Day: April 4, 2019

News
Tech

အရွယ်သေးငယ်တဲ့ Galaxy Note10 ကိုထုတ်လုပ်ဖို့ Samsung ပြင်ဆင်

Samsung ဟာ အရွယ်ပိုမိုသေးငယ်တဲ့ Galaxy Note10 ကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ အဲဒီဖုန်းဟာ Samsung Galaxy S10e နေရာဆက်ခံမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အစောပိုင်းထွက်ရှိခဲ့တဲ့ Samsung Galaxy flagship တွေကို မီဒီယာတွေက ချီးကျူးကြပြီး သုံးစွဲသူတွေက နှစ်သက်ခဲ့ကြပါတယ်။ အသစ်ထွက်ရှိမယ့် Galaxy Note10 က ၆.၇ လက်မ display ပါဝင်လာနိုင်ပါတယ်။ ပိုမိုသေးငယ်တဲ့ Galaxy Note 10 ကြိုက်နှစ်သက်သူတွေရှိပြီး Galaxy Note9 ရဲ့ ထောင့်ဖြတ်မျဉ်း ၆.၄ လက်မရှိပြီး ဘေးဘောင်တွေ သေးငယ်ဖွယ်ရှိပါတယ်။ Samsung အနေနဲ့ supply ထောက်ပံ့သူတွေဆီ အစိတ်အပိုင်းတွေကို ရယူပြီး တပ်ဆင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ Samsung […]

Read More
Apple
News

၂၀၂၁ ခုနှစ်မှပဲ ထွက်ရှိလာနိုင်တဲ့ iPhone 5G

iPhone 5G ဖုန်းဟာ ထောက်ပံ့မှုဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှပဲ ထွက်ရှိလာနိုင်ဖွယ်ရှိတယ်လို့ UBS လေ့လာဆန်းစစ်သူ တီမိုသီအာကူရီက ပြောခဲ့ပါတယ်။ Apple ဟာ Qualcomm နဲ့ တရားရင်ဆိုင်နေရပြီး ကုမ္ပဏီက လိုအပ်တဲ့ 5G modem တွေကို Intel က ထောက်ပံ့နိုင်ဖွယ် မရှိပါဘူး။ MediaTek လိုမျိုး ထောက်ပံ့သူတွေဆီက 5G modem တွေရရှိဖို့ဆိုတာ ဖြစ်နိုင်ဖွယ်မရှိတဲ့ ဖြေရှင်းနည်းလို့ အာကူရီက မှတ်စုမှာ ရေးသားခဲ့ပါတယ်။ အာကူရီရဲ့ သုံးသပ်ချက်သာ မှန်ကန်ခဲ့မယ်ဆိုရင် Apple အတွက် အထိနာစရာဖြစ်လာမျာပါ။ iPhone ရောင်းချမှု လျော့ကျနေချိန်မှာ iPhone 5G တွေက iPhone ရောင်းအားကို ပြန်တက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ 5G အသုံးပြုမှု […]

Read More
Education
News

(၁၃) ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ကျင်းပတော့မည်မဟုတ်

၂၀၁၉ ခုနှစ်မှာ (၁၃) ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ကျင်းပဖို့ မရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းထုတ်ပြန်ထားပါတယ်။ HRD-Korea မှ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လုပ်သားခေါ်ယူမှု အောင်မြင်မှု အရေအတွက်ကို ယခင်နှစ်တွေထက် ထက်ဝက်လျှော့ချခေါ်ယူမှာဖြစ်တယ်လို့ ညှိနှိုင်းအကြောင်းကြားထား ကြောင်း သိရပါတယ်။ စာမေးပွဲကျင်းပပါက ဖြေဆိုမယ့်ဦးရေနဲ့ နှိုင်းယှဉ်ရင် အောင်မြင်နိုင်မယ့်လူဦးရေ နည်းပါးတဲ့အတွက် (၁၃) ကြိမ် မြောက် EPS-TOPIK ကိုရီးယားဘာသာအရည်းအချင်းစစ် စာမေးပွဲကို ယခုလို မကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။ -သန္တာ

Read More
Local
News

ပြည်တွင်း အသေးစားအလတ်စား လုပ်ငန်းများအတွက် SME Ecosystem ဝန်ဆောင်မှုပေးသွားမည်

ပြည်တွင်း အသေးစားအလတ်စား လုပ်ငန်းတွေအတွက် ဒီဂျစ်တယ်နဲ့ အိုင်စီတီဝန်ဆောင်မှုပါဝင်တဲ့ SME Ecosystem ဝန်ဆောင်မှုကို စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုကို Mytel နဲ့ Blue Ocean Business Service ကုမ္ပဏီတို့ပူးပေါင်းကာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ “SME Ecosytem မှာ အဓိကဝန်ဆောင်မှု အပိုင်းသုံးခု ပါဝင်ပါတယ်၊ Products အနေနဲ့လည်း ၁၅ ခုပါဝင်သွားမှာပါ၊ မိုဘိုင်းဝန်ဆောင်မှုမှာတော့ ကုမ္ပဏီတွေကိုရည်ရွယ်ပြီးတော့ လုပ်ငန်းသုံး B2B Sim တွေ၊ Customer Engagement ပိုကောင်းတဲ့ နိုင်ငံပေါင်း ၆၀ ကျော်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ Star Phone ဝန်ဆောင်မှုတွေ ပါဝင်ပါသွားမှာပါ” လို့ Blue Ocean Business Service – BOBS […]

Read More
Local
News

Mytel မှ eSim ဝန်ဆောင်မှုကို ယခုလအတွင်း စတင်မည်

eSim ဝန်ဆောင်မှုကို ယခုလအတွင်း စတင်သွားမှာဖြစ်တယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။ “eSim ဝန်ဆောင်မှုကို လာမယ့် ဧပြီ ၇ ရက်မှာ စတင် အသုံးပြုနိုင်ဖို့လုပ်သွားမှာပါ၊ ဒီဝန်ဆောင်မှုကို ရယူလိုသူ တွေ အနေနဲ့ eSim စနစ် အထောက်အပံ့ပါဝင်တဲ့ Device တွေမှာပဲအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ Device တွေမှာ ဒီစနစ်ပါခဲ့ရင် Mytel အရောင်းဆိုင်တွေမှာ eSim ဝန်ဆောင်မှုကိုရယူနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ eSim ဆိုသည်မှာ ဆင်းမ်ကတ်အသုံးပြုစရာ မလိုဘဲ eSIM ကနေတစ်ဆင့် ဆက်သွယ်ရေးဝန်ဆောင်မှု အကြောင်းအရာတွေကို သုံးစွဲသူတွေရဲ့မိုဘိုင်းဖုန်းထဲကို ဖော်ပြပေးမှာဖြစ်ကြောင်း၊ အဆိုပါဝန်ဆောင်မှု ရယူမှုအတွက် အခကြေးပေးရန်မလိုကြောင်းလည်း ဦးဇော်မင်းဦးက ဆက်လက်ပြောခဲ့ပါတယ်။ -အောင်သက်ကို

Read More
Local
News

နိုင်ငံ ၁၂ နိုင်ငံ ဖုန်းခေါ်ဆိုမှုအတွက် ပြည်တွင်းနှုန်းထားအတိုင်း ကောက်ခံမည်

ပြည်တွင်းကနေ နိုင်ငံ ၁၂ နိုင်ငံကိုဖုန်းခေါ်ဆိုရာမှာ ပြည်တွင်းဖုန်းခေါ်ဆိုတဲ့ နှုန်းထားအတိုင်း ကောက်ခံသွားမှာ ဖြစ်ကြောင်း Mytel က သတင်းထုတ်ပြန်လိုက်ပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ စင်္ကာပှု၊ တောင်ကိုးရီးယားနဲ့ အမေရိကန်ပြည်ထောင်စုက Mytel အသုံးပြုသူအချင်းချင်း နိုင်ငံရပ်ခြားဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ထိုင်းနိုင်ငံကို ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၄၀ ကျပ် ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။ “မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေနဲ့ ပြည်ပခရီးစဉ်သွားရောက်သူတွေကြား ဆက်သွယ်ရေးက အဓိကကျပါတယ်၊ ဒီလိုပဲ နိုင်ငံရပ်ခြားကို မကြာခဏ ဖုန်းခေါ်ဆိုသူတွေလည်း ပိုမိုများပြားလာတာကို သတိထားမိပါတယ်၊ မကြာခဏ ပြည်ပသွားရောက်မှုများကြောင့် လူမှုအသိုင်းအဝိုင်းမှာလည်း ပိုတွင်ကျယ်လာပါတယ်၊ အဲ့ဒါကြောင့် အသက်သာဆုံး နှုန်းထားတွေနဲ့ နိုင်ငံတကာ […]

Read More
News
Security

အများပြည်သူပိုင် Amazon ဆာဗာက Facebook မှတ်တမ်း သန်းပေါင်းများစွာ ပေါက်ကြားခဲ့

အများပြည်သူပိုင် ဆာဗာထဲက Facebook မှတ်တမ်း သန်း ၅၄၀ ကျော်ပါဝင်တဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ UpGuard ကလုံခြုံရေးသုတေသီတွေက ပြောခဲ့ပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ လူတွေရဲ့ မှတ်ချက်တွေ၊ like တွေ၊ နာမည်တွေနဲ့ Facebook ID တွေ ပါဝင်လာပါတယ်။ အဲဒီ အချက်အလက်တွေကို third-party Facebook app ၂ ခုက စုစည်းထားတာပါ။ “Facebook ပေါ်လစီတွေက အများပြည်သူ database အတွင်းမှာ Facebook သတင်းအချက်အလက်တွေ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။ ပြဿနာတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးတဲ့နောက်မှာတော့ database တွေ ဖြုတ်ချဖို့ Amazon နဲ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ လူတွေရဲ့ အချက်အလက်ကို ကာကွယ်ဖို့ ကျွန်တော်တို့ ပလက်ဖောင်းပေါ်က developer တွေနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” […]

Read More
Local
News

CLMV နိုင်ငံများအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒနှင့် သံတမန်ရေးရာ အလုပ်ရုံဆွေးနွေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ICT for Peace Foundation တို့ ပူးပေါင်းကျင်းပတဲ့ CLMV နိုင်ငံများအတွက် (၄) ကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒနှင့် သံတမန်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ (Fourth Senior Level Workshop on International Cybersecurity Policy and Diplomacy for CLMV Countries) ကို ဧပြီ ၄ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel မှာ ကျင်းပခဲ့တယ်လို့ mm-CERT ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် CLMV နိုင်ငံများအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာနိုင်ပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အတွေ့အကြုံတွေနဲ့ မူဝါဒများကို သိရှိနားလည်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ […]

Read More
News
Tech

Google Duplex ကို Pixel မဟုတ်တဲ့ ထုတ်ကုန်တွေအပြင် iOS ထုတ်ကုန်တွေဆီ ဖြန့်ချိ

Google Assistant အကူအညီနဲ့ စားသောက်ဆိုင်တွေမှာ စားပွဲ ကြိုတင်မှာနိုင်တဲ့ Google Duplex feature ကို အမေရိကန်အတွင်းမှာ Pixel မဟုတ်တဲ့ထုတ်ကုန်တွေနဲ့ iOS ထုတ်ကုန်တွေဆီ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Google Duplex ကိုထုတ်ကုန်တွေဆီ တဖြည်းဖြည်းဖြန့်ချိနေပါတယ်။ Google Duplex ကို I/O 2018 မှာမိတ်ဆက်ပြသခဲ့ပြီး သုံးစွဲသူကိုယ်တိုင်က ဖုန်းခေါ်ပြီး ချိန်းဆိုမှုတွေနဲ့ စားပွဲ မှာယူမှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Duplex ဟာ Google ရဲ့ AI ကိုအသုံးပြုပြီး သုံးစွဲသူအတွက် လူတစ်ယောက်လိုမျိုး စကားပြောဆိုပေးနိုင်ပါတယ်။ Duplex ကို အမေရိကန်နိုင်ငံအတွင်းက မြို့တချို့မှာ ဖြန့်ချိလိုက်ပြီး နယူးယောက်စီးတီးနဲ့ ဆန်ဖရန်စစ္စကို လိုမျိုး မြို့တွေမှာ Pixel ထုတ်ကုန်တွေဆီမှာပဲ အသုံးပြုနိုင်ပါသေးတယ်။ Duplex […]

Read More
Education
News

မုံရွာစီးပွားရေးတက္ကသိုလ် မှ MBA, MPA သင်တန်းများ ဇွန်လတွင်ဖွင့်မည်

မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ MBA နဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ MPA သင်တန်းတွေကို ဇွန်လမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေ၊ MPA သင်တန်းအတွက် လုပ်ငန်း အတွေ့အကြုံ ၂ နှစ်ရှိသူ၊ MBA သင်တန်းအတွက် စီးပွားရေးလုပ်ငန်းတွေမှာ စီမံခန့်ခွဲမှု အဆင့်အလိုက် လုပ်ကိုင်နေသူတွေနဲ့ MPA သင်တန်းအတွက် ဌာနဆိုင်ရာနဲ့ လူမှု/စီးပွားရေး အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာအဖွဲ့အစည်းတွေက ၀န်ထမ်းတွေကို ဦးစားပေးမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို MPA သင်တန်းအတွက် မုံရွာစီးပွားရေးတက္ကသိုလ် ဘောဂဗေဒဌာနမှာလည်းကောင်း၊ MBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာနမှာလည်းကောင်း ဧပြီ ၂၃ ရက် မှ မေ ၁၄ ရက်အထိ ၀ယ်ယူ လျှောက်ထားနိုင်ပါတယ်။ MBA သင်တန်းအတွက် […]

Read More