Day: April 3, 2019

ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့သင်တန်းများ အတွက် ဝင်ခွင့်ခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းများ အတွက် ဝင်ခွင့်ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။ ပါရဂူဘွဲ့ သင်တန်းတွေဖြစ်တဲ့ Ph.D (IT), Ph.D(EcE), Ph.D(Materials&Met) ကို ဇွန်လမှာ ဖွင့်လှစ်သွား မယ်လို့ သိရပါတယ်။ သင်တန်းကို နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များမှ M.E (IST,CE, IT, EcE, EC, Mat&Met, Met&Mat) နဲ့ M.C.Sc, M.C.Tech ဘွဲ့များရရှိပြီး အဆင့်မြင့်အောင်မြင်ထားသူများ လျှောက်ထားနိုင်သလို ဝန်ထမ်းဖြစ်ပါက ဦးစီးဌာနများမှ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး အထက်ပါ မဟာအင်ဂျင်နီယာ၊ မဟာကွန်ပျူတာသိပ္ပံ၊ မဟာကွန်ပျူတာနည်းပညာဘွဲ့ရ ဝန်ထမ်းများ ဝင်ခွင့် ဝင်ရောက်ဖြေဆို နိုင်တယ်လို့ သိရပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနအကြီးအကဲထောက်ခံချက် နဲ့တွဲ၍လည်းကောင်း၊ ပုံမှန်ကျောင်းသား ကျောင်းသူတွေအနေနဲ့ အဆင့်မြင့်အောင်မြင်ကြောင်း အထောက် […]

Read More

Infinity Display နည်းပညာ

Infinity Display ဆိုတာကတော့ Samsung ကနေ ၂ဝ၁၇ ခုနှစ်က ၎င်းတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းတွေမှာ စတင်အသုံးပြုခဲ့တဲ့ Display နည်းပညာသစ် ဖြစ်ပါတယ်။ ဒီနည်းပညာကို Bezel less display လို့လည်း သုံးနှုန်းပါတယ်။ ဒီ Display ရဲ့ မြင့်မားကောင်းမွန်တဲ့ မျက်နှာပြင်အချိုးအစား screen-to-body ratio က ဖုန်း မျက်နှာပြင် screen ပတ်လည်ဘောင်တွေ လုံးဝနီးပါးမရှိတော့တဲ့ အချိုးအစားဖြစ်ပါတယ်။ ဒီ Display နည်းပညာက ဖုန်းသုံးစွဲသူတွေကို လက်ထဲမှာ ဖုန်းကိုယ်ထည်ကို ကိုင်တွယ်အသုံးပြုရတာထက် ဘောင်မရှိတဲ့ Screen တစ် ခုကို ကိုင်တွယ်အသုံးပြုရသလို ခံစားရစေမှာ ဖြစ်ပါတယ်။ Infinity Display မဟုတ်တဲ့ […]

Read More

Google Inbox ထောက်ပံ့မှုကို ရပ်ဆိုင်း

Google ဟာ ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့တဲ့ email client တစ်ခုဖြစ်တဲ့ Inbox ကို တရားဝင်ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ Google ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း Inbox ကိုစတင်ပိတ်သိမ်းနေပြီး Gmail ကိုပဲ အပြည့်အဝ အာရုံစိုက်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Google Inbox ကို ဖုန်းနဲ့ desktop မှာဖွင့်တဲ့အခါ သတိပေးချက်တွေ တက်လာမှာ ဖြစ်ပါတယ်။ လအနည်းငယ်အတွင်း folding Inbox feature တွေကို Gmail မှာထည့်သွင်းထားတဲ့အတွက် Google ထုတ်ကုန်ကိုပဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သုံးစွဲသူက အခြားဝန်ဆောင်မှုအဖြစ် Spark ကိုအသုံးပြုနိုင်ပါတယ်။ Spark ကို Android အတွက်ဖြန့်ချိထားပြီး Gmail, iCloud, […]

Read More

MM_KG_Song (Myanmar KG Application)

သူငယ်တန်းအတွက် သင်ထောက်ကူ တေးကဗျာ ၆၄ ပုဒ်ပါဝင်တဲ့ App ဖြစ်ပါတယ်။ မိမိသင်ကြားပေးလိုတဲ့ တေးကဗျာကို အလွယ်တကူ ရွေးချယ်သင်ကြားပေးနိုင်မှာဖြစ်ပြီး အသံထွက်ပုံစံ ၆ မျိုး ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် app ကို အသုံးပြုရလွယ်ကူအောင် ဖန်တီးထားပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ဒီဇိုင်းသစ် punch hole display နဲ့အတူ ပွဲထွက်လာတဲ့ Nokia X71

HMD Global ဟာ ထိုင်ဝမ်မှာ Nokia 9 PureView နဲ့အတူ Nokia X71 ကို မိတ်ဆက်သွားခဲ့ပါတယ်။ Nokia X71 ဟာ punch hole display ပါဝင်တဲ့ ပထမဆုံး Nokia အမှတ်တံဆိပ်ထုတ်ကုန် ဖြစ်ပါတယ်။ Nokia X71 မှာ ၆.၃၉ လက်မ FHD+ display နဲ့ screen to body အချိုးအစားက ၉၃ ရာခိုင်နှုန်းရှိပြီး punch hole မှာ 16MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Snapdraong 660 နဲ့ RAM 6GB နဲ့ storage 128GB အပြင် microSD […]

Read More

Advance Survey Training (78/2019) NPT ဖွင့်လှစ်မည်

အဆောက်အဦ၊ လမ်းတံတားနဲ့ မြေတိုင်းထွာမှုအတွက် Advance Survey Training (78/2019) NPT ကို နေပြည်တော်တွင် ဧပြီ ၂၂ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ မြေတိုင်းလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူများ၊ မြေတိုင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများအတွက် အခြေခံမှစပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်စေဖို့ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို ဧပြီ ၂၂ ရက်မှ မေ ၁၅ ရက်အထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ သင်ခန်းစာတွေကတော့ GPS Basic, Downloading from GPS DATA, Basic Surveying, Introduction to Theodolite, Introduction to Total station, Total Station Insturment Setup, Outdoor […]

Read More

အိန္ဒိယမှာ iPhone 7 ကို Apple စတင်ထုတ်လုပ်

Apple ဟာ အိန္ဒိယနိုင်ငံအတွင်း ဈေးကွက်ဝေစုတချို့ရရှိဖို့ iPhone 6s နဲ့ iPhone SE လိုမျိုး ထုတ်ကုန်တွေကို ထုတ်လုပ်နေပါတယ်။ အိန္ဒိယရဲ့ ဒေသတွင်း ထုတ်လုပ်သူ Wistron ဟာ “Make in India” အစီအစဉ်အဖြစ် iPhone 7 ထုတ်လုပ်မှုကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။ Apple ဟာ အိန္ဒိယမှာ ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ iPhone 7 ကို ဒေါ်လာ ၅၅၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး ရောင်းချမှုနဲ့ ဈေးကွက်ရှာဖွေရေးကို အပြင်းအထန် ပြုလုပ်ဖွယ်ရှိပါတယ်။ Wistron ဟာ ဘန်ဂယ်လူရှု အာဏာပိုင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ ဒေါ်လာ ၇၂၂ သန်း ရင်းနှီးမြှုပ်နှံမှုအစိတ်အပိုင်းအဖြစ် အခုထုတ်လုပ်မှုကို တိုးချဲ့လိုက်တာ […]

Read More

Lenovo ThinkPad P52

တန်ဖိုး – ကန်ဒေါ်လာ ၃၆၃၉ အားသာချက် 4K Display က သဘောကျစရာကောင်းလှသလို စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ကောင်းမှုနဲ့ ကမ္ဘာ့အဆင့် ကီးဘုတ်တွေက တော်တော်လေးမိုက်ပါတယ်။ ပရီမီယံ ကိုယ်ထည်ဒီဇိုင်းက အကြမ်းခံနိုင်မှုရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် 4K Display အသုံးပြုထားတဲ့အတွက် ဘက်ထရီနဲ့တော့ အချိန်ကြာကြာ အသုံးပြုမှုနိုင်မှာမဟုတ်သလို ကြီးမားလေးလံပြီး ဈေးကြီးတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် Lenovo ThinkPad P52 က စီးပွားရေးလုပ်ငန်းသုံးအတွက် ရည်ရွယ်ဖန်တီးထားတဲ့ စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ကောင်းမွန်တဲ့ ၁၅.၆ လက်မ အရွယ်အစား Laptop တစ်လုံးပါ။ 3D ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်သလို 4K […]

Read More

Google+ လူမှုကွန်ရက်ကို Google စတင်ပိတ်သိမ်း

Google ဟာ Google+ လူမှုကွန်ရက်ပေါ်က သုံးစွဲသူ account အားလုံးကိုဖျက်ကာ ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။ Google+ ဟာ Facebook နဲ့ Twitter တို့နဲ့ ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ “ဝန်ဆောင်မှုကို စတင်ပိတ်သိမ်းနေပြီ” လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ Google+ ဟာ Google အတွက်လုံခြုံရေးပိုင်းနဲ့ အသုံးပြုမှု နည်းပါးလာမှုကြောင့် ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ Google ဟာ developer မပါဝင်ဘဲ Google+ သုံးစွဲသူ ၁၀ သန်းရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဖြစ်ရပ်၂ ခုကို ထုတ်ဖော်ပြောကြားထားပါတယ်။ ပထမဆုံး ပေါက်ကြားမှုကို လပေါင်းများစွာ လျှို့ဝှက်ထားခဲ့ပြီးနောက် Google+ ဝန်ဆောင်မှုကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ ဖြစ်ရပ်လည်း စြဖ်ပါတယ်။ […]

Read More

Ongo အက်ပလီကေးရှင်းတွင် မော်တော်ဆိုင်ကယ်ငှားရမ်းခြင်း ဝယ်ယူခြင်း ပြုလုပ်နိုင်

မြန်မာနိုင်ငံမှာ ဆိုင်ကယ်ဝယ်ယူလိုသူတွေအတွက် အဆင်ပြေစေမယ့် အငှားဝန်ဆောင်မှုတွေကို ပံ့ပိုးပေးသော ကုမ္ပဏီဖြစ်တဲ့ Rent2Own B2B နဲ့ ဒီဂျစ်တယ်ငွေပေးချေခြင်း ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Ongo တို့အနေနဲ့ မြန်မာနိုင်ငံတွင်း ဒေသ ၉ ခုရှိ အသုံးပြုသူတွေ Ongo အက်ပလီကေးရှင်းနဲ့ ကိုယ်စားလှယ်များမှတစ်ဆင့် မော်တော်ဆိုင်ကယ်များကို ငှားရမ်းခြင်းမှ ဝယ်ယူနိုင်ခြင်းအထိ ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘောတူညီချက်တစ်စောင်ကို မတ် ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ “Rent2Own က လူနေမှုဘဝတွေ ပိုပြီး လွယ်ကူအဆင်ပြေလာအောင် ကူညီပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ စာချုပ်တွေက သုံးစွဲသူတွေရဲ့သဘောအလိုက် ချိန်ညှိပြင်ဆင်နိုင်လို့ ဝန်ဆောင်မှု အသုံးပြုတဲ့သူတွေရဲ့ သွားရေးလာရေးတွေ ပိုလွယ်ကူလာပြီး ပိုအရေးကြီးတဲ့ အရာတွေဖြစ်တဲ့ မိသားစုဝင်ငွေရှာဖွေရေးမှာ ပိုအာရုံ စိုက်လာနိုင်မှာပါ” လို့ Rent2Own ရဲ့ CEO […]

Read More