို့ သိရပါတယ်။ ၀က်ဘ်ဆိုက်ကို မြန်မာနိုင်ငံရဲ့ အခြေအနေမှန်အား ကမ္ဘာကသိရှိစေရန် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အရေအတွက် ပိုမိုတိုးတက်စေရန်၊ မြန်မာနိုင်ငံရဲ့ ထူးခြားလှပတဲ့ ခရီးစဉ်ဒေသများ၊ ပွဲတော်များအကြောင်းကို ပိုမို သိရှိနိုင်ရန်၊ ဖုံးကွယ်တိမ်မြုပ်နေသော နိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သမားရိုးကျ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းများအပြင် ၂၁ ရာစု ခေတ်နှင့်လိုက်လျောညီထွေစွာ အွန်လိုင်းအသုံးပြု ဈေးကွက်မြှင့်တင်နိုင်ရန် အတွက် ထူထောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ခရီးစဉ်ဒေသတွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်များ၊ သတင်းဓာတ်ပုံများ ၊ တွေ့ဆုံမေးမြန်းခန်းများ စတဲ့ သတင်းမီဒီယာပုံစံ အကြောင်းအရာအမျိုးမျိုးကို ထည့်သွင်းဖော်ပြပေးမှာ ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ်များ၊ ကုန်ကျစရိတ်များ၊ ဗီဇာကိစ္စများကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ၀က်ဘ်ဆိုက်လွှင့်တင်ခြင်း အခမ်းအနားကို ဧပြီ ၁၀ ရက်၊ […]

Read More
Local
News

Grab မှ Marvel Studios’ Avengers: Endgame ကမ်ပိန်းပြုလုပ်

Grab သုံးစွဲသူတွေအတွက် Marvel Studios’ Avengers: Endgame ကမ်ပိန်းကို ဧပြီ ၁၈ ရက်ကနေ မေလ ၅ ရက်အထိ ပြုလုပ်လိုက်ပါတယ်။ Marvel Studios’ Avengers: Endgame ကမ်ပိန်းမှာ Marvel Studios’ Avengers: Endgame ကြည့်ဖို့ ရုပ်ရှင်လက်မှတ်တွေ၊ Grab ရဲ့ အထူးသီးသန့် VIP ပွဲမှာ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အခွင့်အရေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကမ်ပိန်းမှာ Grab Taxi တွေနဲ့ မိတ်ဖက်ယာဉ်မောင်းတချို့ကို လမ်းပေါ်မှာ နေ့စဉ် အဆင်မပြေမှုပြဿနာတွေကို ကူညီတွန်းလှန်ပေးမယ့် စူပါသူရဲကောင်းတွေ အဖြစ် တွေ့ရမှာဖြစ်သလို ယာဉ်တွေကိုလည်း စူပါဟီးရိုးတွေရဲ့ ပုံရိပ်တွေ၊ ဂျက်ကက်၊ ဦးထုပ်စတဲ့ ဝတ်စုံပြည့်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ကမ်ပိန်းနဲ့ပတ်သက်တဲ့ […]

Read More
News
Tech

Google Pixel 3 မှာ အနမ်းခြွေလိုက်ရုံနဲ့ အလိုအလျောက် selfie ရိုက်ပေးနိုင်မယ့် feature ပါဝင်လာ

Google ဟာ Pixel 3 ဖုန်းကို ၂၀၁၈ ခုနှစ်အတွင်း မိတ်ဆက်ခဲ့ပါတယ်။ Pixel 3 ရဲ့ကင်မရာဟာ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ selfie ဓာတ်ပုံရိုက်ကူးတဲ့အခါ အနမ်းခြွေရုံနဲ့ အလိုအလျောက် ရိုက်ကူးပေးမယ့် shutter-free Photobooth mode ကိုထောက်ပံ့ပေးသွားမယ်လို့ Google က ထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုဆိုရင် Google ဟာ ကင်မရာကို တည်ငြိမ်စွာထားပြီး မျက်လုံး၊ အမူအရာ အမျိုးမျိုးအတိုင်း ဓာတ်ပုံရိုက်ကူးပေးနိုင်တဲ့ Photobooth ရဲ့ mode သစ်တစ်မျိုးကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Google ဟာ မျက်နှာအမူအရာတွေကို မှတ်မိစေဖို့ AI ကိုလေ့ကျင့်ပေးခဲ့ပြီး Google Clip တွေအတွက် Image Conten Model (ICM) မျိုးကွဲများစွာ အသုံးပြုခဲ့ပါတယ်။ […]

Read More
Education

Global MBA Offshore Program သင်တန်းအတွက် လျှောက်လွှာများခေါ်ယူ

Global MBA Offshore Program သင်တန်းအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ ကုန်သည်စက်မှု အသင်းမှ သိရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါ တယ်။ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ဖွင့်လှစ်မှာဖြစ်ပါတယ်။ Global MBA Program မှာ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce(UTCC) မှာ သင်ပြနေတဲ့ နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများ၊ အမေရိကန်တက္ကသိုလ်များမှ ပါရဂူဘွဲ့ထိုင်းပါမောက္ခများ ပူးပေါင်း သင်ကြားပို့ချတဲ့ မဟာဘွဲ့ သင်တန်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ […]

Read More