Day: March 6, 2019

DOCA Myanmar

[ Zawgyi ] စာသုံးသူရေးရာ ဦးစီးဌာနရဲ့ တရားဝင် မိုဘိုင်း App ဖြစ်ပါတယ်။ ဌာနအကြောင်း၊ စာသုံးသူရေးရာဗဟိုကော်မတီ၊ စာသုံးသူများ၊ လုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းသတိပေးချက်၊ အမေး-အဖြေကဏ္ဍ၊ သတင်းနှင့် လှုပ်ရှားမှုများ၊ CICC လိပ်စာ၊ စာသုံးသူဥပဒေစတဲ့ ကဏ္ဍအလိုက် လေ့လာနိုင်အောင် ပြုလုပ်ထားပြီး App ကို အင်္ဂလိပ်-မြန်မာ ဘာသာနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး စာသုံးသူတွေအနေနဲ့ App ကတစ်ဆင့် တိုင်ကြားနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] စာသုံးသူရေးရာ ဦးစီးဌာနရဲ့ […]

Read More

Visa Myanmar ၏ Country Manager ပြောင်းလဲခန့်အပ်

[ Zawgyi ] Visa Myanmar အနေနဲ့ မြန်မာနိုင်ငံအတွက် Country Manager ကို Lillian Wang ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ယခင် Mr. Arturo Planell ရဲ့ နေရာမှာ Lillian Wang ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဒီဂျစ်တယ် ငွေပေးချေမှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုလုပ်ငန်းတွေမှာ ဒေသတွင်းတာဝန်တွေနဲ့ ကမ္ဘာတစ်ဝန်းက ဘဏ်လုပ်ငန်းစုတွေမှာ အကြီးတန်းရာထူးတွေနဲ့ တာဝန်ယူခဲ့ဖူးတယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိနေစေဖို့အတွက် သုံးစွဲသူတွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့အတူတူ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်သွားမှာပါ” လို့ Lillian Wang ကပြောခဲ့ပါတယ်။ ယခင် Country Manager Arturo […]

Read More

၈ လက်မ မျက်နှာပြင်နဲ့ ဘက်ထရီ 5,100mAh ပါဝင်တဲ့ Honor Tab 5 ကိုမိတ်ဆက်

[ Zawgyi ] Honor ဟာ Honor Tab 5 အမည်ရ ဈေးနှုန်းသက်သာတဲ့ tablet သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Honor Tab 5 မှာ ၈ လက်မမျက်နှာပြင် ရုပ်ထွက်အရည်အသွေး (1200x 1920px) နဲ့ Kirin 710 CPU ကို အသုံးပြုထားပါတယ်။ Tablet ကျောဘက်မှာ ပလတ်စတစ်ဘမ်ပါနဲ့ သတ္တုကျောဘက်ကာဗာပါဝင်လာပါတယ်။ Honor 6x နဲ့ဒီဇိုင်းပိုင်း ဆင်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP fixed-focus ကင်မရာဖြစ်ပြီး ကျောဘက်မှာတော့ autofocus နဲ့ 8MP ပါဝင်လာပါတယ်။ ဒါပေမဲ့ Honor Tab 5 မှာတော့ LED flash မပါဝင်ပါဘူး။ ဒါ့အပြင် screen […]

Read More

Apple ရဲ့၂၀၁၈ MacBook Pro ‘flexgate’ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေဟုဆို

[Zawgyi] Apple ဟာ ၂၀၁၈ MacBook Pro မှာဖြစ်ပေါ်နေတဲ့ “flexgate” ပြဿနာကို ဖြေရှင်းဖို့ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က flexgate ဖြစ်ပေါ်ခဲ့တဲ့ သုံးစွဲသူထောင်ပေါင်းများစွာဟာ ပြဿနာနဲ့ပတ်သက်တဲ့ လက်မှတ်ထိုး ပန်ကြားလွှာကို ပြုလုပ်ခဲ့ကာ MacBook Pro ရဲ့မျက်နှာပြင် နောက်ခံမီးပြဿနာရှိတယ်လို့ ပြောခဲ့ကြပါတယ်။ MacBook Pro ရဲ့နောက်ခံမီးက display အောက်ခြေမှာ လုံးဝမလာသလို အဲဒီပြဿနာကို ၂၀၁၆ ခုနှစ် MacBook Pro တွေမှာလည်း တွေ့ရပါတယ်။ အဲဒီပြဿနာဟာ နှစ်အနည်းငယ်အတွင်း laptop ကိုအဖွင့်၊ အပိတ်ပြုလုပ်တဲ့ ပတ္တာကတစ်ဆင့် လည်ပတ်တဲ့ display flex cable အခြေအနေဆိုးလာတာကြောင့် ဖြစ်နိုင်တယ်လို့ iFixit ကဇန်နဝါရီလမှာ ဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ အဲဒီပြဿနာကို […]

Read More

ခေါက်ထားနိုင်တဲ့ display တွေအတွက် ပျော့ပြောင်းတဲ့ မှန်ထည်တွေကို Corning လုပ်ကိုင်နေ

[ Zawgyi ] လက်ရှိအချိန်မှာ Apple အတွက် display တွေ ထောက်ပံ့ပေးနေတဲ့ Corning ဟာ ခေါက်ထားနိုင်တဲ့ မှန်ထည်တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများအတွက် Gorilla Glass တွေထောက်ပံ့ပေးထားတဲ့ Corning ဟာ၂နှစ်အတွင်း အဲဒီမှန်ထည်ကို သုံးစွဲသူတွေဆီအရောက်ပို့ဖို့ ဆောင်ရွက်နေပါတယ်။ Wired နဲ့အင်တာဗျူးပြုလုပ်ခဲ့တဲ့ Corning အထွေထွေမန်နေဂျာဖြစ်သူ ဂျွန်ဘေနီက display ကာကွယ်ဖို့ လိုအပ်တဲ့ အကြမ်းခံမှုမရှိဘဲ ပါးပါးလေးကွေးနိုင်မယ့် မှန်ထည်တစ်ခုဖန်တီးနေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း Apple အနေနဲ့ Corning သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ထောက်ပံ့ဖို့အပြင် လိုအပ်တဲ့ ပစ္စည်းများနဲ့ အဆင့်မြင့်နည်းပညာလုပ်ကိုင်ထားတဲ့ မှန်ထည် စတာတွေအတွက် ကုမ္ပဏီအတွင်း ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားပါမယ်။ Apple ဟာအဲဒီဧရိယာမှာ ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်တယ်လို့ မူပိုင်ခွင့်တင်ထားပါတယ်။ […]

Read More

ဓာတ်ပုံရှာဖွေမှုအတွင်း ဈေးဝယ်နိုင်မယ့် ကြော်ငြာတွေကို Google စမ်းသပ်

[ Zawgyi ] Google ဟာ Instagram နဲ့ Pinterest ကလိုမျိုး ရှာဖွေမှုရလဒ်အတွင်း ဈေးဝယ်ထွက်နိုင်မယ့် အစီအစဉ်ကို စမ်းသပ်နေပါတယ်။ Google ဟာ ရုပ်ပုံ ရှာဖွေမှုတွေအတွင်း ဈေးဝယ်ထွက်နိုင်မယ့် ကြော်ငြာတွေကို စမ်းသပ်နေပြီး သုံးစွဲသူက ရှာဖွေထားတဲ့ ဓာတ်ပုံထဲကနေ ထုတ်ကုန်ဝယ်ယူနိုင်မယ့် link အပြင် အသေးစိတ်အချက်အလက်တွေကို တွေ့နိုင်ဖို့ shopping tag ခလုတ်ကို tap လုပ်ရပါမယ်။ အခု feature က sponsor လုပ်ထားတဲ့ ကြော်ငြာတွေမှာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ အခု feature ကို သုံးစွဲသူအရေအတွက် အနည်းငယ်အပေါ်မှာပဲ စမ်းသပ်နေပြီး နေအိမ်ရုံးတွေနဲ့ ဒြပ်မဲ့ပန်းချီလိုမျိုး ခေါင်းစဉ်တွေရှာဖွေစမ်းသပ်မှု ပြုလုပ်နေပါတယ်။ Google အနေနဲ့ အခု feature […]

Read More

GPS & Total Station မြေတိုင်းသင်တန်း ဖွင့်လှစ်မည်

[ Zawgyi ] Concordia Int’l Co.,Ltd မှ လက်မှတ်ရအဆင့်မြင့် GPS & Total Station မြေတိုင်းသင်တန်းအမှတ်စဉ် ( ၇၇ /၂၀၁၉ )ကို မတ်လ ၁၁ ရက်မှ ၂၉ ရက်အထိ Concordia Training Center မှာ ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ သင်တန်းမှာ မြေတိုင်းတာခြင်းကို ခေတ်မီတိုင်းတာရေးစက်တွေဖြစ်တဲ့ Japan နိုင်ငံထုတ် Topcon အမှတ်တံဆိပ် Total Station တွေလက်တွေ့တိုင်းတာခြင်း၊ Engineering Survey, Topograpical Survey, Topcon Link Software တွေနဲ့ Downloading , Processing ပြုလုပ်ခြင်းတွေကို စာတွေ့ လက်တွေ့ သင်ကြားပေးမှာဖြစ်တယ်လို့ […]

Read More