Day: January 31, 2019

MyanLearn for Students – Find Tuition in your phone

[ Zawgyi ] သင်တန်းတက်မယ့်သူတွေ အနေနဲ့ မိမိတက်ရောက်ချင်တဲ့ ဘာသာရပ်အလိုက် သင်ကြားပေးတဲ့ သင်တန်းကျောင်းလိပ်စာတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သင်တန်းအချက်အလက်တွေဖြစ်တဲ့ အချိန်၊ သင်တန်းကြေး၊ နေရာ စတာတွေကို ဖုန်းကနေ အလွယ်တကူ ရှာဖွေကြည့်ရှု စုံစမ်းနိုင်မှာဖြစ်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု app ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] သင်တန်းတက်မယ့်သူတွေ အနေနဲ့ မိမိတက်ရောက်ချင်တဲ့ ဘာသာရပ်အလိုက် သင်ကြားပေးတဲ့ သင်တန်းကျောင်းလိပ်စာတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သင်တန်းအချက်အလက်တွေဖြစ်တဲ့ […]

Read More

Indiegogo ကတစ်ဆင့် port တွေမပါဝင်တဲ့ Meizuo Zero ကို ဒေါ်လာ ၁,၂၉၉ နဲ့ ဝယ်ယူနိုင်

[ Zawgyi ] Meizu ဟာ port တွေနဲ့ ခလုတ်တွေ မပါဝင်တဲ့ Meizu Zero စမတ်ဖုန်း concept အတွက် ငွေကြေးရှာဖွေဖို့ Indiegogo ကနေ ငွေကြေးရှာဖွေနေပါတယ်။ အမေရိကန်မှာ Zero ဖုန်းအတွက် လှုံ့ဆော်မှုကို Indiegogo အတွင်းမှာ ပြုလုပ်နေပြီး ဒေါ်လာ ၁,၂၉၉ တန် Zero ဖုန်း (အင်ဂျင်နီယာနမူနာ Meizu Zero) ကိုရရှိမှာ ဖြစ်ပါတယ်။ Meizu ဟာ Indiegogo မှာ ရန်ပုံငွေ ပစ်မှတ် ဒေါ်လာ ၁၀၀,၀၀၀ သတ်မှတ်ထားပါတယ်။ မျှော်မှန်းထားတဲ့ ငွေကြေးရရှိရင် Meizu ဟာ Zero ဖုန်းကို ထုတ်လုပ်ပြီး မှာယူထားသူတွေကို တစ်လုံးစီပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီလှုံ့ဆော်မှုမှာ […]

Read More

Moto G7 Plus မှာ ၂၇ ဝပ် TurboPower အားသွင်းစနစ် ပါဝင်

[ Zawgyi ] လွန်ခဲ့တဲ့ရက်အနည်းငယ်က Moto G7 ဓာတ်ပုံနဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ Moto G7 ဖုန်းတွေကို ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်နိုင်ပါတယ်။ အခုအခါမှာတော့ ဖုန်းရဲ့ဓာတ်ပုံတွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Moto G7 Plus မှာ အားသွင်းမြန်ဆန်တဲ့ ၂၇ ဝပ် TurboPower ထောက်ပံ့မှု ပါဝင်လာပြီး လက်ရှိ Motorola စမတ်ဖုန်းတွေထက် မြန်ဆန်တဲ့ Turbo အားသွင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ feature ဟာ အခြား Moto G7 ဖုန်းတွေမှာ ပါဝင်မလားဆိုတာ မသိရသေးပါဘူး။ Moto G7 Plus မှာ TurboPower charging စနစ်အပြင် ကျောဘက်ကင်မရာ 16MP အတွက် OIS […]

Read More

iOS 13 မှာ Dark Mode, iPad Upgrade, CarPlay ပြင်ဆင်မှုတွေနဲ့ အခြားအရာများစွာ ပါဝင်လာ

[ Zawgyi ] Apple ရဲ့ iOS 13 operating system စနစ်ကို ကုမ္ပဏီရဲ့နှစ်စဉ် ကျင်းပနေကျ ကမ္ဘာလုံးဆိုင်ရာ Developers ကွန်ဖရင့်မှာ အကြိုပြသမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေများစွာ မျှော်လင့်နေတဲ့ update တွေ iOS 13 မှာ ပါဝင်လာပါတယ်။ iOS 13 မှာ macOS Mojave မှာပါဝင်တဲ့ feature မျိုး dark mode ပါဝင်လာတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ညအချိန်မှာ screen ကိုကြည့်ရှုတဲ့အခါ ပိုမို လွယ်ကူလာပါတယ်။ CarPlay interface ကလည်း ပိုမိုတိုးတက်လာပြီး iPad အတွက် သက်ဆိုင်တဲ့အဆင့်မြှင့်တင်မှုတွေလည်း ပါဝင်လာနိုင်ပါတယ်။ Apple ဟာ […]

Read More

Google+ သုံးစွဲသူအချက်အလက်တွေကို ဧပြီ ၂ ရက်အတွင်း စတင်ဖျက်သိမ်းမည်

[ Zawgyi ] ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Google ဟာ သုံးစွဲသူတွေရဲ့ profile အချက်အလက်အတွင်းက လုံခြုံရေး အားနည်းချက်ကို တွေ့ရှိပြီးနောက် သုံးစွဲသူတွေအတွက် Google+ ပိတ်ပင်သွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Google+ ဟာ အချက်အလက်ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် သုံးစွဲသူဝန်ဆောင်မှုကို ဖျက်သိမ်းမယ့်ကာလကို ၄ လရှေ့တိုးလိုက်ကာ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ စတင်သွားမှာ ဖြစ်ပါတယ်။ ဖေဖော်ရီလ ၄ ရက်ကစတင်ပြီး Google+ profile တွေ၊ စာမျက်နှာတွေ၊ community တွေ ဒါမှမဟုတ် event သစ်တွေကို ဖန်တီးနိုင်တော့မှာ မဟုတ်ပါဘူး။ ပြင်ပ ဝက်ဘ်ဆိုက်မှာရှိပြီး Google+ ကထုတ်လုပ်ထားတဲ့ မှတ်ချက်တွေကိုတော့ Blogger ကနေ ဖေဖော်ဝါရီလ ၄ […]

Read More

Dulwich College Yangon မှ ပညာရေး ဟောပြောပွဲပြုလုပ်မည်

[ Zawgyi ] Dulwich College Yangon မှ ပညာရေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်၊ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီမှ ၅ နာရီအထိ Shangri-La Hotel ၌ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟောပြောပွဲမှာ Dulwich College Yangon ၏ Founders’ Bursary ပညာသင်ဆုအကြောင်းများကို ရှင်းလင်း ပြောကြားပေးမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီရဲ့ နှစ်စဉ်ကျောင်းလခမှ အမေရိကန်ဒေါ် လာ ၅,၀၀၀ လျှော့ချပေးခြင်းကို ကျောင်းသား၊ ကျောင်းသူအသစ်များ မိဘအုပ်ထိန်းသူများ အားလုံးအတွက် ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်ပုဂ္ဂလိက လေ့ကျင့်ရေးကျောင်းကို အခြေပြု၍ သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်၍လည်း ပိုမိုလေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ […]

Read More


[ Zawgyi ] ဗြိတိသျှကောင်စီ East Asia IELTS Prize 2018/19 ပညာသင်ဆုများကို လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။ ပညာသင်ဆုအနေနဲ့ ကန်ဒေါ်လာ ၉၆,၀၀၀ ကျော်ကို ပေးအပ်မှာဖြစ်ပြီး Grand Prize ဆုရှင်အနေနဲ့ တက္ကသိုလ် ပထမနှစ်စာ ကျောင်းလခအတွက် ကန်ဒေါ်လာ ၅၂,၈၀၀ အထိ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ IELTS ဖြေဆိုတွေအတွက် ပညာသင်ကြားရန် ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဗြိတိသျှကောင်စီမှ ပညာသင်ဆုကို ပေးအပ်ခြင်းဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာပြီး လျှောက်ထားနိုင်ပါတယ်။ -သႏၲာ [ Unicode ] ဗြိတိသျှကောင်စီ East Asia IELTS Prize 2018/19 ပညာသင်ဆုများကို လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။ ပညာသင်ဆုအနေနဲ့ ကန်ဒေါ်လာ […]

Read More

Android OS စနစ်သုံး ပြည်တွင်းစီးပွားရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် app များ

[ Zawgyi ] စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့ ကိုယ်ပိုင်စီးပွားရေးကို စတင်မယ့်သူတွေအတွက် အထောက်အကူပြု app တွေဖြစ်ပါတယ်။ မြန်မာလိုအသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ app တွေဖြစ်ပြီး မိမိသိရှိလိုတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို app ကနေ အလွယ်တကူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ sm3 DIR မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ-ညောင်ဦး၊ တောင်ကြီးစတဲ့ မြို့တွေရဲ့စီးပွားရေး လုပ်ငန်းလမ်းညွှန် App ဖြစ်ပါတယ်။ မြို့ကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တည်နေရာလိပ်စာတွေအပြင် မြန်မာပြက္ခဒိန်နဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း App မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနဲ့ အထူးလျှော့ဈေးနဲ့ ရောင်းချနေမှု နေ့စဉ် update တွေကို ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို […]

Read More