Day: January 30, 2019

Mobile Legends ကစားသူများအတွက် ဒေတာ Pack သစ် MPT မိတ်ဆက်

[ Zawgyi ] Mobile Legends ကစားသူတွေအတွက် ဒေတာ Package သစ်တစ်မျိုးကို MPT မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီ ဒေတာ Package ကို ဘီလ် ၉၈၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီး ဒေတာ 1GB နဲ့အတူ Mobile Legends Diamond ၁၆ လုံးကို ရရှိမှာဖြစ်ပါတယ်။ ဒေတာကို ရက် ၃၀ အတွင်း အသုံးပြုနိုင်မှာဖြစ်ကာ Mobile Legends ဂိမ်းသီးသန့် ကစားဖို့အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရယူလိုသူတွေအနေနဲ့ *8001# ကို ခေါ်ဆိုကာ ဝန်ဆောင်မှုရယူနိုင်မှာ ဖြစ်ပါတယ်။ Diamond ၁၆ လုံးအတွက် SMS Code ရရှိမှာဖြစ်ပြီး ဂိမ်းအတွင်း ဖြည့်သွင်းရမှာဖြစ်ပါတယ်။ “အခုဂိမ်းဟာ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း […]

Read More

Arbitration သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

[ Zawgyi ] Arbitration သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေတယ်လို့ သိရပါတယ်။ သင်တန်းကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်နဲ့ စင်ကာပူနိုင်ငံအခြေစိုက် The Chartered Institute of Arbitrator (CIArb) တို့မှ ပူးပေါင်းဖွင့်လှစ်တာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဥပဒေရေးရာဗဟုသုတ ရရှိစေရေး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုပြုနိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သင်တန်းကို အမေရိကန်၊ ဗြိတိန်နဲ့ စင်ကာပူနိုင်ငံ The Chartered Institute of Arbitrator (CIArb) များမှ ဥပဒေပညာရှင် ၄ ဦးလာရောက်ပြီး သင်ကြားပို့ချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းပို့ချမယ့် ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ ပို့ချမှာဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက Arbitrator သင်တန်းတက်ရောက်ကြောင်း […]

Read More

နိုင်ငံတကာ ပညာတော်သင်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သင့်ဟု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး

[ Zawgyi ] နိုင်ငံတကာ ပညာတော်သင်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်းကို တိုက်တွန်းလိုပါကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြား ခဲ့ပါတယ်။ “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစံချိန်မီရန်အတွက် ကဏ္ဍတိုင်းတွင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံရဲ့ လူသား စွမ်းအား အရင်းအမြစ်ကို ပထမဆုံး နိုင်ငံတကာစံချိန်မီအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက် ရာမှာလည်း နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာကို အရေး၊ အဖတ်၊ အပြော၊ နားထောင်နှုန်းစွမ်းရည်အပြင် နိုင်ငံတကာတွင် ကျင့်သုံးနေတဲ့ စနစ်တွေကိုလည်း မြန်မာနိုင်ငံတွင် အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း” ဒေါ်ထုမေကပြောပါတယ်။ အထက်ပါအချက်များကို အကောင်အထည်ဖော်မှသာ နိုင်ငံတကာစံချိန်မီသော မြန်မာ့ပညာရေးကို ရရှိမှာဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းသင့်တယ်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ -သႏၲာ [ Unicode ] နိုင်ငံတကာ ပညာတော်သင်ကဏ္ဍကို […]

Read More

Nokia 9 PureView မှာ ၁၈ ဝပ် အားသွင်းမြန်ဆန်တဲ့ charger ပါဝင်လာမည်

[ Zawgyi ] HMD ဟာ ဘာစီလိုနာမြို့မှာပြုလုပ်မယ့် MWC ပြပွဲအတွင်းမှာ Nokia ထုတ်ကုန်သစ်ကို ထုတ်ဖော်ကြေညာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ပွဲမှာ မိတ်ဆက်မယ့်ဖုန်းက ကာလရှည်ကြာ စောင့်စားနေကြတဲ့ ကင်မရာ ၅ လုံး ပါဝင်တဲ့ Nokia 9 PureView ဖြစ်နိုင်ပါတယ်။ အဲဒီထုတ်ကုန်ကို Chinese 3C ကတစ်ဆင့် ခွင့်ပြုချက်ရယူထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီထုတ်ကုန်မှာ ၁၈ ဝပ် အားသွင်းမြန်ဆန်တဲ့ charger ပါဝင်တယ်လို့ သိရပါတယ်။ ဖုန်းမှာပါဝင်တဲ့ adapter ကို 5V@ 3A, 9V@ 2A ဒါမှမဟုတ် 12V@ 1.5A အဖြစ် အဆင့်သတ်မှတ်ချက် ပေးထားပါတယ်။ ဒါကြောင့် […]

Read More

Galaxy S10 မှာပါဝင်လာမယ့် Samsung ရဲ့ One UI

[ Zawgyi ] Samsung ဟာ Galaxy S10 မှာပါဝင်လာမယ့် One UI ကို အမေရိကန်မှာ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်၊ အင်္ဂါနေ့က Xfinity Mobile ဟာ Samsung ရဲ့ Galaxy S9 နဲ့ Galaxy S9 Plus ဖုန်းတွေအတွက် One UI update ကိုဖြန့်ချိလိုက်ပါတယ်။ အဲဒီ update ကို လာမယ့်ရက်အနည်းငယ်အတွင်း အခြားဆက်သွယ်ရေး ကုမ္ပဏီကတစ်ဆင့် Galaxy S9, S9 Plus နဲ့ Note 9 မော်ဒယ်တွေအတွက် ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်လို့ Samsung ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ Samsung ဟာ Android […]

Read More

နေစွမ်းအင်နှင့်လေအား တွဲဖက်အသုံးပြုသည့် ဓာတ်အားပေးစနစ်ဖြင့် ဆက်သွယ်ရေးတာဝါတိုင်များကို ဓာတ်အားပေးနိုင်မည်ဟုဆို

[ Zawgyi ] ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေ တည်ဆောက်ရေး မြှင့်တင်ဖို့အတွက် စွမ်းအင်ချွေတာရေးနဲ့ လုပ်ငန်းအသုံးစရိတ်တွေ လျှော့ချနိုင်ရေးကို ရည်ရွယ်ကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုထားတဲ့ ဓာတ်အားပေးစီမံကိန်းနှစ်ရပ်ကို edotco Myanmar မှ စတင်လိုက်ပါတယ်။ နေစွမ်းအင်နဲ့ လေအားကိုတွဲဖက်အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးတဲ့ တီထွင်ဆန်းသစ်တဲ့ စနစ်တစ်ရပ်ကို မကြာသေးခင်က ပြည်တွင်းမှာ ပထမဆုံးထုတ်လုပ်တပ်ဆင်ခဲ့ပြီး အဆိုပါ စနစ်နဲ့ လျှပ်စစ်ဓာတ်အားရရှိမှု နည်းပါးတဲ့ နေရာဒေသတွေမှာ ဆက်သွယ်ရေး တာဝါတိုင်တွေကို လျှပ်စစ်မီးလိုင်းတွေ သွယ်တန်းတပ်ဆင်ရန်မလိုဘဲ ဓာတ်အားပေးနိုင်မယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်အရ လေအားနဲ့ နေစွမ်းအင်အများအပြားရရှိနိုင်တဲ့ အချက်မှာ ယခုကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သယံဇာတတွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ edotco Myanmar အနေနဲ့ အဆိုပါ စွမ်းအင်နှစ်မျိုး […]

Read More

ဆယ်ကျော်သက်တွေရဲ့ web အသုံးပြုမှုနဲ့ Direct Message တွေကို အသုံးပြုနိုင်ဖို့ Facebook ငွေကြေးအသုံးပြု

[ Zawgyi ] Facebook သုံးစွဲသူတချို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက ပြုလုပ်နေတဲ့ သုတေသန အစိတ်အပိုင်းအဖြစ် ငွေကြေးရယူပြီး ဖုန်းသုံးစွဲမှုအလေ့အထတွေကို ကုမ္ပဏီထံရောင်းချနေတယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။ Facebook ဟာ သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ကာကွယ်တာ မထိရောက်ဘူးလို့ ဝေဖန်နေကြပါတယ်။ Facebook ဟာ အသက် ၁၃ နှစ်နဲ့ ၃၅ နှစ်အရွယ်အတွင်းရှိတဲ့ သုံးစွဲသူတွေရဲ့ ဖုန်းနဲ့ ဝက်ဘ်ဆိုက်လှုပ်ရှားမှုတွေကို ကြည့်နိုင်ဖို့အတွက် တစ်လ ဒေါ်လာ ၂၀ အပြင် လူခေါ်ခအဖြစ် ငွေကြေးထပ်ဆောင်းပေးခဲ့ပါတယ်။ Facebook ဟာ “Facebook Research” VPN app ကနေတစ်ဆင့် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။ Facebook အနေနဲ့ ဝက်ဘ်ဆိုက်ရှာဖွေမှုတွေ၊ တည်နေရာအချက်အလက်၊ လူမှုရေးမီဒီယာ app […]

Read More

သာမိုမီတာ

[ Zawgyi ] ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ သာမိုမီတာကို ဖုန်းကနေ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အပတ်စဉ်တင်ပေးတဲ့ အပိုင်းသစ်တွေကို မိုဘိုင်းဖုန်းနေ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဖုန်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းထဲကို ဗီဒီယိုဖိုင်ကို download ပြုလုပ်ပြီးလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ဟာသဇာတ်လမ်းတွဲဖြစ်တဲ့ သာမိုမီတာကို ဖုန်းကနေ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အပတ်စဉ်တင်ပေးတဲ့ အပိုင်းသစ်တွေကို မိုဘိုင်းဖုန်းနေ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဖုန်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းထဲကို ဗီဒီယိုဖိုင်ကို download […]

Read More

Mini Digital Scale

[ Zawgyi ] စိန်ထည်၊ ရွှေထည်၊ ငွေထည်တွေနဲ့ အခြားသော မိမိချိန်တွယ်ချင်တဲ့ ပစ္စည်းတွေရဲ့ အလေးချိန်ကို တိတိကျကျ တွက်ချက်ပေးမယ့် Mini Digital Scale ဖြစ်ပါတယ်။ အလေးချိန်ကို 0.01gမှ 500g အထိ ချိန်တွယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိချိန်တွယ်မယ့် ပစ္စည်းအပေါ်မူတည်ပြီး g/oz/ozt/dwt/ct/gn စတဲ့ Units တွေနဲ့ ချိန်တွယ်နိုင်ပါတယ်။ AAA battery နှစ်လုံး အသုံးပြုရမှာဖြစ်ပါတယ်။ တန်ဖိုးမှာ ၁၁,၅၀၀ ကျပ် ဖြစ်ပြီး F@X Computer ဖုန်း ၀၉ ၇၃၀၁၃၈၃၆ နဲ့ ၀၉ ၇၆၂၀၁၀၁၀၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ -ေဝေဝ [ Unicode ] စိန်ထည်၊ ရွှေထည်၊ ငွေထည်တွေနဲ့ အခြားသော […]

Read More

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ Used Machine တင်သွင်းနိုင်

[ Zawgyi ] အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ အပါအဝင် စက်မှုထုတ်ကုန်လုပ်ငန်းတွေ တည်ထောင်ရာမှာ အထောက်အကူပြုစေဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေဖို့အတွက် Used Machine (အသုံးပြုပြီး စက်ပစ္စည်း) တွေကို ယခုနှစ်မှာလည်း တင်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ထားပြီး လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေဖို့ရည်ရွယ်ကာ ၁၀ နှစ်ထက် မပိုတဲ့ တိုက်ရိုက် အသုံးပြုနိုင်မယ့် စက်ပစ္စည်းတွေကို တင်သွင်းနိုင်မှာဖြစ်ပါတယ်။ တင်သွင်းခွင့်လျှောက်ထားရာမှာ စံချိန်စံညွှန်း ပြည့်မီစွာတင်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ စက်ပစ္စည်းရဲ့ အရည်အသွေးပိုင်းဟာ ၈၀ ရာခိုင်နှုန်းထက် မနည်းတဲ့ အရည်အသွေးရှိနေဖို့လိုကြောင်း၊ အသုံးပြုပြီး စက်ပစ္စည်းတင်သွင်းဖို့အတွက် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနရဲ့ ထောက်ခံချက်ပါရှိဖို့လိုကြောင်း၊ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနတွေရဲ့ […]

Read More