Day: January 14, 2019

Education
News

ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများ ရက်ချိန်းရယူခြင်းကို အွန်းလိုင်းမှ လျှောက်ထားနိုင်

[ Zawgyi ] ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆို လိုသူတွေအနေနဲ့ ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ယာဉ်မောင်းလိုင်စင် ရယူလိုသူတွေ များပြားလာတဲ့အတွက် လိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းစတဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့ အတွက် လူကိုယ်တိုင်လာရောက်ဖို့ မလိုအပ်တဲ့ (Online Booking System) ကိုပြောင်းလဲ ကျင့်သုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။လျှောက်ထားလိုတွေအနေနဲ့ လာရောက်ဖြေဆိုမယ့် ရုံးအမည်၊ ရယူလိုတဲ့ လိုင်စင်အမျိုးအစား၊ လာရောက်ဖြေဆိုမယ့်နေ့၊ လာရောက်ဖြေဆိုမယ့်အချိန်၊ လက်ရှိလိုင်စင်အမှတ်၊ လက်ရှိလိုင်စင်ထုတ် ပေးထားတဲ့ရုံး စတဲ့အချက်တွေကို Online Appointment Application Form မှာ ရွေးချယ်ဖြည့်စွက်ပြီး လျှောက်ထားရမှာပါ။ လျှောက်လွှာကို ဒီနေရာမှ တစ်ဆင့်လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဒီနေရာမှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ -သန္တာ […]

Read More
Local
News

ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အဦများ တည်ဆောက်ရန်လိုကြောင်း ဒုတိယသမ္မတပြောကြား

[ Zawgyi ] မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းတွေ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်စေဖို့စေအတွက် အခြေခံ အဆောက်အဦတွေနဲ့ Data Center တွေတည်ဆောက်ဖို့လိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ Data Center တွေ တည်ထောင်ခြင်းကိစ္စကို အောင်မြင်အောင် ဆက်လက်အကောင်အထည် ဖော်သွားဖို့လိုအပ်ကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အခြေခံ အဆောက်အဦတွေတည်ဆောက်ဖို့အတွက် လိုအပ်သလို ဆိုက်ဘာလုံခြုံရေးကလည်း အရေးကြီးတဲ့အတွက် ဟန်ချက်ညီအောင် ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်ရာမှာ သမားရိုးကျ ရောင်းဝယ်ပြုလုပ်နေတဲ့ လုပ်ငန်းတွေဆုံးရှုံးတာ၊ သတင်းအချက်အလက်နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တာတွေ စတဲ့ ဒီဂျစ်တယ်အနှောင့်အယှက်ကြောင့် […]

Read More
Education
News

အစိုးရအဖွဲ့အစည်းများအတွက် Server Co-location ဝန်ဆောင်မှုကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်

[ Zawgyi ] Server Co-location ဝန်ဆောင်မှုရယူလိုတဲ့ အစိုးရဗဟိုရုံးတွေ၊ ဝန်ကြီးဌာနတွေအနေနဲ့ ညွှန်ကြားရေးမှူး၊ e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ လိပ်မူကာ လူကိုယ်တိုင်(သို့) အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ အစိုးရဌာနများအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ထားရှိပေးတဲ့ E-mail, Electronic Document Management System (EDMS), Government Personal Management System(GPMS), Civil Service ID Management System(CSMS), Myanmar National Portal,Video Conferencing အစရှိတဲ့ e-Government Common Application စနစ်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရှိ အစိုးရဌာန အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိတဲ့ e-Government လုပ်ငန်းစဉ်တွေကို […]

Read More
Education
News

ကနေဒါနိုင်ငံပညာရေးအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

[ Zawgyi ] ကနေဒါနိုင်ငံပညာရေးအကြောင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ Park Royal Hotel (Yangon) မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ကနေဒါနိုင်ငံပညာရေးအကြောင်း စိတ်ပါဝင်စားသူ မြန်မာကျောင်းသား လူငယ်တွေအတွက် တက္ကသိုလ်နဲ့ ကောလိပ်အလိုက် ဘာသာရပ်ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စတွေ၊ intake အလိုက် လျှောက်ထားရယူနိုင်မယ့် ပညာသင်ဆုတွေနဲ့ Study Grant တွေ၊ ကျောင်းတက်နေစဉ်အတွင်း လျှောက်ထားနိုင်မယ့် Co-Op Education, Internship program တွေအပြင် ကနေဒါနိုင်ငံပညာရေးအတွက် ကြိုတင်သိရှိပြင်ဆင်ထားရမယ့် အသေးစိတ် အချက်အလက်တွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း- ဝ၁ ၅၂၇ ၈၃၈၊ […]

Read More
Article

ရွေးချယ်စရာ အကောင်းဆုံး ဖြစ်လာတဲ့ AMD laptops များ

[ Zawgyi [ တစ်ကိုယ်ရေသုံး ကွန်ပျူတာလောကမှာ ပရိုဆက်ဆာပိုင်းအတွက် Intel နဲ့ AMD တို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်ကြပုံနဲ့ ဂရပ်ဖစ်နယ်မြေမှာ Nvidia နဲ့ AMD Radeon တို့ ဘတစ်ပြန် ကျားတစ်ပြန် ဈေးကွက်နေရာ ရနေကြပုံတို့ကို ကွန်ပျူတာလောကသားတိုင်း သိရှိထားကြပြီး ဖြစ်တယ်။ ပရိုဆက်ဆာနဲ့ ဂရပ်ဖစ်အပါအဝင် ကွန်ပျူတာအစိတ်အပိုင်းများကို ထုတ်လုပ်ခဲ့တဲ့အပြင် အသေးစား ကွန်ပျူတာလေးများကိုပါ ထုတ်လုပ်ခဲ့တဲ့ Intel ကုမ္ပဏီရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀ ရှိခဲ့ပါတယ်။ AMD ကလည်း လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက ပရိုဆက်ဆာနဲ့ ဂရပ်ဖစ်များကို အစဉ်တစိုက် ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ ထိပ်တိုက်ယှဉ်ပြိုင်မှု သက်တမ်းတစ်လျှောက်မှာ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး Intel က နေရာရရှိနိုင်ခဲ့သလို […]

Read More
Education
News

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

[ Zawgyi ] လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၆/၁၉) အတွက် သင်တန်းသားတွေ ခေါ်ယူနေပါတယ်။ သင်တန်းကို ဧပြီလ ၁ ရက်မှစတင်ကာ ပညာရေးကောလိပ်တွေမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထ၀ီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology, Biotechnology, Biochemistry, Environmental Studies, Geology, B.A (မြန်မာမှု)၊ B.A (ရသ)၊ B.A (ဂီတ)၊ B.A (သဘင်)၊ B.A (ပန်းချီ)၊ B.A (ပန်းပု)၊ B.Sc(Sports), B.Econ (Stats), […]

Read More
Android
Download

မုံရွာ ခရီးသွားလမ်းညွှန် (Guide To Monywa)

[ Zawgyi ] မုံရွာမြို့ကို သွားရောက်လည်ပတ်သူတွေ အနေနဲ့ ကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ် စတဲ့ သွားလာရေးဆိုင်ရာ လက်မှတ်ဝယ်ယူမှုတွေကို အလွယ်တကူ ရှာဖွေ စုံစမ်းနိုင်မယ့် ခရီးသွားလမ်းညွှန် App ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ လည်ပတ်စရာ နေရာဆိုင်ရာနဲ့ အခြားလမ်းညွှန်တွေကို မြေပုံနဲ့တကွ ကြည့်ရှုနိုင်မှာဖြစ်ပြီး ရာသီဥတုဆိုင်ရာ အချက်အလက်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] မုံရွာမြို့ကို သွားရောက်လည်ပတ်သူတွေ အနေနဲ့ ကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ် […]

Read More
Asia
News

ဇန်နဝါရီ ၁၈ ရက်မှာ HomePod ကို တရုတ်နိုင်ငံအတွင်း တရားဝင်ရောင်းချမယ့် Apple

[ Zawgyi ] ဇန်နဝါရီလ ၁၈ ရက်၊ သောကြာနေ့မှာ တရုတ်နိုင်ငံအတွင်း HomePod ကို တရားဝင် ရောင်းချသွားမယ်လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Apple ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းအတွင်း တရုတ်နိုင်ငံကို HomePod ရောက်ရှိလာမယ်လို့ အမြည်းမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် ဖြန့်ချိမယ့်ရက်ကိုတော့ မကြညာခဲ့ပါဘူး။ HomePod ကို တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှာ ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ HomePod အဖြူနဲ့ မီးခိုးရောင်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွက် Apple Music ရဲ့ “New Artist of the Week” feature ကိုလည်း HomePod မှာ ထည့်သွင်းခဲ့ပါတယ်။ […]

Read More
News
Tech

မျိုးဆက်သစ် iPhone မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်

[ Zawgyi ] Apple ဟာ iPhone XI/ iPhone 11 အမည်ရ ထုတ်ကုန်အတွက် အရေးပါတဲ့ အပြောင်းအလဲ ၃ ခု ပြုလုပ်မယ်လို့ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Barclays က ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးထားပါတယ်။ အဲဒီသတင်းကို 9to5Mac က ဖော်ပြခဲ့တာဖြစ်ပါတယ်။ Apple ဟာ iPhone XI Max မှာ ကင်မရာ ၃ လုံး ထည့်သွင်းမှာဖြစ်တယ်လို့ Barclays ကပြောထားပါတယ်။ ဒါ့အပြင် 3D sensor လည်း ပါဝင်လာမယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း Barclays ကပြောခဲ့ပါတယ်။ Apple အနေနဲ့ iPhone သစ်တွေမှာ antenna နည်းပညာသစ်တွေထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာနဲ့ပတ်သက်ပြီး အသေးစိတ် […]

Read More
Local
News

Global Game Jam Myanmar တွင် ပါဝင်ဖန်တီးလိုသည့်လူငယ်များ အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်

[ Zawgyi ] ပြည်တွင်း၊ ပြည်ပက ဂိမ်းဖန်တီးရေးဆွဲသူတွေအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဂိမ်းဖန်တီးပွဲတော်ဖြစ်တဲ့ Global Game Jam Myanmar ကို ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ဖန်တီးလိုတဲ့ လူငယ်တွေအနေနဲ့ အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ Kanaung Hub မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်မှာ အဖွဲ့လိုက်ပါဝင်ပူးပေါင်းပြီး ဂိမ်းဖန်တီးနိုင်သလို တစ်ဦးတစ်ယောက်ချင်းအနေနဲ့လည်း ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ ဂိမ်းတစ်ခု ဖန်တီးပြုလုပ်ဖို့အတွက် အချိန် ၄၈ နာရီ ရရှိမှာဖြစ်ကြောင်း၊ ဖန်တီးပြုလုပ်ထားတဲ့ ဂိမ်းပရောဂျက်ကို ဇန်နဝါရီ ၂၇ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ အပြီးသတ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက Programmer Artis, Designer, Animator, Script […]

Read More